Monday, February 17, 2025

မင်္ဂလာတောင်ညွန့်တွင် ယာဉ် (၄)စီး ဆင့်တို-က်ပြီး...

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြန်မာ့ဂုဏ်ရောင်ရပ်ကွက်၊ သံသုမာလမ်းပေါ် ယာဉ် (၄)စီးဆင့်တို-က်မိမှု ဖြစ်ပွားပြီး အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၁)ဦးတို့ ထိခိုက်ဒဏ်ရာများရခဲ့ကြောင်း...

နီပေါ လေးနိုင်ငံဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ပွဲဦးထွက်တွင်...

နီပေါ လေးနိုင်ငံဖိတ်ခေါ် ဘောလုံးပြိုင်ပွဲတွင် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းက ဘက်ဘနွန်အမျိုးသမီးအသင်းကို ပွဲဦးထွက်တွင် (၃)ဂိုး (၁) ဂိုးဖြင့် အနိုင်ရကာ အဖွင့်လှခဲ့ကြောင်း သိရသည်။ ယနေ့ ဖေဖော်ဝါရီ...

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နိုင်ငံကူးလက်မှတ် (၅,၀၀၀)ခန့်...

ပြည်ပသို့သွားရောက်မည့် မြန်မာနိုင်ငံသားများအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံကူးလက်မှတ် (၅,၀၀၀) ခန့် နေ့စဉ်ထုတ်ပေးလျက်ရှိကြောင်း နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး အဖွဲ့(နေပြည်တော်)မှသိရသည်။ လက်ရှိတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၄)ခုရှိ အိမ်ထောင်စုစာရင်းနှင့်...

ရွှေဆံပင်ဆရာတော်နှင့်အဖွဲ့ ပူတာအို သာသနာပြုခရီးသွားရောက်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်တွင် သီတင်းသုံးလျက်ရှိသည့် ရွှေဆံပင်ဆရာတော်နှင့်အဖွဲ့သည် ဖေဖော်ဝါရီလ (၁၅) ရက်မှစတင်၍ ပူတာအိုသို့ သာသနာပြုခရီးသွားရောက်လျက်ရှိကြောင်း သိရသည်။ ရွှေဆံပင်ဆရာတော်နှင့်အဖွဲ့သည် ပူတာအိုသို့ ဖေဖော်ဝါရီလ (၁၅)ရက်...
HomeNewsLocal Newsတိုင်းရင်းသားကျေးရွာ၏ လုပ်ငန်း ၁၁...

တိုင်းရင်းသားကျေးရွာ၏ လုပ်ငန်း ၁၁ ခုအား ပုဂ္ဂလိလုပ်ငန်းရှင်များအား တင်ဒါစနစ်ဖြင့်လုပ်ကိုင်ခွင့်ပြုမည်

တိုင်းရင်းသားကျေးရွာ၏ လုပ်ငန်း ၁၁ ခုအား ပုဂ္ဂလိလုပ်ငန်းရှင်များအား တင်ဒါစနစ်ဖြင့်လုပ်ကိုင်ခွင့်ပြုမည်

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ တိုင်းရင်းသားကျေးရွာတွင် လုပ်ဆောင်ရန်ရှိနေသော လုပ်ငန်း ၁၁ ခုကို ပုဂ္ဂလိလုပ်ငန်းရှင်များအား တင်ဒါစနစ်ဖြင့်လုပ်ကိုင်ခွင့်ပြုမည်ဖြစ်၍ လာမည့် မတ်လ တစ်ရက်တွင် တင်ဒါ ဖောက်ဖွင့်စစ်ဆေးရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။

“နဂိုက ဈေးပြိုင် လေလံနဲ့ခေါ် ဖို့ လုပ်ထားခဲ့ပေမယ့် အခုက ကိုဗစ်ကြောင့် သတ်မှတ်စည်းကမ်းတွေနဲ့ အညီ တင်ဒါ အနေနဲ့ပဲ လုပ်ဖို့ စီစဉ်ထားတယ်။အခုတော့ မေးမြန်းတဲ့ လုပ်ငန်းရှင်တွေ ရှိနေပါပြီ”ဟုပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၏ ဒုတိယ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းက ​ပြောသည်။

ယင်းလုပ်ငန်းများမှာ စက်ဘီးငှားရမ်းမှု လုပ်ငန်း ၂ ခု၊ ဓာတ်ပုံရိုက်ကူးခြင်း လုပ်ငန်း ၁ ခု၊ သန့်စင်ခန်း လုပ်ငန်း ၈ တို့ဖြစ်ကြောင်း၊၂၀၂၂-၂၃ ခုနှစ်ဘဏ္ဍာနှစ် ဘတ်ဂျက်အတွင်းလုပ်ကိုင်ခွင့် ပေးမည် ဖြစ်ကြောင်း၊တင်ဒါခေါ်ယူခြင်းကို ဖေဖော်ဝါရီလ ၁ ရက်မှ စတင်ကာခေါ်ယူခဲ့ကာ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတွင် လျှောက်လွှာများ ဝယ်ယူတင်သွင်း နိုင်ကြောင်း သိရသည်။

