Saturday, January 4, 2025

We are Myanmar (ငါတို့အားလုံးသည်...

We are Myanmar (ငါတို့အားလုံးသည် မြန်မာ) စိတ်ဖြင့် လက်တွဲအကောင်အထည်ဖော်ကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါရီ...

ကိုဗစ်ဖြစ်ပြီး ၅နှစ်အကြာတွင် နောက်ထပ်ဗိုင်းရပ်စ်အသစ်တစ်မျိုး တရုတ်နိုင်ငံတွင်...

Covid-19 ကပ်ရောဂါဖြစ်ပွားပြီးနောက် ငါးနှစ်အကြာတွင် Human metapneumovirus (HMPV) ဆိုသည့် ဗိုင်းရပ်စ်အသစ်တစ်မျိုးကို တရုတ်နိုင်ငံ၌ကိုင်တွယ်ဖြေရှင်း‌နေရကြောင်း သိရသည်။ သတင်းအစီရင်ခံစာများနှင့် ဆိုရှယ်မီဒီယာများတွင် ယင်း ဗိုင်းရပ်စ်...

မြန်မာပြည်သူများ ငြိမ်းချမ်းသာယာဝပြောပါစေ

မြန်မာပြည်သူများ ငြိမ်းချမ်းသာယာဝပြောပါစေဟု ရုရှားနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင် က ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် မြန်မာနိုင်ငံ၏...

YBS ၁၃၃ မှ ဇန်နဝါရီ...

ပြည်စံသူခရီးသည်သယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်စီမံမှုအောက်ရှိ YBS (၁၃၃)ယာဉ်လိုင်းမှ လာမည့် ဇန်နဝါရီ ၆ ရက်မှစတင်၍ ယာဥ်စီးရေတစ်နေ့(၁၀)စီးဖြင့်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ပြေးဆွဲရာ၌ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့ နယ်ရှိ...
HomeInternationalထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းရေးကို မည်သူမျှ...

ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းရေးကို မည်သူမျှ မဟန့်တားနိုင်–ရှီ

တရုတ်နိုင်ငံ၏ ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းရေးကို မည်သူမျှ ဟန့်တားနိုင်မည်မဟုတ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးမိန့်ခွန်းတွင် ပြောကြားလိုက်ပြီး ကျွန်းဒေသအတွင်းနှင့် ပြင်ပရှိ လွတ်လပ်ရေးလိုလားသော အင်အားစုများဆိုသည်ကို ပြတ်သားသော သဘောထားဖြင့် သတိပေးခဲ့သည်။

ပြီးခဲ့သည့်နှစ်အတွင်း ပေကျင်းသည် ထိုင်ဝမ်အနီးတွင် စစ်ရေးဖိအားပေးမှုကို တိုးမြှင့်ခဲ့ပြီး ကျွန်းဒေသတစ်ဝိုက် ရေပိုင်နက်နှင့် ဝေဟင်ပိုင်နက်များအတွင်းသို့ စစ်သင်္ဘောနှင့် လေယာဉ်များကို နေ့စဉ်နီးပါးစေလွှတ်ခဲ့သည်။ ပေကျင်း၏ ယင်းလုပ်ရပ်သည် တရုတ်စစ်တပ် တည်ရှိနေရေးကို ပုံမှန်ဖြစ်စေရန် ကြိုးပမ်းမှုအဖြစ် ထိုင်ဝမ်အရာရှိများက ရှုမြင်ကြသည်။

ထိုင်ဝမ်ရေလက်ကြားနှစ်ဖက်တွင် နေထိုင်သူများသည် တစ်ခုတည်းသော မိသားစုဝင်များဖြစ်ကြောင်း၊ မိမိတို့၏ မိသားစုနှောင်ကြိုးကို မည်သူကမျှ ဖြတ်တောက်နိုင်မည် မဟုတ်ကြောင်းနှင့် အမျိုးသားပြန်လည်ပေါင်းစည်းရေး သမိုင်းဝင်လမ်းကြောင်းကို မည်သူကမျှ ဟန့်တားနိုင်မည်မဟုတ်ကြောင်း နိုင်ငံပိုင် စီစီတီဗီသတင်းဌာနမှတဆင့် မိန့်ခွန်းပြောကြားရာတွင် ရှီက ထည့်သွင်းပြောဆိုခဲ့သည်။

