Saturday, March 22, 2025

အင်ဒိုနီးရှား၌မီးတောင်ပေါက်ကွဲ၊ အမြင့်ဆုံး သတိပေးချက်ထုတ်ပြန်ထား

ဂျကာတာ၊မတ် ၂၁ အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်းရှိ လီဝိုတိုဘီမီးတောင်သည် ကြာသပတေးနေ့ညနှောင်းပိုင်းက ပေါက်ကွဲခဲ့ကာ သောကြာနေ့အထိ ဆက်လက်ပေါက်ကွဲနေသဖြင့် မီးတောင်နှင့်ဘူမိဗေဒဘေးအန္တရာယ်လျော့ပါးရေးစင်တာက သတိပေးချက်ကို အမြင့်ဆုံးအထိတိုးမြှင့်ခဲ့သည်ဟုသိရသည်။ အဆိုပါပေါက်ကွဲမှုမှပြာများသည် အမြင့်မီတာ ၈,၀၀၀ အထိရောက်ရှိခဲ့ပြီး...

လန်ချန်း-မဲခေါင်နိုင်ငံများ ဒေသဆိုင်ရာကိစ္စရပ်များဆွေးနွေး

ဗီယင်ကျန်း၊မတ် ၂၁ လူငယ်သံတမန်ဖိုရမ်နှင့် နဝမအကြိမ်မြောက် လန်ချန်း-မဲခေါင် ထိပ်သီးအစည်းအဝေးကို လာအိုမြို့တော် ဗီယင်ကျန်းတွင် ကြာသပတေးနေ့က စတင်ကျင်းပခဲ့ကြောင်းသိရသည်။ အဆိုပါဆွေးနွေးမှုအတွင်း မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများမှ လူငယ်သံတမန်များလည်းပါဝင်ကာ လူငယ်များကို နိုင်ငံတကာဆက်ဆံရေး၊သံတမန်ရေးရာမူဝါဒများအပြင်...

ရေနံသိုလှောင်ရုံကိုတိုက်ခိုက်ခြင်းသည်အပစ်ရပ်ရေးကိုချိုးဖောက်ခြင်းဖြစ်–ရုရှား

မော်စကို၊မတ် ၂၁ ယူကရိန်းသည် ရေနံသိုလှောင်ရုံကို ဒရုန်းဖြင့်ပစ်ခတ်တိုက်ခိုက်ပြီး စွမ်းအင်အခြေခံအဆောက်အဦဆိုင်ရာ ရက်ပေါင်း ၃၀ အပစ်အခတ်ရပ်စဲရေးအဆိုပြုချက်ကို ချိုးဖောက်ခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားလိုက်သည်။ ယခုကိစ္စနှင့်ပတ်သက်၍ အပစ်အခတ်ရပ်စဲရေးကို အဆိုပြုထားသည့် အမေရိကဘက်က...

ပျမ်းမျှပိုလျှံ သီးသန့်ငွေအပေါ်ပေးသည့် အတိုးနှုန်းအား ၃.၈...

ဘဏ်များက မြန်မာကျပ်ငွေ (CAB) ဖြင့်ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက်ထက်ကျော်လွန်သည့် ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ်တွင်ပေးသည့် အတိုးနှုန်းအား ၃.၈ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း...
HomeInternationalထိုင်းက၂၀၂၈ မှစ၍ ဖော်မြူလာဝမ်းပြိုင်ပွဲများ...

ထိုင်းက၂၀၂၈ မှစ၍ ဖော်မြူလာဝမ်းပြိုင်ပွဲများ လက်ခံကျင်းပရန် မျှော်မှန်း

ထိုင်းနိုင်ငံသည် ၂၀၂၈ ခုနှစ်မှစ၍ ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲများကို လက်ခံကျင်းပသွားရန် မျှော်မှန်းထားပြီး ကမ္ဘာ့အဆင့်မီ ပြိုင်ပွဲများ ကျင်းပရာနေရာတစ်ခုအဖြစ် ရပ်တည်ရန် ကြိုးပမ်းနေသည့် အရှေ့တောင်အာရှနိုင်ငံအတွက် အဓိကမှတ်တိုင်တစ်ခုဖြစ်ကြောင်း ဝန်ကြီးချုပ် ပေတုံတန်ရှင်နာဝပ်ထရာက ပြောကြားလိုက်သည်။

