ဘန်ကောက်၊ဒီဇင်ဘာ ၁၉
တိုယိုတာမော်တာကော်ပိုရေးရှင်း ဥက္ကဋ္ဌ အခိအိုတိုယိုဒသည် ဟိုက်ဘရစ်ကားများ ထုတ်လုပ်မှုကို တိုးချဲ့ရန်အတွက် ထိုင်းနိုင်ငံတွင် ဘတ် ၅၅ ဘီလျံ ရင်းနှီးမြှုပ်နှံရန် ကတိပြုထားကြောင်း ထိုင်းအစိုးရထံမှသိရသည်။
ယခုရင်းနှီးမြှုပ်နှံမှုသည် အလုပ်အကိုင်ဖန်တီးရေး၊ နည်းပညာလွှဲပြောင်းမှုနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်လည်း အကျိုးရှိစေမည်ဖြစ်ကြောင်း မစ္စတာတိုယိုဒါနှင့် ဝန်ကြီးချုပ်ပေတုန်တန်တို့တွေ့ဆုံပြီးချိန်၌ပြောကြားခဲ့သည်။
သို့သော်ရင်းနှီးမြှပ်နှံမှုဆိုင်ရာ အသေးစိတ်အချက်အလက်များကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။
ဆက်လက်၍ ထိုင်းနိုင်ငံရှိ ဂျပန်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် စက်မှုလုပ်ငန်းများ၊ဒေသတွင်းထုတ်လုပ်သူများနှင့် ထိုင်းစီးပွားရေးလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုများပံ့ပိုးပေးရန်နှင့် ယုံကြည်မှုမြှင့်တင်ရန် အစိုးရ၏ ကတိကဝတ်ကိုလည်း ပေတုန်တန်ကအလေးပေးပြောကြားခဲ့သည်။
မစ္စတာတိုယိုဒါက စက်မှုလုပ်ငန်းကို ကာလရှည်ကြာစွာ ပံ့ပိုးကူညီမှုအတွက် ဝန်ကြီးချုပ်နှင့် အစိုးရကို ကျေးဇူးတင်ရှိကြောင်းလည်းပြောကြားခဲ့သည်။
တိုယိုတာလုပ်ငန်းသည် ထိုင်းနိုင်ငံတွင် နှစ်ပေါင်း ၆၀ ကျော်လည်ပတ်ခဲ့ပြီး နိုင်ငံတွင်းအဓိကထုတ်လုပ်မှု၏ အချက်အချာအဖြစ်လည်းဆောင်ရွက်လျက်ရှိသည်။
Source : ဘန်ကောက်ပို့စ်