Looking for something?

Explore the website

Looking for something?

Tuesday, March 18, 2025

တက္ကသိုလ်ဝင်စာမေးပွဲ ပထမရက်ဖြစ်သည့် မြန်မာစာဘာသာရပ်အားဝင်ရောက်ဖြေဆိုသူ ၉၄...

ယနေ့ မတ် ၁၇ ရက်တွင်စတင်ကျင်းပသည့် ၂ဝ၂၄ -၂ဝ၂၅ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ဖြစ်သော မြန်မာစာဘာသာရပ်အား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊...

ဘိုင်ဒင်ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် ဘိုင်ဒင်ကိုယ်တိုင်ရေးထိုးထားသော လက်မှတ်မဟုတ်သဖြင့် ပျက်ပြယ်ကြောင်း...

သမ္မတဟောင်း ဘိုင်ဒင်က သူ၏ သမ္မတသက်တမ်းနောက်ဆုံးမိနစ်များတွင် ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် သူကိုယ်တိုင် လက်မှတ်ရေးထိုးထားခြင်းမဟုတ်သဖြင့်"ပျက်ပြယ်" သည်ဟု ယုံကြည်ကြောင်း သမ္မတထရမ့်က လူမှုကွန်ရက်ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော်...

ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂...

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ယူ-၂၂ နိုင်ငံတကာ ခြေစမ်းပွဲစဉ်တစ်ခုကို ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်းနှင့် တရုတ် (ဟောင်ကောင်) ယူ-၂၂...

စာစစ်ဌာန တစ်ခုတည်း ဖွင့်လှစ်ထားသည့် ဟိုပုန်းမြို့တွင်...

စာစစ်ဌာန တစ်ခုတည်း ဖွင့်လှစ်ထားသည့် ရှမ်းပြည်တောင်ပိုင်း ၊ ဟိုပုန်းမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/သူ(၃၅၆) ဦးရှိကြောင်း...
HomeInternationalထရမ့်ပ်က ဗီအိုအေ၊ အာအက်ဖ်အေနှင့်...

ထရမ့်ပ်က ဗီအိုအေ၊ အာအက်ဖ်အေနှင့် အာအက်ဖ်အီးတို့ကို ယာယီရပ်ဆိုင်း

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်အစိုးရသည် ရုရှား နှင့် တရုတ်တို့၏ သတင်းအချက်အလက် ထိုးစစ်ကို တန်ပြန်ရာတွင် အရေးပါသည်ဟု ကာလကြာရှည်စွာ မှတ်ယူထားသော ဗီအိုအေ(အမေရိကန်အသံ) နှင့် အခြား အမေရိကရန်ပုံငွေ ထောက်ပံ့မှုဖြင့် ထုတ်လွှင့်သည့် သတင်းဌာနများကို စနေနေ့တွင် ယာယီရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

ဗီအိုအေ၊ အာအက်ဖ်အေ၊ အာအက်ဖ်အီးနှင့် အခြားသော သတင်းဌာနများမှ ရာနှင့်ချီသော သတင်းထောက်များသည် ၎င်းတို့ သတင်းစာတိုက်၊ အသံလွှင့်ရုံများကို လာစရာမလိုတော့ကြောင်းနှင့် ဝန်ထမ်းကတ်များ၊ ရုံးပိုင်တယ်လီဖုန်းများနှင့် အခြား ပစ္စည်းကိရိယာများကို ပြန်အပ်ရမည်ဖြစ်ကြောင်း ရေးသားထားသည့် အီးမေးလ်ကို စနေနေ့တွင် လက်ခံရရှိခဲ့ကြသည်။

အမေရိကန်အကူအညီပေးရေး အေဂျင်စီနှင့် ပညာရေးဌာနတို့ကို ရှင်းထုတ်ပစ်ခဲ့ပြီးဖြစ်သော ထရမ့်ပ်သည် ကမ္ဘာလုံးဆိုင်ရာမီဒီယာ အမေရိကန်အေဂျင်စီကို သမ္မတက မလိုအပ်သောအဖွဲ့အစည်းများအဖြစ် ဆုံးဖြတ်သော ဖက်ဒရယ်ဗျူယိုကရေစီ၏ အဖွဲ့အစည်းများစာရင်းသွင်းသည့် သမ္မတအမိန့်ကို သောကြာနေ့တွင် ထုတ်ပြန်ခဲ့သည်။

မီဒီယာအေဂျင်စီကို တာဝန်ယူရသည့် ထရမ့်ပ်ထောက်ခံသူ အရီဇိုးနား သတင်းကြေညာသူဟောင်း Kari Lake က ပြည်ထောင်စုထောက်ပံ့ငွေသည် အေဂျင်စီဦးစားပေးမှုများကို သက်ရောက်တော့မည်မဟုတ် ဟူသော အီးမေးလ်တစ်စောင်ကို သူကြီးကြပ်ရသည့် မီဒီယာဌာနများကို ပေးပို့ခဲ့သည်။

