Wednesday, January 8, 2025

” မနက်ဖြန်ပွဲက ကျွန်တော်တို့အတွက်အရေးကြီးပါတယ်”ဟု ရှမ်းယူနိုက်တက်အသင်း...

ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ် မစ္စတာဟီရိုကီအိုနိုမှ " မနက်ဖြန်ပွဲက ကျွန်တော်တို့အတွက်အရေးကြီးပါတယ်"ဟု ပြောကြားခဲ့သည်။ ယနေ့ ဇန်နဝါရီ ၇ ရက်ညနေ ၅ နာရီခွဲက သုဝဏ္ဏဘောလုံးကွင်း၌ပြုလုပ်သည့်...

ငွေကျပ်(၂၀၀၀၀)တန်ထွက်မည်ဟု ကောလာဟလထုတ်လွှင့်သူများကို စီစစ်ဖော်ထုတ်အရေးယူသွားမည်

ငွေကျပ်(၂၀၀၀၀)တန်ထွက်မည်ဟု လူမှုကွန်ယက်စာမျက်နှာများပေါ်မှတစ်ဆင့် ကောလာဟလရေးသားထုတ်လွှင့်သူများကို စီစစ်ဖော်ထုတ်အရေးယူသွားမည်ဟု ဗဟိုဘဏ်ကအသိပေးခဲ့သည်။ လူမှုကွန်ယက်စာမျက်နှာဖြစ်သည့်“အခေါက်ရွှေ ရောင်းသူ ဝယ်သူတိုက်ရိုက်” facebook Group တွင် Anonymous participant အမည်ဖြင့်...

ရွေးကောက်ပွဲကျင်းပချိန်တွင် နိုင်ငံတကာမှလေ့လာရေးအဖွဲ့များကိုဖိတ်ခေါ် သွားမည်ဟု နစက...

ရွေးကောက်ပွဲကျင်းပချိန်တွင် နိုင်ငံတကာမှလေ့လာရေးအဖွဲ့များကိုဖိတ်ခေါ် သွားမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၎င်းမှ ယနေ့ ဇန်နဝါရီ ၇ ရက်နံနက် ၁၀...

ဒေါ်လာနှင့် ထိုင်းဘတ်များကို ဗဟိုဘဏ်ထပ်မံထုတ်ရောင်း

ယခု ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဗဟိုဘဏ်မှ တတိယအကြိမ် ဒေါ်လာနှင့် ထိုင်းဘတ်များကို ထပ်မံထုတ်ရောင်းပေးခဲ့ကြောင်း ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။ ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက်...
HomeNewsLocal Newsတောင်ငူမြို့တွင် နေရပ်မပြန်နိုင်ဘဲ ခိုလှုံနေရသည့်...

တောင်ငူမြို့တွင် နေရပ်မပြန်နိုင်ဘဲ ခိုလှုံနေရသည့် စစ်ရှောင် (၁၀၀၀)ကျော် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ရပ်တည်နေဟုဆို

တောင်ငူမြို့တွင် နေရပ်မပြန်နိုင်ဘဲ ခိုလှုံနေရသည့် စစ်ရှောင် (၁၀၀၀)ကျော်မှာ လက်ရှိအချိန်၌ စားဝတ်နေရေးအတွက် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ရပ်တည်နေကြရကြောင်း ‌ဒေသခံစစ်ရှောင်အရေးဆောင်ရွက်ပေးခဲ့သူ သတင်းရင်းမြစ်တစ်ဦးက ‌ပြောသည်။

အဆိုပါ စစ်ရှောင်များမှာ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ကျေးရွာများအတွင်းနေထိုင်သူများဖြစ်ပြီး ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း တိုက်ပွဲများကြောင့် တောင်ငူမြို့ပေါ်သို့ စစ်ရှောင်လာကြသူများဖြစ်ကြောင်း ဆိုသည်။

“သူတို့ တောင်ငူမြို့ပေါ်က ဘုန်းကြီးကျောင်းတွေမှာပဲ ခိုလှုံနေကြတာပေါ့။ အချို့ကလည်း ကိုယ်ရပ်ကိုယ့်ရွာပြန်ကုန်ကြပြီ။ လုံးဝပြန်လို့ မရတော့တဲ့ ကျေးရွာက သူတွေကတော့ ဘုန်းကြီးကျောင်းတွေမှာနေတဲ့သူရှိတယ်။ ကိုယ့်အစီအစဉ်နဲ့ကိုယ်နေတဲ့သူရှိတယ်။ အားလုံးက နီးစပ်ရာအလုပ်တွေဝင်လုပ်ပြီး ရပ်တည်နေကြပါတယ်။ အခုတိုက်ပွဲကတော့ မကြာခဏဖြစ်နေတာလောက်ဘဲရှိပါတယ် “ဟု ၎င်းက ရှင်းပြသည်။

လက်ရှိတွင် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ကျေးရွာအချို့တွင် တပ်မတော်နှင့် PDF အဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ဒေသတွင်းစစ်ရှောင်များ ရွာလုံးကျွတ် နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေကြောင်း သိရသည်။

“ရေတာရှည်ဘက်ကျတော့ တောင်ငူနဲ့ အလှမ်းဝေးတော့ ဒီဘက်ကို မရှောင်ကြဘူး။ အနီးပတ်ဝန်းကျင်ရွာတွေဘက်က ဘုန်းကြီးကျောင်းတွေ ၊ ဆွေမျိုးနီးစပ်တွေဆီကို ပြောင်းကြတယ်လို့သိရတယ်”ဟု ၎င်းက ဖြည့်စွက်ပြောသည်။

