အမေရိကန်သမ္မတဟောင်း ထရမ့် ၏သမီးအငယ်ဆုံးသည် လက်ဘနွန်ဘီလျံနာ မိုက်ကယ်ဘူလူစ် နှင့်လက်ထပ်လိုက်ကြောင်း Page Six တွင်ဖော်ပြထားသည်။
အသက် ၂၉ နှစ်ရှိ တစ်ဖ်နီ နှင့် မိုက်ကယ် ၂၅နှစ်တို့၏ မင်္ဂလာပွဲကို ထရမ့် ၏ Palm Beach အိမ်တော်တွင် စနေနေ့ကကျင်းပခဲ့သည်။
၄င်းတို့စုံတွဲသည် ဂရိကျွန်း Mykonos ၌ ၂၀၁၈ ခုနှစ်တွင် တွေ့ဆုံခဲ့ကြသည်။ ၂၀၂၁ခုနှစ်တွင် အိမ်ဖြူတော်ရှိ နှင်းဆီဥယျာဥ် ၌ မိုက်ကယ်ကတစ်ဖနီအားဒေါ်လာ ၁.၂ သန်းတန် ၁၃ ကာရက်ရှိ စိန်လက်စွပ်ဖြင့်လက်ထပ်ခွင့်တောင်းခဲ့သည်။
ထရမ့်သည် ကြားဖြတ်ရွေးကောက်ပွဲရလာဒ်များအပြီးတွင် စိတ်ဆိုးနေသော်လည်း သမီးမင်္ဂလာဆောင်တွင်တော့ သတို့သမီးဖခင် အဖြစ် ပျော်ရွှင်စွာတွေ့ရသည်။
Ref:dearborn.org