အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားသမ္မတ ကင်ဂျုံအွန်းတို့ဟာ စင်ကာပူနိုင်ငံ ဆန်တိုတာကျွန်းက Capella Hotel မှာ ဇွန်လ ၁၂ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ ကြပါတယ်။ ဆွေးနွေးပွဲအပြီးမှာ သဘောတူစာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီတွေ့ဆုံပွဲဟာ အမေရိကန်နဲ့ မြောက်ကိုရီးယားနိုင်ငံအကြား ကာလရှည်ကြာ တင်းမာမှုတွေကို လျှော့ချပြီး ပိုမိုကောင်းမွန်တဲ့ အခြေအနေကို ဖန်တီးနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး နိုင်ငံတကာသုတေသီ ဦးကိုကိုလှိုင်နဲ့ ဗဟိုစာရင်းအင်းအဖွဲ့ရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်တို့ရဲ့ သုံးသပ်ချက်အမြင်တွေကို စုစည်းဖော်ပြလိုက်ပါတယ်။
ဦးကိုကိုလှိုင်
ဒီထိပ်သီးတွေ့ဆုံပွဲဟာ တစ်ချိန် က တစ်ဖက်ကိုတစ်ဖက် မီးလောင် တိုက်သွင်းပစ်မယ်လို့ ကြိမ်းဝါးခဲ့ကြ တဲ့ ရန်ဘက်ခေါင်းဆောင်နှစ်ယောက် လည်ပင်းဖက်ပြီး ရယ်မောနေနိုင်ခဲ့တဲ့ အဆင့်ကို ပြသနိုင်ခဲ့လို့ ထူးခြားပါ တယ်။ ဒီလိုလည်ပင်းဖက်နိုင်တာက လည်း နှစ်ယောက်စလုံးမှာ ဘုံအကျိုး စီးပွားရှိနေသလို၊ နိုင်ဖဲကိုယ်စီ ရှိနေ ကြလို့ပါ။ ဒီတွေ့ဆုံပွဲကြောင့် အ နောက်နိုင်ငံမီဒီယာတွေမှာ လူဆိုး ဗီလိန်၊ ဦးနှောက်မမှန်သူတွေအဖြစ် ပုံဖော်နှိပ်ကွပ်ခံခဲ့ရတဲ့ သူတို့နှစ် ယောက်စလုံး လူလိမ္မာသူရဲကောင်း ကြီးဘဝ ချက်ချင်းပြောင်းလဲသွားခဲ့ တာ ဘုံအကျိုးစီးပွားပါ။ နိုင်ဖဲဆိုတာ ကတော့ မြောက်ကိုရီးယားမှာ အဏု မြူလက်နက်ပိုင်ဆိုင်ထားပြီမို့ စမ်း သပ်တဲ့ ကွင်းကို ဖျက်ပြလို့လည်း ဘာမှဆုံးရှုံးစရာမရှိဘူး။ သုံးပုံဖဲ စကားနဲ့ပြောရင် ဖူလုံသွားပြီလေ။ အမေရိကန်ကလည်း မြောက်ကိုရီး ယားကို ဗန်းပြပြီး တရုတ်ကိုထိန်းချုပ် ဖို့ ဒုံးခွင်းဒုံးတပ်ဖွဲ့တွေ တောင်ကိုရီး ယားမှာ ချထားပြီးပြီလေ။ မြောက် ကိုရီးယား အန္တရာယ် လျော့သွားရင် အမေရိကန်ရေတပ်ကို ပစိဖိတ် အနောက်ပိုင်းမှာလျှော့ပြီး အိန္ဒိယ သမုဒ္ဒရာဘက် တိုးချဲ့လှုပ်ရှားဖို့ ပြင် ဆင်ထားပြီးပြီမို့ သူ့အတွက် အကွက် ကောင်းပါပဲ။
