Sunday, November 17, 2024

သဲဖြူမဟာမြိုင်ဆရာတော်ကြီး၏အလှူတော် မေတ္တာပေါင်းကူးတံတားကို ဆရာတော်ကြီးကိုယ်တိုင်ဖွင့်လှစ်ပေးတော်မူ

သဲဖြူမဟာမြိုင်တောရ ဆရာတော် ဒေါက်တာဘဒ္ဒန္တပညာဇောတသည် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ဗိဿနိုးမြို့ဟောင်း၊ ထနောင်းစင်ကျေးရွာအနီးရှိ စတုံချောင်းအားဖြတ်၍ မေတ္တာပေါင်းကူးတံတားကြီးအားတည်ဆောက်လှူဒါန်းပေးခဲ့သည်။ ထိုသို့ တည်ဆောက်ပြီးနောက် ယမန်နေ့ နိုဝင်ဘာ ၁၆...

စက်သုံးဆီ လုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၃၅...

ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် စက်သုံးဆီ တင်သွင်းသောလုပ်ငန်းရှင်များသို့ အမေရိကန်ဒေါ်လာ (၃၅) သန်း ရောင်းချပေးမည် ဖြစ်ကြောင်း...

ဘရာဇီးဖိုက်တာနှင့် ပွဲပျက်ခဲ့ရသည့် ထွန်းမင်းအောင် မော်ရိုကို...

ONEက ပြုလုပ်မည့် ONE Friday Fights ပွဲစဉ်အတွင်း ရိုးရာ ဖိုက်တာ ထွန်းမင်းအောင်နှင့် ဘရာဇီးဖိုက်တာတို့၏ ပွဲပျက်ခဲ့ရပြီးနောက် မော်ရိုကိုဖိုက်တာနှင့် ယှဉ်ပြိုင်ထိုးသ-တ်ရန်...
HomeInternationalတောင်တရုတ်ပင်လယ် အငြင်းပွားမှုများတွင် အမေရိကန်...

တောင်တရုတ်ပင်လယ် အငြင်းပွားမှုများတွင် အမေရိကန် ဝင်မပါသင့်ဟု ရှီပြော

တောင်တရုတ်ပင်လယ်ရှိ ပိုင်နက်အငြင်းပွားမှုတွင် အမေရိကန်က ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် သို့မဟုတ် ရန်စလှုံ့ဆော်တိုက်တွန်းခြင်း မပြုသင့်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖိန်က (၃၁)ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးအစည်းအဝေးကျင်းပနေစဉ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် သီးသန့်တွေ့ဆုံရာဝယ် သတိပေး‌ပြောကြားခဲ့သည်။

“သက်ဆိုင်ရာပြည်နယ်များကြား ဆွေးနွေးညှိနှိုင်းခြင်းသည် တောင်တရုတ်ပင်လယ်ရှိ ကွဲလွဲမှုများကို စီမံခန့်ခွဲရန် အကောင်းဆုံးနည်းလမ်းဖြစ်ပြီး၊ နန်ရှားကျွန်းများနှင့်ပတ်သက်၍ နှစ်နိုင်ငံအငြင်းပွားမှုများတွင် အမေရိကန်ပြည်ထောင်စုအနေဖြင့် မပါဝင်သင့်သလို ရန်စမှုများပြုလုပ်ရန် လှုံ့ဆော်မှုကိုလည်း အထောက်အကူမ‌ပြုသင့်ပေ။”ဟု တရုတ်ခေါင်းဆောင်က ပြောကြားသည်။

ထိုင်ဝမ်ရှိ ခွဲထွက်ရေးလှုပ်ရှားမှုများသည် ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုအတွက် သဟဇာတမဖြစ်ကြောင်းကို ရှီက အလေးပေးပြောကြားခဲ့သည်။

“ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ အမေရိကန်က ကြိုးစားတယ်ဆိုရင် ထိုင်ဝမ်အရေးကို သတိနဲ့ ချဉ်းကပ်သင့်တယ်။ ထိုင်ဝမ်ရဲ့ လွတ်လပ်ရေးကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးကို ထောက်ခံပါတယ်” ဟု တရုတ်ခေါင်းဆောင်၏ ပြောကြားချက်ကို ကိုးကား၍ Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။ .

ကိုရီးယားကျွန်းဆွယ်တွင် မငြိမ်မသက်ဖြစ်မှုကို ပေကျင်းက ခွင့်ပြုမည်မဟုတ်ကြောင်း တရုတ်ခေါင်းဆောင်က ပြောကြားခဲ့သည်။

“တရုတ်သည် ကိုရီးယားကျွန်းဆွယ်တွင် ပဋိပက္ခနှင့် မငြိမ်မသက်မှုများ ဖြစ်ပွားခြင်းကို ခွင့်ပြုလိမ့်မည်မဟုတ်ဘဲ ၎င်း၏ ဗျူဟာမြောက် လုံခြုံရေးနှင့် အဓိက အမျိုးသားအကျိုးစီးပွားများကို ခြိမ်းခြောက်လာသည့်အခါတွင်လည်း ငြိမ်နေမည်မဟုတ်” ဟု ရှီက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သဲဖြူမဟာမြိုင်ဆရာတော်ကြီး၏အလှူတော် မေတ္တာပေါင်းကူးတံတားကို ဆရာတော်ကြီးကိုယ်တိုင်ဖွင့်လှစ်ပေးတော်မူ