ရင်းနှီးမြုပ်နှံမှု လိုအပ်ချက်၊ ထိုင်းနိုင်ငံအတွက် အကျိုးအမြတ်များနှင့် ပတ်လမ်းကားမောင်းပြိုင်ပွဲ ကျင်းပရန် ဖြစ်နိုင်ခြေနှင့်ပတ်သက်၍ အစိုးရက လေ့လာသွားမည်ဖြစ်သည်ဟု မတ် ၁၈ ရက်က ဘန်ကောက်တွင် F1 အမှုဆောင်အရာရှိချုပ် Stefano Domenicali နှင့် တွေ့ဆုံအပြီး၌ ဆိုရှယ်မီဒီယာပေါ်တင်ခဲ့သော ပို့စ်တွင် မစ္စပေတုံတန်က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် ခရီးသွားလာရေး ဗဟိုချက်အဖြစ် နိုင်ငံ၏ အဆင့်အတန်းကို မြှင့်တင်ရန်နှင့် အသုံးစရိတ်မြင့်မားသော ခရီးသွားများကို ဆွဲဆောင်ရာတွင် အထောက်အကူဖြစ်စေရန် ဘန်ကောက်မြို့တွင် ပြိုင်ပွဲပတ်လမ်း သတ်မှတ်ခဲ့သည်။

ယင်းနောက် F1 အမှုဆောင်အရာရှိများသည် ဘန်ကောက်မြို့တော်ကို သွားရောက်ကာ ပြိုင်ပွဲအတွက် လမ်းကြောင်းများကို လေ့လာခဲ့ကြသည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းက မဲလ်ဘန်းတွင် ရာသီအဖွင့်ပြိုင်ပွဲဖြင့် စတင်ခဲ့သော ၂၀၂၅ ရာသီအတွက် F1 ပြိုင်ပွဲ ၂၄ ပွဲအနက် သုံးပုံတစ်ပုံကို ကားလမ်း သို့မဟုတ် ပေါင်းစပ်ပတ်လမ်းတွင် ယှဉ်ပြိုင်ရန် စီစဉ်ထားသည်။

ပတ်လမ်းကားမောင်းပြိုင်ပွဲများကို အများပြည်သူသုံး ကားလမ်းများကို အလုံးစုံဖြစ်စေ တစ်စိတ်တစ်ပိုင်းဖြစ်စေ ပိတ်၍ အတိုချူံး ကားမောင်းပြိုင်ကွင်းများအဖြစ် အသွင်ပြောင်းထားသော လမ်းများတွင် ယှဉ်ပြိုင်လေ့ရှိသည်။ ယင်းပြိုင်ကွင်းများသည် တစ်နာရီ ၃၂၂ ကီလိုမီတာနှုန်းကျော်ဖြင့် မောင်းနှင်နိုင်သည့် နည်းပညာမြင့် ပြိုင်ကားများအတွက် အသုံးပြုသည်။

စင်ကာပူနိုင်ငံသည် F1 ပြိုင်ပွဲကို မြို့၏ ကမ်းနဖူးပေါ်တွင်ရှိသည့် Marina Bay ပတ်လမ်းတွင် လက်ခံကျင်းပသည်။

မစ္စပေတုံတန်၏ အစိုးရသည် နိုင်ငံကို ကမ္ဘာ့ထိပ်တန်း အနုပညာရှင်များနှင့် ပွဲတော်များကို လက်ခံကျင်းပရာ အကောင်းဆုံးနေရာတစ်ခုအဖြစ်နှင့် ခရီးသွားလုပ်ငန်းကို အားကိုးအားထားပြုသော နိုင်ငံအဖြစ် ရပ်တည်ရာတွင် ယခင်ဝန်ကြီးချုပ် ဆရက်ထာ ထဝီဆင်း၏ ကြိုးပမ်းအားထုတ်မှုများကို အခြေခံထားသည်။

ထိုင်းနိုင်ငံသည် MotoGP ကားမောင်းပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပထားခဲ့သည်။

