Monday, November 25, 2024

မနီလာ၌မီးလောင်၍ မိသားစုပေါင်း ၂,၀၀၀ ခန့်...

မနီလာ၊နိုဝင်ဘာ ၂၅ ဖိလစ်ပိုင်နိုင်ငံ၏မြို့တော် မနီလာမြို့၌ နိုဝင်ဘာ ၂၄ ရက်နေ့က အကြီးအကျယ်မီးလောင်ကျွမ်းမှုကြောင့် မိသားစုပေါင်း ၂,၀၀၀ ထက်မနည်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟုသိရသည်။ မီးငြှိမ်းသတ်မှု၌ပါဝင်ခဲ့သည့် မီးသတ်သမားတစ်ဦး၏ပြောကြားချက်အရ အဆိုပါမီးလောင်ကျွမ်းမှုဖြစ်စဉ်အတွင်း...

စင်္ကာပူဝန်ကြီးချုပ်ဟောင်း လီရှန်လွန်းတရုတ်သို့သွားမည်

စင်္ကာပူ၊နိုဝင်ဘာ ၂၄ စင်္ကာပူဝန်ကြီးချုပ်ဟောင်း မစ္စတာလီရှန်လွန်းသည် နိုဝင်ဘာလ ၂၄ မှ ၂၉ ရက်နေ့အထိ တရုတ်နိုင်ငံသို့သွားရောက်မည်ဖြစ်ကြောင်းသိရသည်။အဆိုပါခရီးစဉ်အတွင်း ဆူကျုံစက်မှုဇုန် နှစ် ၃၀ ပြည့်အခမ်းအနားသို့တက်ရောက်ကာ...

တပ်မတော်၊ ရဲတပ်ဖွဲ့နှင့်လူပုဂ္ဂိုလ်များကို ဂုဏ်ထူးဆောင်ဘွဲ့များနှင့် ဂုဏ်ထူးဆောင်တံဆိပ်များပေးအပ်ချီးမြှင့်

နစက ဥက္ကဋ္ဌမှ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သည့် တပ်မတော်၊ ရဲတပ်ဖွဲ့နှင့်လူပုဂ္ဂိုလ်များကို ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ်များပေးအပ်ချီးမြှင့်ခဲ့ကြောင်း အမိန့်ကြော်ငြာစာအမှတ် ၁၉၂/၂၀၂၄ ဖြင့် ယနေ့ နိုဝင်ဘာ...

ငြိမ်းချမ်းရေးသည် အခြေခံအုတ်မြစ်တစ်ခုဖြစ်ဟု နစက ဥက္ကဋ္ဌပြော

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံအတွင်းရှိ ပြည်သူများ၏ လူမှုဘဝမြင့်မားရေး၊ ပြည် ထောင်စုတစ်ဝန်းအေးချမ်းသာယာရေးနှင့် တ ရားဥပ‌ဒေစိုးမိုးရေးတို့အတွက် ငြိမ်းချမ်းရေးသည် အခြေခံအုတ်မြစ်တစ်ခုဖြစ်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်...
HomeNewsLocal Newsတိုင်းပြည်အတွက် နစက ၏ဆောင်ရွက်မှုများကို...

တိုင်းပြည်အတွက် နစက ၏ဆောင်ရွက်မှုများကို တိုင်းရင်းသားပြည်သူလူထုအားလုံးက တက်ညီလက်ညီပူးပေါင်းပါဝင်ရန် အဓိကလိုအပ်ဟု နစက ဥက္ကဋ္ဌပြော

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့်အေးချမ်းသာယာရေးအတွက် နစက ၏ဆောင်ရွက်မှုများကို တိုင်းရင်းသားပြည်သူလူထုအားလုံးက တက်ညီလက်ညီပူးပေါင်းပါဝင်ရန် အဓိကလိုအပ်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။

၎င်းမှ ယနေ့ နိုဝင်ဘာ ၂၅ ရက်တွင်ကျရောက်သည့် ၂၀၂၄ ခုနှစ်၊ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားသို့ သဝဏ်လွှာပေးပို့စဉ် ထည့်သွင်းပြောကြားထားခြင်းဖြစ်သည်။

