တူကီယေးအနေဖြင့် ယူကရိန်းဘက်မှသာဆက်လက်ရပ်တည်မည်ဟုဆို
ကြာသပတေးနေ့တွင် တူကီယေးသမ္မတ Recep Tayyip Erdogan သည် ယူကရိန်းဘက်မှသာရပ်တည်မည်ဟုဆိုလျက် ရုရှားတပ်ဖွဲ့များ ကျူးကျော်သိမ်းပိုက်ထားသော နျူကလီးယား ဓာတ်အားပေးစက်ရုံတွင် ရှာနိုဘိုင်းလ်နျူရုံပေါက်ကွဲမှုကဲ့သ်ု့ေသာဖြစ်ရပ်မျိုးကိ ဒုတိယအကြိမ် ထပ်ဖြစ်လာမည့်အန္တရာယ်ကိုလည်းသတိပေးခဲ့သည်။
တူကီယေးသမ္မတသည် ရုရှားနိုင်ငံရှိ
ဆိုချီမြို့၌ ရုရှားသမ္မတဗလာဒီမာပူတင်နှင့် နှစ်နိုင်ငံစီးပွားရေး ပိုမိုပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေးသည့် ခရီးစဉ်ပြီးနှစ်ပတ်အကြာ၌ ယူကရိန်းသမ္မတ ဗလာဒီမာဇလန်းစကီးနှင့် လဗီးမြို့တွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
သို့သော် သမ္မတအာဒိုဂန်က ပဋိပက္ခများကြား၌ နေတိုးအဖွဲ့ဝင်ဖြစ်လာသည့် တူကီယေးသည် ယူကရိန်းဘက်တွင်သာ အခိုင်အမာရှိနေကာ တိုက်ပွဲများအဆုံးသတ်ရန် သံတမန်ရေးရာကြိုးပမ်းမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သတင်းထောက်များအား ပြောကြားခဲ့သည်။
“အဖြေရှာဖို့ ဆက်လက်ကြိုးပမ်းနေချိန်မှာ ကျွန်တော်တို့အနေနဲ့ ယူကရိန်းမိတ်ဆွေေတွဘက်မှာသာ ရှိနေမှာဖြစ်ပါတယ်” ဟု အာဒိုဂန်က ပြောကြားခဲ့သည်။
တူကီယေးသမ္မတနှင့် ကုလအတွင်းရေးမှူးချုပ်တို့သည် ရုရှား-ယူကရိန်းအရေးစဖြစ်ကတည်းက ယူကရိန်းသို့ပထမဆုံးအကြိမ်သွားရောက်ခဲ့ခြင်းဖြစ်ပြီး ဇာပိုရီရှီအာနျူကလီးယား ဓာတ်အားပေးစက်ရုံ တစ်ဝိုက်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ သတိပေးချက်များနှင့်အတူ ရောက်လာခဲ့ခြင်းဖြစ်သည်။
ရုရှားနိုင်ငံက ထိန်းချုပ်ထားသည့် အဆိုပါ ဇာပိုရီရှိအာ နျူစက်ရုံသည် ပစ်ခတ်မှုများနှင့် နေ့ရက်များစွာကြုံတွေ့နေရသည်။ “ကျွန်တော်တို့တော်တော် စိတ်ပူရပါတယ်၊ဒုတိယရှာနိုဘိုင်း အဖြစ်မျိုးကိုထပ်မဖြစ်ချင်တော့ပါဘူး” ဟု သမ္မတ အာဒိုဂန်ကဆိုခဲ့သည်။
“စစ်သုံ့ပန်းတွေ လဲလှယ်ရေးနဲ့ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး အစပျိုးဆွေးနွေးမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်” ဟု အာဒိုဂန်က ပြောကြားခဲ့ပြီး “သမ္မတပူတင်နဲ့ဒီကိစ္စကို ဆက်ပြီး ဆွေးနွေးသွားမှာပါ” ဟုလည်းပြောကြားခဲ့သည်။
Source – Wio News