F1 ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိခြင်းသည် မြို့တော်၏ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းကိုသာမက ခရီးသွားအများအပြားကိုလည်း ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။ ထိုပြိုင်ပွဲသည် အလုပ်အကိုင်အခွင့်အလမ်းအသစ်များကို ဖန်တီးပေးနိုင်သကဲ့သို့ ဝန်ဆောင်မှုကဏ္ဍနှင့် အခြားကဏ္ဍများအတွက်လည်း ဝင်ငွေအရင်းအမြစ်သစ်များ ကို ဖြစ်ပေါ်စေနိုင်သည်ဟုသူက ပြောကြားခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အင်ဒိုနီးရှား၌မီးတောင်ပေါက်ကွဲ၊ အမြင့်ဆုံး သတိပေးချက်ထုတ်ပြန်ထား

ဂျကာတာ၊မတ် ၂၁ အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်းရှိ လီဝိုတိုဘီမီးတောင်သည် ကြာသပတေးနေ့ညနှောင်းပိုင်းက ပေါက်ကွဲခဲ့ကာ သောကြာနေ့အထိ ဆက်လက်ပေါက်ကွဲနေသဖြင့် မီးတောင်နှင့်ဘူမိဗေဒဘေးအန္တရာယ်လျော့ပါးရေးစင်တာက သတိပေးချက်ကို အမြင့်ဆုံးအထိတိုးမြှင့်ခဲ့သည်ဟုသိရသည်။ အဆိုပါပေါက်ကွဲမှုမှပြာများသည် အမြင့်မီတာ ၈,၀၀၀ အထိရောက်ရှိခဲ့ပြီး မီးခိုးများသည် မီးတောင်ဝ၏အနောက်တောင်ဘက်နှင့်အနောက်ဘက်များသို့ပျံ့နှံ့ရောက်ရှိသွားသည်ဟုလည်းသိရသည်။ ပြင်းထန်သည့်ပေါက်ကွဲမှုများ သောကြာနေ့အစောပိုင်းအထိဆက်လက်ဖြစ်ပေါ်နေခဲ့သည်ဟုလည်းဆိုသည်။ မီးတောင်စောင့်ကြည့်လေ့လာရေးသတိပေးချက်ကို ကြာသပတေးနေ့ကတည်းက အနီရောင်အမြင့်ဆုံးအဆင့်အထိတိုးမြှင့်ထားပြီး လေယာဉ်များအနေဖြင့်လည်း မီးတောင်ပတ်ဝန်းကျင်တွင် မီတာ ၆,၀၀၀ အောက်ထိ နှိမ့်၍မပျံသန်းရန်ညွှန်ကြားထားပြီး မီးတောင်ပြာများရှိနေခြင်းကြောင့်လည်း ပိုမိုသတိထားဆောင်ရွက်သင့်ကြောင်းသတိပေးထားသည်။ ကြာသပတေးနေ့ကတည်းက အန္တရာယ်ဇုန်ကို မီးတောင်ဝ၏အနောက်တောင်နှင့်အနောက်မြောက်ဘက်၏ ၇ ကီလိုမီတာဝန်းကျင်မှ ၈ ကီလိုမီတာဝန်းကျင်သို့ပြောင်းလဲသတ်မှတ်ကာ ကျန်ဒေသများအတွက်ကိုမူ ၅ ကီလိုမီတာမှ ၇ ကီလိုမီတာဝန်းကျင်သို့ ပြောင်းလဲတိုးမြှင့်သတ်မှတ်ခဲ့သည်ဟုသိရသည်။ ထိုမျှမက...