နစက အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကို အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ် ချမှတ်အကောင်အထည်ဖော်လျက်ရှိကာ တိုင်းပြည်သာယာဝပြောရေးတွင် ပြည်သူပြည်သားများအားလုံး တရားဥပဒေစိုးမိုးမှုအောက်တွင် အေးချမ်းသာယာစွာဖြင့် နေထိုင်နိုင်ခြင်း၊ ပညာသင်ကြားနိုင်ခြင်း၊ အလုပ်အကိုင်များ လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းတို့ဖြစ်သည်ဟု ပြောသည်။

တိုင်းရင်းသားဒေသများ၌ အကြမ်းဖက်သမားများနှင့် လက်နက်ကိုင်များ၏ လုပ်ဆောင်မှုများကြောင့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိခိုက်စေလျက်ရှိသည်ဟုလည်း ပြောသည်။

ထို့ပြင် ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားမှုအခွင့်အလမ်းများနှင့် ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများဆုံးရှုံး၍ လူမှုစီးပွားဘဝများထိခိုက်နစ်နာစေလျက်ရှိသည်ဟု ပြောသည်။

ထို့ကြောင့် နစက မှ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်လျက်ရှိရာ တိုင်းရင်းသားပြည်သူလူထုအားလုံးက တက်ညီလက်ညီပူးပေါင်းပါဝင်ကြရန် အဓိကလိုအပ်သည်ပြောသည်။

နိုင်ငံ့စီးပွားတိုးတက်မြင့်မားလာပါက ပြည်သူတို့၏ လူမှုစီးပွားဘဝများလည်းတိုးတက်လာမည်ဖြစ်ကာ နိုင်ငံတော်၏စီးပွားရေးမူဝါဒမျှော်မှန်းချက်များနှင့်အညီ တိုင်းနှင့် ပြည်နယ်များကြား ညီမျှစွာတိုးတက်လာမည်ဟု နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မနီလာ၌မီးလောင်၍ မိသားစုပေါင်း ၂,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရ

မနီလာ၊နိုဝင်ဘာ ၂၅ ဖိလစ်ပိုင်နိုင်ငံ၏မြို့တော် မနီလာမြို့၌ နိုဝင်ဘာ ၂၄ ရက်နေ့က အကြီးအကျယ်မီးလောင်ကျွမ်းမှုကြောင့် မိသားစုပေါင်း ၂,၀၀၀ ထက်မနည်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟုသိရသည်။ မီးငြှိမ်းသတ်မှု၌ပါဝင်ခဲ့သည့် မီးသတ်သမားတစ်ဦး၏ပြောကြားချက်အရ အဆိုပါမီးလောင်ကျွမ်းမှုဖြစ်စဉ်အတွင်း အိမ်ခြေ ၁,၀၀၀ ထက်မနည်းလောင်ကျွမ်းသွားသည်ဟုသိရပြီး မီးသတ်ဌာနအပြင် ဖိလစ်ပိုင်လေတပ်က ဟယ်လီကော့ပ်တာများဖြင့် ဝေဟင် မှ ရေပက်ဖျန်းကာမီးငြှိမ်းသတ်ပေးခဲ့ရသည်ဟုလည်းသိရသည်။ ယင်းနောက် ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ကလည်း မီးသတ်ရေယာဉ်လေးစင်းစေလွှတ်ကာ ဝိုင်းဝန်းမီးငြှိမ်းသတ်စေခဲ့ကြောင်းသိရပြီး မြေပြင်မီးသတ်တပ်ဖွဲ့ကလည်း မီးသတ်ကားအစီးရေ ၃၀ ဖြင့် မီးငြှိမ်းခဲ့ကြောင်းလည်းသိရသည်။ ထိုသို့ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသော်လည်း ပင်လယ်အော်ဘက်ကတိုက်ခတ်လာသည့်လေများကြောင့် မီးကိုထိန်းချုပ်ရန်ခက်ခဲခဲ့ပြီး မီးကူးစက်မှုကိုပိုမြန်သွားစေသည်။ ကျဉ်းမြောင်းသည့်လမ်းများကြောင့်လည်း မီးသတ်ကားဝင်ရန်ခက်ခဲသည့်အပြင် ထွက်ပြေးကြသော လူအုပ်ကြီးကြောင့်လည်း အခြေအနေကိုထိန်းချုပ်ရန်ကြာမြင့်သွားသည်ဟုလည်းဆိုသည်။ မီးငြှိမ်းရန်ကြိုးပမ်းမှုအတွင်း မီးသတ်သမားအချို့ထိခိုက်ဒဏ်ရာရမှုများရှိသော်လည်း...