ကိုဗစ်ကပ်ရောဂါကြောင့် တိုင်းရင်းသားကျေးရွာကို ၂၀၂၀ ပြည့်နှစ် မတ်လက ပိတ်ထားခဲ့ရာမှ ၂၀၂၁ ခုနှစ် မေလ ၃ ရက်တွင် အများပြည်သူ လာရောက်လည်ပတ်ခွင့် ပြန်လည် ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ ကို ၁၉၉၅ ခုနှစ်ကစတင်တည်ဆောက်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်က စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

Zaw Gyi







Ads Space Available


Continue reading

မင်္ဂလာတောင်ညွန့်တွင် ယာဉ် (၄)စီး ဆင့်တို-က်ပြီး (၄) ဦး ဒဏ်ရာရ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြန်မာ့ဂုဏ်ရောင်ရပ်ကွက်၊ သံသုမာလမ်းပေါ် ယာဉ် (၄)စီးဆင့်တို-က်မိမှု ဖြစ်ပွားပြီး အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၁)ဦးတို့ ထိခိုက်ဒဏ်ရာများရခဲ့ကြောင်း ဖြစ်စဉ်ကို သွား ရောက် ကူညီခဲ့သည့် လူမှုကူညီရေးအသင်းတို့ထံမှ သိရသည်။ ယနေ့ ဖေဖောဝါရီ (၁၇)ရက်၊ နံနက် (၁၀)နာရီခွဲအချိန်ခန့်က ၎င်းနေရာတွင် ယာဉ်တို-က်မှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူများရှိကြောင်း သတင်းအရ YRO အဖွဲ့ဝင် ပုသိမ်ညွန့်လူမှုကူညီရေးအသင်း၊ မြန်မာမွတ်စလင်မ်ပရဟိတအသ င်းနှင့် မေတ္တာရောင်ခြည်လူငယ်များ ပရဟိတအသင်းတို့မှ သွားရောက်ကူညီခဲ့ကြကြောင်း သိရသည်။ အဆိုပါ ယာဉ်တို-က်မှု ဖြစ်စဉ်ကြောင့် အမျိုးသား...

နီပေါ လေးနိုင်ငံဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ပွဲဦးထွက်တွင် မြန်မာအသင်း လက်ဘနွန်ကို အနိုင်ရ

နီပေါ လေးနိုင်ငံဖိတ်ခေါ် ဘောလုံးပြိုင်ပွဲတွင် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းက ဘက်ဘနွန်အမျိုးသမီးအသင်းကို ပွဲဦးထွက်တွင် (၃)ဂိုး (၁) ဂိုးဖြင့် အနိုင်ရကာ အဖွင့်လှခဲ့ကြောင်း သိရသည်။ ယနေ့ ဖေဖော်ဝါရီ (၁၇) ရက် ညနေပိုင်းအချိန်က နီပေါနိုင်ငံ Dasharath ကွင်းတွင် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းနှင့် ဘက်ဘနွန်အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားကြခြင်းလည်းဖြစ်သည်။ ပထမပိုင်းပွဲချိန်တွင် ပြိုင်ဘက်အသင်းနှစ်သင်းအနေဖြင့် ဂိုးရရှိခြင်းမရှိဘဲ ဒုတိယပိုင်းပွဲချိန်အတွင်းမှပင် မြန်မာအမျိုးသမီးအသင်းက နောက်ကျဂိုးများဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာလက်ရွေးစင် အမျိုးသမီးအသင်းသည် ဖေဖော်ဝါ ရီ (၂၀) ရက်တွင် ကာဂျစ္စတန်၊ ဖေဖော်ဝါရီ (၂၃) ရက်တွင် အိမ်ရှင် နီပေါအသင်းတို့နှင့်...

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နိုင်ငံကူးလက်မှတ် (၅,၀၀၀)ခန့် နေ့စဉ်ထုတ်ပေးနေ

ပြည်ပသို့သွားရောက်မည့် မြန်မာနိုင်ငံသားများအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံကူးလက်မှတ် (၅,၀၀၀) ခန့် နေ့စဉ်ထုတ်ပေးလျက်ရှိကြောင်း နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး အဖွဲ့(နေပြည်တော်)မှသိရသည်။ လက်ရှိတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၄)ခုရှိ အိမ်ထောင်စုစာရင်းနှင့် နေထိုင်သူများအားလုံး အွန်လိုင်းဘိုကင် (QR ကုတ်)စနစ်ဖြင့် ဘိုကင်တင်ကာ အိမ်ထောင်စုစာရင်းရှိသည့် သတ်မှတ်ရုံးများတွင် နိုင်ငံကူးလက်မှတ် လျှောက်ထားနိုင်ကြောင်း သိရသည်။ ထို့ပြင် ထိုင်းနိုင်ငံတွင်ရှိသည့် ရွှေ့ပြောင်းလုပ်သားများအတွက် နယ်စပ်ရုံး (၃)ရုံးဖြစ်သည့် မြဝတီ၊ တာချီလိတ် နှင့် ကော့သောင်းမြို့နယ်ရှိ ရုံးများတွင် အွန်လိုင်းဘိုကင်စနစ်မရှိဘဲ MoU U-turn စနစ်ဖြင့် လူကိုယ်တိုင်လာရောက် လျှောက်ထားနိုင်သလို နေ့ချင်းပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071