Friday, November 22, 2024

အင်ဒို၌ အွန်လိုင်းလောင်းကစားနှင့်ဆက်စပ်နေသည့် ဘဏ်အကောင့်ပေါင်း ၇,၀၀၀...

ဂျကာတာ၊နိုဝင်ဘာ ၂၁ အင်ဒိုနီးရှားနိုင်ငံ၌ လောင်းကစားလုပ်ငန်းများ စီစဉ်ဆောင်ရွက်ပေးခြင်းနှင့် ဆက်နွယ်နေသည့် ဘဏ်အကောင့် ၇,၅၀၀ ခန့်ကို ပိတ်ဆို့လိုက်ကြောင်း နိုင်ငံ၏ဗဟိုဘဏ်အကြီးတန်းအရာရှိတစ်ဦးကသတင်းထုတ်ပြန်ခဲ့သည်။ အင်ဒိုနီးရှားဗဟိုဘဏ်အနေဖြင့် ဘဏ်အကောင့်များအား တရားမဝင် အွန်လိုင်းလောင်းကစားများအပါအဝင်...

အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး‌၌ တရုတ်ကာကွယ်ရေးဝန်ကြီး အမှာစကားပြောကြား

ဗီယန်ကျင်း၊နိုဝင်ဘာ ၂၁ တရုတ်ကာကွယ်ရေးဝန်ကြီး ဒွန်ဂျန်သည် ကြာသပတေးနေ့က (၁၁) ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။ လက်ရှိ၌ အာရှ-ပစိဖိတ်ဒေသသည် တည်ငြိမ်နေဆဲဖြစ်သော်လည်း ပထဝီဝင်နိုင်ငံရေးပဋိပက္ခများထဲသို့ ဆွဲငင်ခံရမည့်အန္တရာယ်ကိုသတိပေးခဲ့ကာ...

တယ်လီကွန်းလိမ်လည်ဂိုဏ်းကို ချေမှုန်းနိုင်ခဲ့

ပေကျင်း၊နိုဝင်ဘာ ၂၁ မြန်မာနိုင်ငံမြောက်ပိုင်း တရုတ် - မြန်မာနယ်စပ်ရှိ အကြီးစားတယ်လီကွန်းလိမ်လည်ဂိုဏ်းနှင့်စင်တာများအား ချမှုန်းနိုင်ခဲ့ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။ မြန်မာနိုင်ငံမြောက်ပိုင်းရှိ တယ်လီကွန်းလိမ်လည်မှုဂိုဏ်းများတိုက်ဖျက်ရေးကို ယမန်နှစ်တွင်တရုတ်ဘက်မှစတင်ခဲ့ခြင်းဖြစ်ပြီး တရုတ်ဘက်မှတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၏ ပူးပေါင်းကြိုးပမ်းမှုများကြောင့်...

ကုန်ဈေးနှုန်း မြင့်တက်နေခြင်းကြောင့် လခစား ဝန်ထမ်းများနှင့်...

လက်ရှိအခြေအနေတွင် တိုင်းဒေသကြီး၊ ပြည်နယ်များ၌ အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် ပုံသေဝင်ငွေရရှိသော လခစား ဝန်ထမ်းများနှင့် အခြေခံလူတန်းစားများအပေါ်သက်ရောက်မှုကြီးမားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က နိုဝင်ဘာ...
HomeNewsLocal Newsထိုင်းတွင် ကလေးငယ်များပါပါသည့် မြန်မာ...

ထိုင်းတွင် ကလေးငယ်များပါပါသည့် မြန်မာ (၉) ဦးကို ပွဲစားက တောထဲ စွန့်ပစ်ထားခဲ့

ထိုင်းတောင်ပိုင်း၊ ရနောင်းခရိုင်တွင် မလေးရှားနိုင်ငံသို့ တရားမဝင် ပို့ဆောင်မည့် ကလေးငယ်များပါဝင်သည့် မြန်မာ (၉) ဦးကို ပွဲစားများက တောထဲတွင် စွန့်ပစ်ထားခဲ့ကြောင်း ထိုင်းအလုပ်သမားအရေး သတင်းဌာနက ဖော်ပြသည်။

အဆိုပါ မြန်မာ (၉)ဦးသည် နောင်းခရိုင်၊ ကပွေးမြို့နယ်၊ ဘန့်နားအုပ်စု ၊ ဘန့်ထောင်းလန်ကျေးရွာအနီး၊ တောင်ခြေတော၌ နိုဝင်ဘာ (၅) ရက်က လုံခြုံရေးအခြေအနေများကြောင့် ရှေ့ဆက်မသွားနိုင်ဘဲ ပွဲစားများက စွန့်ပစ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

အမျိုးသား (၁)ဦး၊ အမျိုးသမီး (၅)ဦးနှင့် အသက် (၂) နှစ်မှ (၆) နှစ်ရွယ် ကလေး (၄) ယောက် ပါဝင်ပြီး ၎င်းတို့အားလုံးမှာ ပင်ပန်းနွမ်းနယ်နေကြကာ ကလေးငယ်များမှာ ဆာလောင်မှုကြောင့် ငိုကြွေးနေကြသည်ဟု ဆိုသည်။

ဒေသခံများ၏ သတင်းပေးချက်အရ သက်ဆိုင်ရာက အဆိုပါ နေရာများသို့ လူစုခွဲပြီး လိုက်ရှာကြရာမှာ ကလေးငိုသံနှင့် အတူ ဝါးရုံတောနောက်တွင် ပုန်းနေသည့် မြန်မာနိုင်ငံသားများကို တွေ့ရှိရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

