၂၀၂၄ ခုနှစ် အတွက် ရုပ်ရှင်ထူးချွန်ဆုများ ချီးမြှင့်တော့မည်ဖြစ်ရာ “အိမ်မက်ကာရန်” ဇာတ်ကားဖြင့် တေးဂီတဆုကို ဓိရာမိုရ် ရရှိမည်ဟု ပရိသတ်များက ထင်ကြေးပေးခန့်မှန်းထားကြသည်။
“အိမ်မက်ကာရန်”ဇာတ်ကားသည် ဂီတနှင့်ရုပ်ရှင် ပေါင်းစပ်ထားပြီး အချစ်၊ အလွမ်းအဆွေးနဲ့ သံစဥ်တွေကြား အကအလှများဖြင့် ဖော်ကျူးရိုက်ကူးထားသည့် ဇာတ်လမ်းဖြစ်သည်။
ဒါရိုက်တာ အကယ်ဒမီ ဝင်းလွင်ထက် ကပုံဖော်ရိုက်ကူးထားပြီး Music Director အနေဖြင့် အကယ်ဒမီ ဓီရာမိုရ်က တင်ဆက်ထားခြင်းဖြစ်သည်။
အိမ်မက်ကာရန်ဇာတ်ကားတွင် အကယ်ဒမီ နေတိုး ၊ လွှမ်းပိုင် ၊ နီနီခင်ဇော် ၊ Special Guest – မေခလာ ၊ တင်ဇာမော် ၊ ချောစုခင် ၊ အောင်ထက်၊ စိုင်းစည်တွမ်ခမ်း ၊ ဝိုင်းလေး ၊ ယွန်းရွှေရည် ၊ ဆုမြတ်နိုးဦး ၊ စင်သီယာ ၊ ရွှေပိုးကောင် ၊ ဆွိ ၊ အောင်ကိုမိုး စသည့်အနုပညာရှင်များစွာ ပါဝင်သရုပ်ဆော င်ထားသည်။
ယနေ့ ဖေဖေါ်ဝါရီ (၉) ရက် ည(၆) နာရီတွင် နေပြည်တော် ၊ MICC (1) ရှိ ကျောက်စိမ်းခန်းမတွင် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီချီးမြှင့်ပွဲအခမ်းအနား ကျင်းပသွားမည်ဖြစ်ပြီး အနုပညာရှင်အချို့လည်း နေပြည်တော်သို့ ရောက်ရှိနေပြီဖြစ်သည်။