ထိုင်းနိုင်ငံ ဆိုက်ဘာရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဗျူရိုသည် ခရီးသွားများကို အွန်လိုင်းလူလိ-မ်များ၏ လှည့်ကွက်အတွင်းမကျရောက်စေရေး အကြံပြုချက် သုံးခုပါဝင်သည့် ညဏ်ရည်တု(AI) နည်းပညာသုံး မန်ဒရင်းဘာသာစကားပြော ဗီဒီယိုကို ဇန်နဝါရီ ၂၅ ရက်တွင် စတင်ထုတ်လွှင့်ပေးလိုက်သည်။
“လက်ရှိအနေအထားမှာတော့ လူလိ-မ်တွေက ထိုင်းနယ်စပ်မှာ သူတို့အခြေစိုက်နေရာတွေကို ထူထောင်ပါတယ်။ ထိုင်းနိုင်ငံမှာ အလုပ်အကိုင်နဲ့ပတ်သက်တဲ့ မက်ဆေ့ချ်မျိုး ဒါမှမဟုတ် ကြော်ငြာမျိုး လက်ခံရရှိခဲ့ရင် သတင်းအချက်အလက်ကို သေချာလေးစစ်ဆေးကြပါ” ဟု ဗျူယိုအကြီးအကဲ ရဲ ဒုတိယဗိုလ်ချုပ်ကြီး Trairong Piwpan က ပြောဆိုသည်။
ထိုင်းနိုင်ငံသို့ ရောက်ရှိချိန်တွင် လူလိ-မ်များ၏ သားကောင်မဖြစ်စေရေးအတွက် အချက်သုံးချက်ကို ရှောင်ရှားရန်လည်း သူက အကြံပြုခဲ့သည်။
“ခရီးသွားအားလုံးကို ကာကွယ်ဖို့ရာ ထိုင်းနိုင်ငံက အသင့်ရှိပါတယ်၊ ဒါကြောင့် ကျေးဇူးပြုပြီး သံသယဖြစ်စရာ ကမ်းလှမ်းချက်တွေကို မယုံကြပါနဲ့” ဟု ရဲဒုတိယဗိုလ်ချုပ်ကြီး Trairong က ပြောကြားခဲ့ပြီး အကူအညီလိုအပ်ပါက ထိုင်းရဲတပ်ဖွဲ့ဝင်များက ကူညီရန် အမြဲအသင့်ရှိနေပါသည်ဟု ပြောကြားခဲ့သည်။
Ref: သည်စထရိတ်တိုင်းမ်စ်