ဝါရှင်တန်၊ဧပြီ ၁၆
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်သည် နောက်ဆုံးပြုလုပ်ခဲ့သည့် မီဒီယာကန့်သတ်မှုတစ်ခုအနေဖြင့် ရိုက်တာနှင့်ဘလွန်းဘက်ဂ်သတင်းဌာနများကို အမေရိကန်သမ္မတ၏သတင်းများကို အချိန်နှင့်တစ်ပြေးညီထုတ်ပြန်ရန်အတွက် အိမ်ဖြူတော်၌ သတင်းရယူေရးအဖွဲ့ ၌ သတင်းယူခွင့်ပြုတော့မည်မဟုတ်ကြောင်း သတင်းထုတ်ပြန်ကြေငြာခဲ့သည်။
Small pool ဟုခေါ်သော အိမ်ဖြူတော်သတင်းယူအဖွဲ့တွင် ယေဘုယျအားဖြင့် သတင်းဌာနအသီးသီး၏ အဖွဲ့ငယ်ပေါင်း ၁၀ ဖွဲ့ခန့်ပါဝင်လေ့ရှိပြီး ၎င်းတို့သည် သမ္မတသွားလေရာလိုက်ပါ၍သော်လည်းကောင်း၊ သမ္မတ၏ ဘဲဥပုံ ရုံးခန်း၌ အစည်းအဝေးပြုလုပ်လျှင်သော်လည်းကောင်း မေးခွန်းများမေးမြန်းကာ သတင်းရယူကြသည့်မီဒီယာအဖွဲ့လည်းဖြစ်သည်။
ယခုအသစ်ထုတ်ပြန်လိုက်သည့်အမိန့်အရ ဖော်ပြပါသတင်းဌာနနှစ်ခုသည် သမ္မတနား၌အနီးကပ်နေကာ အချိန်နှင့်တပြေးညီသတင်းယူခွင့်၊ကြေငြာခွင့်များကိုကန့်သတ်ခံလိုက်ရခြင်းဖြစ်ပြီး အခြားမီဒီယာများနည်းတူသာသတင်းယူခွင့်ရတော့မည့်သဘောပင်ဖြစ်သည်။
သို့သော်ကျန်မီဒီယာအများစုသည် အိမ်ဖြူတော်နှင့်သမ္မတအနားရှိမီဒီယာကြီးများကိုသာအားကိုးကာ သတင်းများအားထုတ်လွှင့်နေရခြင်းဖြစ်သဖြင့်လည်း ယခုအမိန့်သည် မီဒီယာလွတ်လပ်ခွင့်ကို ကန့်သတ်လိုက်သလိုဖြစ်နေသည်ဟုဆိုသည်။
သို့သော် ရိုက်တာသတင်းဌာနကမူ ၎င်းတို့သတင်းဌာနအနေဖြင့် အိမ်ဖြူတော်၌ဆက်ရှိခွင့်ရနေရန်ကြိုးစားမည်ဟုကတိပြုထားပြီး တိကျကာဘက်မလိုက်ပဲ လွတ်လပ်သည့်နည်းလမ်းအတိုင်းသတင်းများကို ဆက်လက်ထုတ်ပြန်သွားမည်ဟုပြောရေးဆိုခွင့်ရှိသူကဆိုခဲ့သည်။
ဘလွန်းဘက်ဂ်သတင်းဌာနကမူ ယခုကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပေးရန်ငြင်းဆိုထားသည်။ထရမ့်ပ်သည် ဖေဖော်ဝါရီလကလည်း အေပီ သတင်းဌာနကို ယခုလိုပင်ကန့်သတ်ထားဖူးသေးသည်ဟုသိရသည်။
Source : ဆော့ထ်ချိုင်းနားမောနင်းပို့စ်ထ်
