Home News Local News ထရပ်ကားအောက်မှာ ခိုလိုက်လာသည့် မြန်မာနိုင်ငံသား ရှစ်ဦး ဖမ်းဆီးခံရ

ထရပ်ကားအောက်မှာ ခိုလိုက်လာသည့် မြန်မာနိုင်ငံသား ရှစ်ဦး ဖမ်းဆီးခံရ

0
49

၁၈ ဘီး ထရပ်ကားအောက်၌ ခိုလိုက်လာသည့် မြန်မာနိုင်ငံသားရှစ်ဦးကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ဖမ်းဆီးရမိကြောင်း တာ့ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ပြောသည်။

ဘန်ကောက်လိုင်စင်နံပါတ်တပ်ထားသည့် ၁၈ ဘီးကားကို ထိုင်းစစ်တပ်၊ မဲဆောက်ရဲစခန်းနှင့် အုပ်ချုပ်ရေးအဖွဲ့များက ယမန်နေ့ နိုဝင်ဘာ ၁၆ ရက်က စစ်ဆေးချိန် ယင်းကဲ့သို့ ဖမ်းမိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ယင်းရှစ်ဦးသည် မြန်မာနိုင်ငံသား အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၂ ဦး စုစုပေါင်း ၈ ဦးဖြစ်ကြပြီး ယာဉ်အောက်ပိုင်း၌ ကလန့်ထိုးထားသည့် သစ်သားပြားများကို တွေ့ခဲ့ရာမှ စစ်ဆေးရာတွင် ယင်းအပေါ်၌ ခိုလိုက်လာသူများကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်းလည်း တာ့ခရိုင် လဝကက ပြောသည်။

လက်ရှိတွင် ထရပ်ကားမောင်းသည့် ထိုင်းယာဉ်မောင်းကို အာဏာပိုင်များက ထိန်းသိမ်းထားပြီး နိုင်ငံခြားသားများကို တရားမဝင်ပြည်ဝင်ခွင့်ရအောင် ပူးပေါင်းကြံစည်မှုဖြင့် တရားစွဲထားကာ မြန်မာရွှေ့ပြောင်းအမျိုးသား ၈ ဦးကိုလည်း တရားရေးကိစ္စများ ဆောင်ရွက်နိုင်ရန် မဲဆောက်ရဲစခန်းကို လွှဲထားကြောင်းလည်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here