တကယ်တော့ ဒီရွှေ့ကွက်က အခုမှ အဖွင့်ကစားကွက်ပဲရှိသေး တယ်။ နောက်ပိုင်းမှာ ဒီထက်ပိုရှုပ် ထွေးတဲ့ ကစားကွက်တွေ လာပါလိမ့် ဦးမယ်။ တစ်ကွက်တည်းနဲ့ ပွဲပြီးပြီလို့ ပြောဖို့စောပါသေးတယ်။ ကင်ဂျုံအန် ရဲ့ နောက်ကွယ်မှာ တရုတ်သမ္မတ ရှီကျင်းဖျင် ရှိနေတယ်ဆိုတာလည်း သိထားဖို့ လိုပါလိမ့်မယ်။ ကင်ဟာ ထရမ့်နဲ့မတွေ့ခင် ရှီနဲ့နှစ်ကြိမ်တိုင် တိုင် တွေ့ထားခဲ့တာဖြစ်ပါတယ်။
ဒေါက်တာဝါဝါမောင်
ဘာတွေဆွေးနွေးတာမှန်း သေ ချာမသိပေမယ့် အပြုံးတွေShake hands တွေ မြင်ရတယ်။ ထိုအပြုံး တို့ရဲ့ နောက်ကွယ်မှာလည်း Hidden Agenda တွေရှိနိုင်ပါတယ်။ မည်သို့ ဆိုစေ International Community မှာတော့ တကယ့်မှတ်ကျောက် Milestone တစ်ခုပါ။ ယုံကြည်မှု (Trust) တည်ဆောက်ကြည့်တာ ဖြစ်မှာပေါ့။ Dialogue လုပ်ကြည့်တာ ဖြစ်မှာပေါ့။
Trump က Kim ကို ကလေး တစ်ယောက်ရဲ့ ကျောကို သပ်လိုက် ရင်းရင်းနှီးနှီးပြောလိုက်၊ ဒီချာတိတ်ကို ဘယ်လိုလုပ်ရမလဲပေါ့၊ ဘယ်လိုကိုင်တွယ်ရမလဲ။ အတော်မလွယ်တဲ့ ကောင်လေးလို့တော့ စိတ်ထဲမှာ ယုံကြည်ထားပုံပဲ။ Kim က တော်တော် အလေးအနက်ထားနားထောင်ပုံပဲ။ Kim ကို ခေါင်းမာပြီး ရက်စက်တတ်တယ်လို့ ဆိုကြပေမယ့် သူ turnaround strategy ကို သုံးနေ ပြီ။ သူ့ကိုယ်သူ ယုံကြည်ပုံရတယ်။ သူ့လူတွေ သူပိုင်နိုင်ပုံရပါတယ်။ ၃ဝ ကျော် လူငယ်တစ်ယောက်အနေနဲ့ International မှာ သူနဲ့သူ့နိုင်ငံရဲ့မကောင်းသော ကျော်စောမှု Natorious နဲ့ အာဏာကို လုရယူမှု Dictatorship ကို Strategically Turnaroundလုပ်ပြီး Opportunity အနေနဲ့ ပြန်လည်ဖန်တီးပြီး အကောင်း ဆုံး အသုံးချသွားတာ၊ ဒီအဆင့်ထိ ရောက်အောင်လုပ်လာနိုင်တဲ့ Kim ရဲ့ အရည်အချင်းက ခေသူမဟုတ်ပါ။
Singapore ကိုလည်း ချီး ကျူးတယ်။ Trump နဲ့ Kim တွေ့ ဆုံမှုကို အိမ်ရှင်အဖြစ်လက်ခံပေးခဲ့ တာရယ်၊ လုံခြုံရေး တင်းကျပ်မှု တာဝန်က ကြီးသလို Singapore ကို တွေ့ဆုံမှုရဲ့ ကြားနေ Location အဖြစ် Kim နဲ့ Trump ကရွေးချယ် တာဟာလည်း Singapore ရဲ့ ကြားနေ Liberalism နဲ့ သူတို့ရဲ့ ဆွေးနွေး တဲ့ အကြောင်းအရာတွေပေါ်မှာ နိုင်ငံရေး အမြတ်ထုတ်မယ့် နိုင်ငံမဟုတ်လို့လို့ ယူဆလို့လား စဉ်းစားစရာပါ။ နိုင်ငံရေးအမြတ်ထုတ်သည် ဖြစ်စေ၊ မထုတ်သည်ဖြစ်စေ စင်ကာပူက နိုင်ငံရေး အမြတ်ရပါတယ်။ Peace process မှာ ပါဝင်ခွင့်ရတယ်။ ဒီနှစ် ကစင်ကာပူအတွက် ASEAN Chairmanship ဆောင်ရွက်နေတဲ့ အချိန်မှာ Regional Peace ကို ပါဝင် ဆောင်ရွက်နိုင်တဲ့အတွက်ထူးခြားသော Milestone တစ်ခုလို့ မြင်ပါတယ်။