တောင်ကိုရီးယားနိုင်ငံ Muan နိုင်ငံတကာလေဆိပ်တွင် ဒီဇင်ဘာ ၂၉ ရက်က လေယာဉ်တစ်စင်း ပြေးလမ်းကိုကျော်ကာ နံရံနှင့် ဝင်တို-က်ခဲ့မှုကြောင့် လူ ၄၇ ဦးထက်မနည်း ေ-သဆုံးခဲ့သည်ဟု ယွန်ဟပ်သတင်းဌာနက ဖော်ပြသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှ ပျံသန်းလာသော ခရီးသည် ၁၇၅ ဦးနှင့် လေယာဉ်အမှုထမ်း ၆ ဦးပါဝင်သော Jeju လေကြောင်းလိုင်းလေယာဉ်သည် နိုင်ငံတောင်ပိုင်းရှိ လေဆိပ်သို့ အဆင်းတွင် မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အခင်းဖြစ်စဉ်တွင် စိုးရိမ်ရသည့် ဒဏ်ရာရရှိထားမှုများရှိနေသောကြောင့် ေ-သဆုံးသူဦးရေ တိုးလာနိုင်သည်ဟု ဒေသဆိုင်ရာ မီးသတ်အရာရှိတစ်ဦးဖြစ်သည့် လီဟွန်းဂျီက ပြောဆိုသည်။ လူသုံးဦးကို ကယ်ဆယ်ထားနိုင်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လုပ်နေဆဲဖြစ်သည်ဟု နိုင်ငံတော်မီးသတ်ဌာနက ထုတ်ပြန်ချက်တွင် ပြောဆိုခဲ့သည်။
အခင်းဖြစ်စဉ်ကို မီးသတ်ယာဉ် ၃၂ စီးနှင့် မီးသတ်သမားများစွာဖြင့် ကယ်ဆယ်ငြိမ်းသတ်မှုများလုပ်ဆောင်နေသည်ဟု မီးသတ်ဌာနက ပြောဆိုခဲ့သည်။
Ref: သည်စထရိတ်တိုင်းမ်