Home International ထရမ့်ပ်ကျမ်းသစ္စာကျိန်ပွဲကက်ပီ‌တော်အဆောက်အအုံတွင်း ကျင်းပမည်

ထရမ့်ပ်ကျမ်းသစ္စာကျိန်ပွဲကက်ပီ‌တော်အဆောက်အအုံတွင်း ကျင်းပမည်

0
72

ပြင်းထန်သော အအေးဒဏ်ကြောင့် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို တနင်္လာနေ့(ဇန်နဝါရီ ၂၀) တွင် ယူအက်စ် ကက်ပီတော်အဆောက်အအုံအတွင်းပိုင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ယင်းသို့ အဆောက်အအုံအတွင်း၌ ကျမ်ကျိန်ခြင်းသည် အမေရိကန်သမ္မတ ကျမ်းကျိန်ပွဲအခမ်းအနားကို နှစ် ၄၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ရုံတွင်းအခမ်းအနားတစ်ခုအဖြစ် ပြုလုပ်ရခြင်းဖြစ်သည်။

“ နိုင်ငံကို အာတိတ်လေအေးစီးကြောင်း ဝင်ရောက်နေတာကြောင့် လူတွေ ထိခိုက်တာမျိုး ဒဏ်ရာအနာတရဖြစ်တာမျိုး လုံးဝမဖြစ်စေလိုပါဘူး” ဟု ထရမ့်ပ်က သောကြာနေ့တွင် ၎င်း၏ Truth ဆိုရှယ်ပလက်ဖောင်းပေါ်၌ ပြောဆိုခဲ့သည်။

သို့ဖြစ်၍ ကျမ်းကျိန်မိန့်ခွန်းနှင့် အခြား ဆုတောင်းမှုများ၊ မိန့်ခွန်းပြောဆိုမှုအခမ်းအနားများအတွက် အမေရိကန်ပြည်ထောင်စု ကက်ပီတော် ရိုတန်ဒါ ခန်းမတွင် ပြုလုပ်ရန် အမိန့်ပေးခဲ့သည်ဟု ထရမ့်ပ်က ဆက်လက် ပြောကြားခဲ့သည်။

ပြင်းထန်သော အအေးဒဏ်ကြောင့် ရုံတွင်း ကျမ်းကျိန်ပွဲအခမ်းအနားကို ၁၉၈၅ ခုနှစ်က ရီပတ်ဘလီကန်သမ္မတဟောင်း ရော်နယ်ရေဂင်၏ ဒုတိယမြောက် သမ္မတသက်တမ်း ကျမ်းကျိန်မှုအတွက် နောက်ဆုံးအကြိမ်ပြုလုပ်ထားသည်။ ယင်းအချိန်က မွန်းလွဲပိုင်း အအေးဒဏ်သည် အနုတ် ၁၀ မှ အနုတ် ၂၀ ဒီဂရီဖာရင်ဟိုက်အထိ ကျဆင်းခဲ့သည်။

ဝါရှင်တန်တွင် ထရမ့်ပ် ကျမ်းကျိန်မည့် တနင်္လာနေ့အတွက် အပူချိန်သည်မအနှုတ် ၁၉ ဒီဂရီဖာရင်ဟိုက်ဖြစ်သော်လည်း လေအေးကြောင့် အအေးပိုမည်ဟု ခန့်မှန်းထားသည်။

ထောက်ခံသူများအနေဖြင့် ဝါရှင်တန်မြို့လယ်ရှိ လူ ၂၀,၀၀၀ ဆန့် ပရော်ဖက်ရှင်နယ် ဘတ်စ်ကက်နှင့်ဟော်ကီကွင်းဖြစ်သည့် ကက်ပီတော် ဝမ်း အရီနည ခန်းမအတွင်း ဖန်သားပြင်မှတဆင့် အခမ်းအနားကို လာရောက်ကြည့်ရှုနိုင်ပါကြောင်း ထရမ့်ပ်က ပြောဆိုခဲ့သည်။

Ref: အေရှားဝမ်း

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here