တိုင်းနှင့်ပြည်နယ်များအလိုက် စိမ်းလန်းစိုပြေရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဒီဇင်ဘာ ၃ ရက် မွန်းလွဲပိုင်းကကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် မှာကြားခဲ့ခြင်းဖြစ်သည်။
တိုင်းနှင့် ပြည်နယ်များအလိုက် Green Zone Area များဖော်ဆောင်ရမည်ဖြစ်ကာ တာဝန်ရှိသူ များက ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ပြီး ကြပ်မတ်မှုအားနည်းပါက နောင်အနာဂတ်တွင် သစ်တောသစ်ပင်ပြုန်းတီးမှုနှင့် ရာသီဥတုဖောက် ပြန်မှုတို့ကို ကြုံတွေ့ရနိုင်မည်ဟု ပြောသည်။
ထို့ပြင် ပြီးခဲ့သည့် မိုးရာသီကစိုက်ပျိုးခဲ့သည့်အပင်များ ဆက်လက်ရှင်သန်ဖြစ်ထွန်းစေရန်ဆောင်ရွက်ရမည်ဖြစ်ကာ အစိုးရမှ အချိန်၊ ငွေကြေးနှင့်လုပ် အားအရင်းအနှီးများစွာကုန်ကျခံ၍ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးကိုဆောင်ရွက်ခဲ့ခြင်းဖြစ် ၍ အောင်မြင်မှုရှိအောင် ဆက်လက်ထိန်းသိမ်းရမည်ဟု မှာကြားသည်။
လမ်းဘေးဝဲယာများတွင် သစ်ပင်သစ်တောများ ရှင်သန်မှုရှိအောင် စိုက်ပျိုးခြင်း၊ ထိန်းသိမ်းခြင်းများနှင့်ပတ်သက်၍လည်း နစက ဥက္ကဋ္ဌက ” ဒေသအလိုက်၊ နယ်အလိုက် အနီးကပ်ရှိတဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူတွေက ကြည့်ရှုကြပ်မတ်ဆောင်ရွက်ရပါမယ်” ဟု ပြောသည်။
အလားတူ လမ်းနယ်များ၊ မီးရထားလမ်းနယ်များတွင်လည်း လမ်းမကြီးများ ဥပဒေ၊ မီးရထားလမ်း ဥပဒေတို့နှင့်အညီ စနစ်တကျဖြစ်ရန်လိုပြီး ခေတ်အဆက် ဆက်ထိန်းသိမ်းကြပ်မတ်မှုအားနည်းခဲ့သည့်အတွက် သတ်မှတ်ချက်များနှင့်အညီဖြစ်စေရန် တာဝန်ရှိသူများကကြပ်မတ်ဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌကမှာ ကြားခဲ့သည်။