စင်္ကာပူဝန်ကြီးချုပ်ဟောင်း လီရှန်လွန်းတရုတ်သို့သွားမည်

စင်္ကာပူ၊နိုဝင်ဘာ ၂၄ စင်္ကာပူဝန်ကြီးချုပ်ဟောင်း မစ္စတာလီရှန်လွန်းသည် နိုဝင်ဘာလ ၂၄ မှ ၂၉ ရက်နေ့အထိ တရုတ်နိုင်ငံသို့သွားရောက်မည်ဖြစ်ကြောင်းသိရသည်။အဆိုပါခရီးစဉ်အတွင်း ဆူကျုံစက်မှုဇုန် နှစ် ၃၀ ပြည့်အခမ်းအနားသို့တက်ရောက်ကာ တရုတ်သမ္မတရှီနှင့်သာမက တရုတ်အစိုးရအရာရှိများနှင့်ပါတွေ့ဆုံမည်ဖြစ်သည်ဟုသိရသည်။ မစ္စတာလီရှန်လွန်း၏ တရုတ်သို့သွားရောက်မည့် တရားဝင်ခရီးစဉ်အတွင်း ၎င်းသည် ဆူကျုံ၊ပေကျင်းနှင့်ရှန်ဟိုင်းမြို့များသို့ပါသွားရောက်မည်ဖြစ်ကြောင်းသိရပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုများသည် ယခင်ကထက်ပိုမိုတိုးတက်လာကာ မကြာသေးမီကလည်း နှစ်ဖက်သဘောတူညီချက် ၂၅ ခုကို လက်မှတ်ရေးထိုးခဲ့ကြသေးသည်။ ယခုခရီးစဉ်သည် စင်္ကာပူဝန်ကြီးချုပ်ရာထူးမှ မေလတွင်အနားယူပြီးနောက်ပိုင်း မစ္စတာလီ၏ ပထမဆုံးတရုတ်ခရီးစဉ်လည်းဖြစ်သည်။တရုတ်နှင့်စင်္ကာပူအစိုးရအကြား ပထမဆုံးပူးပေါင်းဆောင်ရွက်ခဲ့သည့် ဆူကျုံစက်မှုဇုန်ထူထောင်မှုနှစ် ၃၀ ပြည့်အခမ်းအနားကိုလည်း တက်ရောက်ကာ မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်းသိရသည်။ ရှန်ဟိုင်း၌လည်း တာဝန်ရှိသူများနှင့်သာမက တရုတ်နိုင်ငံရောက် စင်္ကာပူနိုင်ငံသားများနှင့်ပါတွေ့ဆုံမည်ဖြစ်ကြောင်းသိရသည်။မစ္စတာလီနှင့်အတူ...

တပ်မတော်၊ ရဲတပ်ဖွဲ့နှင့်လူပုဂ္ဂိုလ်များကို ဂုဏ်ထူးဆောင်ဘွဲ့များနှင့် ဂုဏ်ထူးဆောင်တံဆိပ်များပေးအပ်ချီးမြှင့်

နစက ဥက္ကဋ္ဌမှ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သည့် တပ်မတော်၊ ရဲတပ်ဖွဲ့နှင့်လူပုဂ္ဂိုလ်များကို ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ်များပေးအပ်ချီးမြှင့်ခဲ့ကြောင်း အမိန့်ကြော်ငြာစာအမှတ် ၁၉၂/၂၀၂၄ ဖြင့် ယနေ့ နိုဝင်ဘာ ၂၅ ရက်က ထုတ်ပြန်ခဲ့သည်။ တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် သူရဘွဲ့အား ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီး ဝဏ္ဏလှိုင်၊ ဗိုလ်မှူးကြီး သက်ထွန်းအောင်၊ ဗိုလ်မှူး မျိုးကိုကိုထွန်းနှင့် ဗိုလ်မှူး အောင်ဆန်းဦးတို့အား ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့ပြင် တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်အား ကာကွယ်ရေးဝန်ကြီးဌာနမှ (၂၆)ဦးကို ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် ရဲသူရတံဆိပ်အား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ (၅)ဦးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071