လက်ရှိတွင် ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းမှာရှိသည့် ပိန္နဲပင်ရွာနှင့် ရေလွှဲရွာ၌ ယခုနှစ် ဇန်နဝါရီ(၁)ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော နှစ်ဖက်ထိတွေ့ တိုက်ပွဲများသည့် ယမန်နေ့ဇန်နဝါရီ (၅)ရက်အထိ ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

” မနက်ဖြန်ပွဲက ကျွန်တော်တို့အတွက်အရေးကြီးပါတယ်”ဟု ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ်ပြော

ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ် မစ္စတာဟီရိုကီအိုနိုမှ " မနက်ဖြန်ပွဲက ကျွန်တော်တို့အတွက်အရေးကြီးပါတယ်"ဟု ပြောကြားခဲ့သည်။ ယနေ့ ဇန်နဝါရီ ၇ ရက်ညနေ ၅ နာရီခွဲက သုဝဏ္ဏဘောလုံးကွင်း၌ပြုလုပ်သည့် Asean Club Championship/AFF Shopee Cup 2024-2025 အုပ်စု(A)ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားမည့် ရှမ်းယူနိုက်တက်နှင့် တီရန်ဂါနူးအသင်းတို့၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ "ရှေ့နှစ်ပွဲမှာ ရလဒ်မကောင်းခဲ့လို့ မနက်ဖြန်ပွဲက ကျွန်တော်တို့အတွက် အရေးကြီးပါတယ်။ တီရန်ဂါနူးအသင်းက ထိပ်တန်းကစားသမားတွေ ပိုင်ဆိုင်ထားတဲ့အသင်း။ ပြည်ပကစားသမားကောင်းတွေပိုင်ဆိုင်ထားတဲ့အသင်းပါ။ ဒါပေမယ့် အသင်းရဲ့အားနည်းချက်တွေအားလုံးကို ပြင်ဆင်ထားပါတယ်" ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ် မစ္စတာဟီရိုကီအိုနို ကပြောသည်။ ထို့အတူ...

ငွေကျပ်(၂၀၀၀၀)တန်ထွက်မည်ဟု ကောလာဟလထုတ်လွှင့်သူများကို စီစစ်ဖော်ထုတ်အရေးယူသွားမည်

ငွေကျပ်(၂၀၀၀၀)တန်ထွက်မည်ဟု လူမှုကွန်ယက်စာမျက်နှာများပေါ်မှတစ်ဆင့် ကောလာဟလရေးသားထုတ်လွှင့်သူများကို စီစစ်ဖော်ထုတ်အရေးယူသွားမည်ဟု ဗဟိုဘဏ်ကအသိပေးခဲ့သည်။ လူမှုကွန်ယက်စာမျက်နှာဖြစ်သည့်“အခေါက်ရွှေ ရောင်းသူ ဝယ်သူတိုက်ရိုက်” facebook Group တွင် Anonymous participant အမည်ဖြင့် ငွေကျပ်(၂၀၀၀၀)တန်ထုတ်ဝေနေပြီဖြစ်ကြောင်း" “ဒီ ၂၀၀၀၀/- ကျပ်တန်တွေက ဘယ်ကထွက်နေတာလဲ Photoshop လည်းမဟုတ်ကြည့်ရတာအတော်များများထွက်လာတာတွေ့ရတယ်” Hsung Aom အမည်ဖြင့် “ဒီနေ့ဘဏ်မှာ ငွေသွားထုတ်တာ ၂ သောင်းတန်တွေပေးလိုက်တယ်ရှင့် ၂ သောင်းတန်က တရားဝင်ထွက်နေပီးလားမသိဘူးရှင့်?”ဟူ၍ ရေးသားဖော်ပြမှုများနှင့်ပတ်သက်၍ ဗဟိုဘဏ်ကပြန်လည်ရှင်းလင်းအသိပေးခဲ့ခြင်းဖြစ်သည်။ ငွေကျပ် ၂၀,၀၀၀/- တန်နှင့်ပတ်သက်၍ ကောလာဟလသတင်းများထုတ်လွှင့်ကာ ကုန်ပစ္စည်းများဈေးကစားရန်၊ ဒေါ်လာအပါအဝင် နိုင်ငံခြား ငွေများအားဈေးကစားရန်၊...

ရွေးကောက်ပွဲကျင်းပချိန်တွင် နိုင်ငံတကာမှလေ့လာရေးအဖွဲ့များကိုဖိတ်ခေါ် သွားမည်ဟု နစက ဥက္ကဋ္ဌပြော

ရွေးကောက်ပွဲကျင်းပချိန်တွင် နိုင်ငံတကာမှလေ့လာရေးအဖွဲ့များကိုဖိတ်ခေါ် သွားမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၎င်းမှ ယနေ့ ဇန်နဝါရီ ၇ ရက်နံနက် ၁၀ နာရီက မြန်မာနိုင်ငံဆိုင်ရာ အီရန်နိုင်ငံသံအမတ်ကြီးအ ဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအ မတ်ကြီး H.E. Dr. Nassereddin HEIDARI ၏ သံအမတ်ခန့်အပ်လွှာအား လက်ခံရယူစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ နစက ဥက္ကဋ္ဌမှ မြန်မာနိုင်ငံ၏နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများ၊ လွှတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရန် အတတ်နိုင်ဆုံးကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု၊ လွတ်လပ် ၍တရားမျှတသောရွေးကောက်ပွဲဖြစ်စေရန် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးလိုအပ်မှုနှင့် ရွေးကောက်ပွဲကျင်းပချိန်တွင် နိုင်ငံတကာမှလေ့လာရေးအဖွဲ့များဖိတ်ခေါ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071