လန်ချန်း-မဲခေါင်နိုင်ငံများ ဒေသဆိုင်ရာကိစ္စရပ်များဆွေးနွေး

ဗီယင်ကျန်း၊မတ် ၂၁ လူငယ်သံတမန်ဖိုရမ်နှင့် နဝမအကြိမ်မြောက် လန်ချန်း-မဲခေါင် ထိပ်သီးအစည်းအဝေးကို လာအိုမြို့တော် ဗီယင်ကျန်းတွင် ကြာသပတေးနေ့က စတင်ကျင်းပခဲ့ကြောင်းသိရသည်။ အဆိုပါဆွေးနွေးမှုအတွင်း မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများမှ လူငယ်သံတမန်များလည်းပါဝင်ကာ လူငယ်များကို နိုင်ငံတကာဆက်ဆံရေး၊သံတမန်ရေးရာမူဝါဒများအပြင် ဒေသတွင်းနှင့်ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်နိုင်သည့်အခွင့်အရေးမျိုးပေးအပ်ခဲ့သည်ဟုလည်းသိရသည်။ ယင်းပွဲသို့ လာအိုနိုင်ငံခြားရေးဝန်ကြီးဌာနမှ စီးပွားရေးဌာန၏ ညွှန်ကြားရေးမှူးချုပ်က သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ကာ လန်ချန်း-မဲခေါင်အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များပါဝင်တက်ရောက်ခဲ့သည်ဟုဆိုသည်။ အဆိုပါပွဲအတွင်း အဓိကဆွေးနွေးမှုအနေဖြင့် “အနာဂါတ်တွင်ဖြစ်လာမည့် လူငယ်သံတမန်များ၏အခန်းကဏ္ဍ” ဟူသောခေါင်းစဉ်လည်းပါဝင်ခဲ့သည်ဟုသိရသည်။ ယခုနှစ်ဖိုရမ်သည် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု၏အရေးပါမှုကို ခိုင်မာအားဖြည့်ပေးကာ လန်ချန်း-မဲခေါင်နိုင်ငံများအကြား အနာဂတ်ဆက်ဆံရေးကိုပုံဖော်ရန် မျိုးဆက်သစ်သံတမန်များ၏ စွမ်းဆောင်ရည်ကိုလည်းမြှင့်တင်ပေးနိုင်ခဲ့သည်ဟုဆိုသည်။ Source : ရှင်းဟွာ

ရေနံသိုလှောင်ရုံကိုတိုက်ခိုက်ခြင်းသည်အပစ်ရပ်ရေးကိုချိုးဖောက်ခြင်းဖြစ်–ရုရှား

မော်စကို၊မတ် ၂၁ ယူကရိန်းသည် ရေနံသိုလှောင်ရုံကို ဒရုန်းဖြင့်ပစ်ခတ်တိုက်ခိုက်ပြီး စွမ်းအင်အခြေခံအဆောက်အဦဆိုင်ရာ ရက်ပေါင်း ၃၀ အပစ်အခတ်ရပ်စဲရေးအဆိုပြုချက်ကို ချိုးဖောက်ခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားလိုက်သည်။ ယခုကိစ္စနှင့်ပတ်သက်၍ အပစ်အခတ်ရပ်စဲရေးကို အဆိုပြုထားသည့် အမေရိကဘက်က ယူကရိန်းလုပ်ရပ်အတွက်တာဝန်ယူပေးသင့်သည်ဟုလည်း မော်စကိုနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။ ရုရှားနိုင်ငံတောင်ပိုင်းရှိ ရေနံသိုလှောင်ရုံကို ယူကရိန်းဘက်က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သဖြင့် ယခုကဲသို့ပြောကြားခဲ့ခြင်းဖြစ်ကာ ကြာသပတေးနေ့ညနေပိုင်းကကြေငြာခဲ့သည့် ဒေသဆိုင်ရာအာဏာပိုင်များ၏ထုတ်ပြန်ချက်အရ မီးငြှိမ်းသတ်ရန် ဆက်လက် ကြိုးပမ်း နေသည်ဟုလည်းသိရသည်။ အမေရိကန်သမ္မတသည် ယခုသီတင်းပတ်အတွင်း ရုရှားနှင့်ယူကရိန်းခေါင်းဆောင်များဖြင့် သီးခြားစီဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့သည်ဟုလည်းသိရသည်။ သမ္မတပူတင်နှင့်ဆွေးနွေးမှုအတွင်း ထရမ့်ပ်နှင့်ပူတင်က ထာဝရငြိမ်းချမ်းရေးကိုအကောင်အထည်ဖော်ရန် စွမ်းအင်နှင့်အခြေခံအဆောက်အဦ အပစ်အခတ်ရပ်စဲရေးမှစတင်ဖို့သဘောတူခဲ့ပြီး ဇလန်းစကီးနှင့်ထရမ့်ပ်ဆွေးနွေးမှုတွင်မူ စွမ်းအင်ဆိုင်ရာအပစ်အခတ်ရပ်စဲရေးကို ယူကရိန်းသမ္မတကသဘောတူခဲ့သည်ဟုလည်းသိရသည်။ သို့သော် ၎င်းတို့နှစ်ဖက်လုံးသည် တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန်စွပ်စွဲပြစ်တင်လျက်ရှိကြပြီး ယူကရိန်းကမူ ရုရှားဘက်ကလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071