ပေကျင်း၊ဒီဇင်ဘာ ၁၆
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ကိုရီးယားသမ္မတနိုင်ငံ (ROK) ၏ပြည်တွင်းရေးကိစ္စနှင့်ပတ်သက်၍ တရုတ်နိုင်ငံက မှတ်ချက်ပေးမည်မဟုတ်ကြောင်းပြောကြားခဲ့သည်။
တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယော်အား စွပ်စွဲပြစ်တင်မှုနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုသည့် နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ ပြောရေးဆိုခွင့်ရှိသူ လင်ချန်က ယခုကဲ့သို့ မှတ်ချက်ပြု ပြောကြားခဲ့သည်။
တောင်ကိုရီးယားနိုင်ငံသည် အရေးကြီးသော အိမ်နီးချင်းနိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံဖြစ်ကာ တရုတ်-ကိုရီးယားဆက်ဆံရေး ကောင်းမွန်ပြီး တည်ငြိမ်သည့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ခြင်းကသာ နှစ်ဖက်လုံး၏ ဘုံအကျိုးစီးပွားကို ဖော်ဆောင်ပေးခြင်းဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။
တောင်ကိုရီးယားအပေါ် တရုတ်၏မူဝါဒသည် တသမတ်တည်းရှိပြီး တည်ငြိမ်နေဆဲဖြစ်သည်ဟု ၎င်းကဆိုကာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုနှင့် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်နိုင်ရန်ကိုရီးယားက တရုတ်နှင့်လက်တွဲဆောင်ရွက်မည်ဟု မျှော်လင့်ကြောင်းပြောကြားခဲ့သည်။
ကိုရီးယားကျွန်းဆွယ်၌ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကိုထိန်းသိမ်းခြင်းသည် သက်ဆိုင်ရာပါတီအားလုံး၏ ဘုံအကျိုးစီးပွားဖြစ်ပြီး ဘက်ပေါင်းစုံမှ ပူးပေါင်းကြိုးပမ်းမှုများ လိုအပ်သည်ဟုလည်းဆက်လက်ပြောကြားခဲ့သည်။
Source : ရှင်းဟွာ