အထူးသဖြင့် ပေကျင်းက ခွဲထွက်ရေးသမားဟု သတ်မှတ်သော မစ္စတာလိုင်ချင်းတေက မေလ၌ ထိုင်ဝမ်သမ္မတဖြစ် လာခဲ့ပြီးနောက်တွင် အကဲဆတ်သော ထိုင်ဝမ်ရေလက်ကြားသည် တစ်နှစ်ပတ်လုံး တင်းမာမှုများ မြင့်မားနေခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

We are Myanmar (ငါတို့အားလုံးသည် မြန်မာ) စိတ်ဖြင့် လက်တွဲအကောင်အထည်ဖော်ကြရန် နစက ဥက္ကဋ္ဌတိုက်တွန်း

We are Myanmar (ငါတို့အားလုံးသည် မြန်မာ) စိတ်ဖြင့် လက်တွဲအကောင်အထည်ဖော်ကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ သဝဏ်လွှာပေးပို့၍တိုက် တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသားအားလုံး မြန်မာစိတ်မွေးပြီး We are Myanmar (ငါတို့အားလုံးသည် မြန်မာ) ဟူ သောစိတ်၊ တစ်သွေးတစ်သားတည်းစည်းလုံးညီညွတ်သော အမျိုးသားစိတ်ဓာတ်ဖြင့် နိုင်ငံ တော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွဲအကောင်အထည်ဖော်ကြရန် သန္နိဋ္ဌာန်ချဆောင်ရွက်ကြရမည်ဟု တိုက်တွန်းပြောကြားသည်။ " မိမိတို့ နစက အနေနဲ့လည်း နစက ရဲ့...

ကိုဗစ်ဖြစ်ပြီး ၅နှစ်အကြာတွင် နောက်ထပ်ဗိုင်းရပ်စ်အသစ်တစ်မျိုး တရုတ်နိုင်ငံတွင် ဖြစ်ပွားနေပြန်ဟုဆို

Covid-19 ကပ်ရောဂါဖြစ်ပွားပြီးနောက် ငါးနှစ်အကြာတွင် Human metapneumovirus (HMPV) ဆိုသည့် ဗိုင်းရပ်စ်အသစ်တစ်မျိုးကို တရုတ်နိုင်ငံ၌ကိုင်တွယ်ဖြေရှင်း‌နေရကြောင်း သိရသည်။ သတင်းအစီရင်ခံစာများနှင့် ဆိုရှယ်မီဒီယာများတွင် ယင်း ဗိုင်းရပ်စ် လျင်မြန်စွာ ပျံ့နှံ့နေကြောင်း အချို့က ဆိုကာ အတည်မပြုနိုင်သော သတင်းများကလည်း ဆေးရုံများတွင် လူများရှိ‌နေကြ‌ကြောင်းဆိုကြသည်။ အွန်လိုင်းတွင် မျှဝေထားသည့် ဗီဒီယိုများတွင် တုပ်ကွေး၊ HMPV၊ Mycoplasma pneumoniae နှင့် Covid-19 အပါအဝင် ဗိုင်းရပ်စ်အများအပြား ပျံ့နှံ့နေကြောင်းနှင့် လူစည်ကားလျှက်ရှိ‌နေသော ဆေးရုံများကို ရိုက်ကူး ပြသထားသည်။ တရုတ်နိုင်ငံကမူ ယင်းဗိုင်းရပ်စ်ပြန့်နှံ့ခြင်းကို အတည်မပြုနိုင်သေးကြောင်း...

မြန်မာပြည်သူများ ငြိမ်းချမ်းသာယာဝပြောပါစေ

မြန်မာပြည်သူများ ငြိမ်းချမ်းသာယာဝပြောပါစေဟု ရုရှားနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင် က ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် မြန်မာနိုင်ငံ၏ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ရာ၌ ရေးသားပြောဆိုခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့အခါသမယအ တွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားလိုကာ မိမိတို့နှစ်နိုင်ငံကြားဆက်ဆံရေးသည် ချစ်ကြည်ရင်းနှီးမှုနှင့်အပြန်အလှန်လေးစားမှုအစဥ်အလာများအပေါ် အခြေခံပါသည်ဟုလည်း ရေးသားပြောဆိုခဲ့သည်။ ထို့ပြင် ရုရှားနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင် က ၂၀၂၅ နှစ်သစ်အတွက် ဆုမွန်ကောင်းတောင်းပေးခဲ့ပြီး အဆွေတော်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071