သဲဖြူမဟာမြိုင်တောရ ဆရာတော် ဒေါက်တာဘဒ္ဒန္တပညာဇောတသည် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ဗိဿနိုးမြို့ဟောင်း၊ ထနောင်းစင်ကျေးရွာအနီးရှိ စတုံချောင်းအားဖြတ်၍ မေတ္တာပေါင်းကူးတံတားကြီးအားတည်ဆောက်လှူဒါန်းပေးခဲ့သည်။ ထိုသို့ တည်ဆောက်ပြီးနောက် ယမန်နေ့ နိုဝင်ဘာ ၁၆ ရက်နံနက်ပိုင်းက ဆရာတော်ကြီးကိုယ်တိုင် မကွေးတိုင်းအစိုးရအဖွဲ့ဝင်များနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကာ တံတားကမ္ပည်းမော်ကွန်းကျောက်စာကိုလည်း စက်ခလုတ်နှိပ်၍ဖွင့်လှစ်ပေးခဲ့သည်။ သဲဖြူမဟာမြိုင်ဆရာတော်ကြီး လှူဒါန်းတည် ဆောက်ပေးတော်မူခဲ့သည့် မေတ္တာပေါင်းကူးတံတားသည် အရှည် ၁၈၀ ပေရှိပြီး တံတားဖွင့်လှစ်နိုင်ခဲ့သဖြင့် ဗိဿနိုးမြို့ဟောင်းအနီးတစ်ဝိုက်ရှိ ထနောင်းစင်၊ သဲကန်၊ အောင်ချမ်းသာ၊ သဖန်းကုန်း၊ လင်းလယ်ကျေးရွာများတွင်နေထိုင်သူ များအနေဖြင့် တောင်တွင်းကြီးမြို့နယ်ဘက်သို့ အဆင်ပြေစွာသွားလာနိုင်မည်ဖြစ်သည်။ အဆိုပါ မေတ္တာပေါင်းကူးတံတားဖွင့်ပွဲ၌ "ရာ သက်ပန်"ကုမ္ပဏီမှ လာရောက်သူများအား...

မြန်မာ့ယွန်းထည်အပါအဝင် အခြားလက်မှုပစ္စည်းများကိုခင်းကျင်းပြသခဲ့သည့် အာဆီယံနှင့်မိတ်ဆွေနိုင်ငံများဈေးရောင်းပွဲတော်

ဝါရှင်တန်မြို့ရှိ Fashion Centre at Pentagon City ၌ နိုဝင်ဘာ ၁၆ ရက်မွန်းတည့် ၁၂ နာရီမှ ညနေ ၅ နာရီအထိပြုလုပ်သည့် အာဆီယံနှင့် မိတ်ဆွေနိုင်ငံများဈေးရောင်းပွဲတော်၌ မြန်မာသံရုံး၊ ဝါရှင်တန်မြို့က မြန်မာ့ယွန်းထည်အပါအဝင် အခြားလက်မှုပစ္စည်းများကိုခင်းကျင်းပြသခဲ့သည်။ ဈေးရောင်းပွဲတော်သို့ မြန်မာသံရုံး၊ ဝါရှင်တန်မြို့၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးသက်ဝင်းနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး မြန်မာ့ယွန်းထည်၊ ရွှေချည်ထိုး၊ အခြားမြန်မာ့ရိုးရာလက်မှုပစ္စည်းများနှင့် ရှုခင်းဓာတ်ပုံများကိုပြသခဲ့သည်။ ထို့ပြင် ဈေးရောင်ပွဲတော်၌ပါဝင်သည့် ဝါရှင်တန်မြို့အခြေစိုက် အခြားသံရုံးများမှလည်း လူသုံးကုန်ပစ္စည်းများ၊ လက်မှုအနုပညာပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို ခင်းကျင်းပြသခဲ့ကြသည်။ အဆိုပါ ဈေးရောင်းပွဲတော်အား အာဆီယံအမျိုးသမီးအသင်း (ASEAN...

စက်သုံးဆီ လုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၃၅ သန်း ရောင်းချပေးမည်

ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် စက်သုံးဆီ တင်သွင်းသောလုပ်ငန်းရှင်များသို့ အမေရိကန်ဒေါ်လာ (၃၅) သန်း ရောင်းချပေးမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။ ဗဟိုဘဏ်အနေဖြင့် သွင်းကုန်လုပ်ငန်းရှင်များအဆင်ပြေစေရန်အတွက် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ဒေါ်လာအပြင် တရုတ်ယွမ်နှင့် ထိုင်းဘတ်တို့ကို ထုတ်ရောင်းပေးလျက်ရှိရာ ဩဂုတ်လ (၁) ရက်မှ နိုဝင်ဘာ (၁၁) ရက်အထိ (၃)လခွဲအတွင်း ဒေါ်လာ (၂၅၆)သန်းကျော်၊ ထိုင်းဘတ် (၁)ဘီလျံကျော်နှင့် တရုတ်ယွမ် (၅၄) သန်းကျော်အထိ ထုတ်ရောင်းပေးထားပြီးဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ဒေါ်လာဈေးနှုန်း ပြန်မြင့်တက်လာခဲ့၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071