အိမ်ဖြူတော် သတင်းပြန်ကြားရေးအရာရှိ Herrison Fields က ဗီအိုအေ၏ ဘာသာစကားစုံဖော်ပြမှုသို့ ဘာသာစကားပေါင်း ၂၀ ဖြင့် “နှုတ်ဆက်ပါတယ်” ဟူ၍သာ ရိုးရှင်းသော စကားလုံးဖြင့် X ပေါ် ပို့စ်တင် ပြောဆိုခဲ့သည်။

စစ်အေးတိုက်ပွဲ ကာလအတွင်း ဆိုဗီယက်အုပ်စုသို့ ပစ်မှတ်ထားကာ စတင်ထုတ်လွှင့်ခဲ့သည့် Radio Free Europe/Radio Liberty ၏ အကြီးအကဲက ရန်ပုံငွေ ဖျက်သိမ်းခြင်းသည် အမေရိက၏ ရန်သူများအတွက် ကြီးမားသော ဆုလာဘ်ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တက္ကသိုလ်ဝင်စာမေးပွဲ ပထမရက်ဖြစ်သည့် မြန်မာစာဘာသာရပ်အားဝင်ရောက်ဖြေဆိုသူ ၉၄ ရာခိုင်နှုန်းကျော်ရှိ

ယနေ့ မတ် ၁၇ ရက်တွင်စတင်ကျင်းပသည့် ၂ဝ၂၄ -၂ဝ၂၅ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ဖြစ်သော မြန်မာစာဘာသာရပ်အား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ၉၄ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။ ထိုသို့ ဝင်ရောက်ဖြေဆိုရာ၌ နေပြည်တော်အတွင်း မြို့နယ်(၈)မြို့နယ်ရှိ စာစစ်ဌာန(၄၇)ခု၌ မြန်မာစာဘာသာရပ်အား ကျောင်းသား(၅၄၈၄)ဦး၊ ကျောင်း သူ(၇၀၆၈)ဦး(စုစုပေါင်း ၁၂၅၅၂ ဦး)ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ ထို့ပြင် တိုင်းနှင့် ပြည်နယ်အလိုက် ခရိုင်/မြို့နယ်/နိုင်ငံခြားစာစစ်ဌာနပေါင်း(၇၇၀)တွင် မြန်မာစာဘာသာရပ်အား ဝင်ရောက်ဖြေဆိုသည့် ကျောင်း သား၊ ကျောင်းသူ(၁၉၆၃၃၇)ဦးရှိ၍ နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်အသီးသီး၌...

ဘိုင်ဒင်ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် ဘိုင်ဒင်ကိုယ်တိုင်ရေးထိုးထားသော လက်မှတ်မဟုတ်သဖြင့် ပျက်ပြယ်ကြောင်း ထရမ့်ဆို

သမ္မတဟောင်း ဘိုင်ဒင်က သူ၏ သမ္မတသက်တမ်းနောက်ဆုံးမိနစ်များတွင် ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် သူကိုယ်တိုင် လက်မှတ်ရေးထိုးထားခြင်းမဟုတ်သဖြင့်"ပျက်ပြယ်" သည်ဟု ယုံကြည်ကြောင်း သမ္မတထရမ့်က လူမှုကွန်ရက်ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကို Autopen ဖြင့် လက်မှတ်ရေးထိုးထားသောကြောင့် ဖြစ်သည်။ Autopen (သို့မဟုတ် လက်မှတ်ရေးထိုးစက်) ဆိုသည်မှာ လက်မှတ်ကို အလိုအလျောက်ရေးထိုးရန် အသုံးပြုသည့် ကိရိယာတစ်ခုဖြစ်သည်။ ထင်ရှားကျော်ကြားသော နာမည်ကြီးပုဂ္ဂိုလ်များ၊ ဆယ်လီများသည် တစ်နေ့တာလုံး လက်မှတ်တောင်းခံရမှုများစွာကို ရင်ဆိုင်ရနိုင်သည်။ ထို့ကြောင့်၊ ထင်ရှားကျော်ကြားသော နာမည်ကြီးပုဂ္ဂိုလ်များ၊ လူသိများသော ဆယ်လီပုဂ္ဂိုလ်များစွာတို့သည် သူတို့၏ လက်မှတ်ကို လူကိုယ်တိုင်တိုက်ရိုက်‌ရေးထိုးစရာမလိုဘဲ...

ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်း၏ ပထမဆုံးခြေစမ်းပွဲ တရုတ် (ဟောင်ကောင်)အသင်းဖြင့် ယှဉ်ပြိုင်ကစားမည်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ယူ-၂၂ နိုင်ငံတကာ ခြေစမ်းပွဲစဉ်တစ်ခုကို ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်းနှင့် တရုတ် (ဟောင်ကောင်) ယူ-၂၂ အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။ အဆိုပါ ခြေစမ်းပွဲစဉ်ကို ယခု မတ်လ (၁၉)ရက်၌ ရန်ကုန်မြို့သုဝဏ္ဏအားကစားကွင်းအတွင်း ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်း ၏ ပထမဆုံးခြေစမ်းပွဲစဉ်တစ်ခုလည်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်းအား ၂၀၂၅ ဆီးဂိမ်း နှင့် အာဆီယံ ချန်ပီယံရှစ်၊ အာရှခြေစစ်ပွဲများအတွက် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု MFF...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071