ဘန်ကောက်၊ဒီဇင်ဘာ ၃
ထိုင်းနိုင်ငံတောင်ပိုင်း၌ ရေကြီးရေလျှံ၍ မိသားစုပေါင်း ၆၆၀,၀၀၀ ကျော်ရေဘေးသင့်ခဲ့ပြီး ေ-ငဆုံးသူအရေအတွက်သည် ၂၅ ဦးအထိရှိလာပြီဖြစ်ကြောင်းနိုင်ငံ၏သဘာဝဘေးအန္တရာယ်ဌာနကပြောကြားခဲ့သည်။
ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးရမှုတန်ဖိုးကြီးမားခဲ့ကာ ကြက်မွေးမြူရေးခြံပိုင်ရှင်တစ်ဦးကမူ ၎င်းကြက်ခြံတစ်ခုလုံးရေမြုပ်သွားသဖြင့် ကြက်အကောင်ရေတစ်ထောင်ကျော်ေ-သဆုံးခဲ့သဖြင့် ဘတ်ငွေ ၃ သန်း(အ မေရိကန်ဒေါ်လာ ၈၇,၀၀၀) ခန့်ဆုံးရှုံးခဲ့ရကြောင်း နိုင်ငံပိုင်မီဒီယာ PBS သို့ပြောကြားခဲ့သည်။
အခြားဒေသအသီးသီးတွင်လည်း ရေကြီးရေလျှံသဖြင့် လူပေါင်း ၂၂,၀၀၀ ခန့် အိုးအိမ်စွန့်ပစ်ကာ ရေဘေးဒုက္ခသည်များဖြစ်နေကြပြီး ကယ်ဆယ်ရေးသမားများလာဝေသည့် ထမင်းတစ်နပ်သာစားနေကြရသည်ဟုလည်းသိရသည်။
ထိုင်းနိုင်ငံနှင့်နယ်နိမိတ်ချင်းထိစပ်နေသည့် မလေးရှား တွင်လည်း ရေကြီးရေလျှံ၍ လူပေါင်း ၉၄,၀၀၀ ကျော်သည် ရေဘေးရှောင်နေရပြီး ယခုအထိ ေ-သဆုံးသူ ၅ ဦးရှိ အထိရှိနေပြီဖြစ်ကြောင်း လူမှုကွန်ရက်တွင်ရေးသားထားသည်။
ရေကြီးဆဲဖြစ်သော်လည်း ထိုင်းမိုးလေဝသဌာန၏ သတင်း ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံ၌ လာမည့်ရက်များတွင်လည်း မိုးသည်းထန်ဦးမည့်အခြေအနေတွင်ရှိနေကြောင်းသိရှိရသည်။ ယခုအချိန်အထိ ထိုင်းအစိုးရက ရေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ကြေးအဖြစ် တစ်အိမ်ထောင်လျှင် ဘတ် ၉,၀၀၀ နှုန်း ထောက်ပံ့ထားသည်ဟုသိရသည်။
Source : အေအက်ဖ်ပီ/အယ်လ်အိတ်ချ်