ထိုင်းငွေ (၁) ဘတ် မြန်မာငွေ (၁၀၀) ကျပ် ကျော်အထိ စံ ချိန်တင် မြင့်တက်ခဲ့ရာမှ (၉၀) အောက်ပြန်ကျ
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ထိုင်း – မြန်မာ ငွေလဲနှုန်းများ စံချိန်တင် မြင့်တက်ခဲ့ရာမှ ယနေ့ စက်တင်ဘာ (၃) ရက်တွင် ထိုင်းငွေ (၁) ဘတ်လျင် မြန်မာငွေ (၈၆) ကျပ်အထိ ဈေးနှုန်းကျဆင်းသွားကြောင်း ထိုင်းမြန်မာ ငွေလဲဈေးကွက်အတွင်းမှ သိရသည်။
ဩဂုတ်လကုန်ပိုင်းက ထိုင်ငွေ (၁) ဘတ်လျင် မြန်မာငွေ (၁၂၀) ဝန်းကျင်အထိ ငွေလဲနှုန်း စံချိန်တင် မြင့်တက်ခဲ့ရာမှ ယခုကဲ့သို့ ဈေးနှုန်း ပြန်လည် ကျဆင်းခဲ့ခြင်း ဖြစ်သည်။
” မနက်ပိုင်းက (၈၄) ကျပ်အထိ ကျတယ်။ အခု နေ့လည်ပိုင်းတော့ (၂) ကျပ်လောက် ပြန်တက်လာပါတယ်။ ဈေး နှုန်းက တစ်နေရာနဲ့ တစ်နေရာ မတူနိုင်ဘူး။ ပြီး အတက် အကျက အချိန်ပြည့်ပြောင်းနေတာ။ အခုတက်ပြီး ခဏနေ ကျရင် ကျသလို ၊ ကျနေရာကနေ ခဏနေ ပြန်တက်ရင် တက်တာ။ ဈေးနှုန်း မငြိမ်ဘူးပေါ့” ဟု ထိုင်း – မြန်မာ နယ်စပ် မဲဆောက်မြို့မှ ငွေလဲလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ပြောသည်။
လက်ရှိတွင် ထိုင်းငွေလဲနှုန်း မတည်မငြိမ်ဖြင်နေသည့်အ တွက် မြန်မာမာနယ်စပ်ရှိ မြဝတီမြို့မှ ငွေလဲလုပ်ငန်း လု ပ်ကိုင်သူ အချို့မှာ လုပ်ငန်း ရပ်နားထားပြီး ဈေးနှုန်းတ ည်ငြိမ်သည်အထိ စောင့်ကြည့်နေကြောင်းလည်း ဈေး ကွ က်အတွင်းက ငွေလဲလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပေါ် ပြူလာနယူးစ်သို့ ပြောသည်။
” မကြီးတို့တော့ လောလောဆယ် ရပ်ထားတယ် ။ အတ က်အကျက မြန်နေတော့ လုပ်လို့မကောင်းတော့ဘူးလေ။ ဈေးနည်းနည်းငြိမ်အောင်စောင့်ကြည့်လိုက်ဦးမယ်။ သူ များလဲပေးတာကတော့ (၉၀) အောက် ဈေးဖြတ်တယ်ပြောတာပဲ” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကန်ဒေါ်လာ ဈေးကွက်အ တွ င်း ဈေးနှုန်း မတည်ငြိမ်ခဲ့ရာမှ ထိုင်းဘတ်ငွေဈေးနှုန်းပါ ဈေးနှုန်းပါ စံချိန်တင်မြင့်တက်ခဲ့ခြင်းဖြစ်ရာ အစိုးရက ဒေါ်လာဈေးကွက်ကို ထိန်းချုပ်မှုများ လုပ်ဆောင်ခဲ့ရာမှ ထိုင်းဘတ် ငွေဈေးနှုန်းပါ ပြန်လည် ကျဆင်းလာခြင်း ဖြစ်သည်။