စွန့်ပစ်ခံရသည့် မြန်မာနိုင်ငံသားများကို တာဝန်ရှိသူများက အစာရေစာနှင့် ရှေးဦးသူနာပြုစုပေးပြီး အားလုံးကို တရားမဝင် ဝင်ရောက်မှုနှင့် အရေးယူရန် ကပွေးမြို့နယ်ရဲစခန်းတွင် ဆက်လက် ထိန်းသိမ်းထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အင်ဒို၌ အွန်လိုင်းလောင်းကစားနှင့်ဆက်စပ်နေသည့် ဘဏ်အကောင့်ပေါင်း ၇,၀၀၀ ကျော်ကိုပိတ်ဆို့

ဂျကာတာ၊နိုဝင်ဘာ ၂၁ အင်ဒိုနီးရှားနိုင်ငံ၌ လောင်းကစားလုပ်ငန်းများ စီစဉ်ဆောင်ရွက်ပေးခြင်းနှင့် ဆက်နွယ်နေသည့် ဘဏ်အကောင့် ၇,၅၀၀ ခန့်ကို ပိတ်ဆို့လိုက်ကြောင်း နိုင်ငံ၏ဗဟိုဘဏ်အကြီးတန်းအရာရှိတစ်ဦးကသတင်းထုတ်ပြန်ခဲ့သည်။ အင်ဒိုနီးရှားဗဟိုဘဏ်အနေဖြင့် ဘဏ်အကောင့်များအား တရားမဝင် အွန်လိုင်းလောင်းကစားများအပါအဝင် အခြားအလွဲသုံးစားလုပ်အသုံးပြုခြင်းမှကာကွယ်နိုင်ရန်အတွက် တက်တက်ကြွကြွလုပ်ဆောင်လျက်ရှိကြောင်းပြောကြားခဲ့သည်။ အရှေ့တောင်အာရှ၏ စီးပွားရေးအင်အားကြီး နိုင်ငံဖြစ်သောအင်ဒိုနီးရှားသည် နိုင်ငံတစ်ဝန်းတွင် လောင်းကစားလုပ်ငန်းများနှင့် ပတ်သက်သည်ဟု သံသယရှိသော ငွေလွှဲမှုများလာသောကြောင့် အွန်လိုင်းလောင်းကစားကိုတိုက်ဖျက်မည့်စီမံချက်များကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်ဟုလည်းဆိုခဲ့သည်။ အင်ဒို၌ လောင်းကစားကို အွန်လိုင်းနှင့်မြေပြင်နှစ်ခုလုံးတွင် တရားဝင်လုပ်ခွင့်ပေးထားခြင်းမျိုးမရှိသလို  ပါဝင်ကစားသူနှင့် လောင်းကစားပွဲစီစဉ်သူများကို အများဆုံးထောင်ဒဏ် ၁၀ နှစ်နှင့် အင်ဒိုနီးရှားရူပီး ၂၅ သန်း (အမေရိကန်ဒေါ်လာ ၁,၅၇၅ ခန့်) ဒဏ်ငွေချမှတ်နိုင်သည်ဟုလည်းသိရသည်။ ပြီးခဲ့သည့်စနေနေ့ကလည်း...

အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး‌၌ တရုတ်ကာကွယ်ရေးဝန်ကြီး အမှာစကားပြောကြား

ဗီယန်ကျင်း၊နိုဝင်ဘာ ၂၁ တရုတ်ကာကွယ်ရေးဝန်ကြီး ဒွန်ဂျန်သည် ကြာသပတေးနေ့က (၁၁) ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။ လက်ရှိ၌ အာရှ-ပစိဖိတ်ဒေသသည် တည်ငြိမ်နေဆဲဖြစ်သော်လည်း ပထဝီဝင်နိုင်ငံရေးပဋိပက္ခများထဲသို့ ဆွဲငင်ခံရမည့်အန္တရာယ်ကိုသတိပေးခဲ့ကာ လှပသောဇာတိမြေကိုကာကွယ်ရန် ပူးပေါင်းကြိုးပမ်းမှုများ ပြုလုပ်ရန်လည်းတောင်းဆိုခဲ့သည်။ တရုတ်နိုင်ငံသည် အာဆီယံ၏ဒေသတွင်းချုပ်ကိုင်နိုင်မှုကို ဆက်လက်တည်မြဲစေရန် အင်အားစုအားလုံးနှင့် လက်တွဲလုပ်ဆောင်ရန်ဆန္ဒရှိပြီး ရှိရင်းစွဲပူးပေါင်းဆောင်ရွက်မှုမူဘောင်များ တိုးတက်မှုနှင့်အဆင့်မြှင့်တင်မှုကိုထောက်ခံကြောင်းလည်းပြောကြားခဲ့သည်။ ဒေသတွင်းပြဿနာများကို ဒေသတွင်းနိုင်ငံများအချင်းချင်း ညှိနှိုင်းဆွေးနွေးစေလိုပြီး ပြဿနာတစ်ခုအတွက် အင်အားသုံးခြင်း၊အငြင်းပွားမှုမဖြစ်ဖြစ်အောင်လှုံ့ဆော်ခြင်း၊ပြင်ပအင်အားစုများ ဒေသထဲသို့ခေါ်သွင်းခြင်းများမလုပ်ကြရန်လည်းပြောကြားခဲ့သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊အင်ဒိုနီးရှား၊လာအို၊မလေးရှား၊မြန်မာ၊ ဖိလစ်ပိုင်၊စင်္ကာပူ၊ထိုင်းနှင့် ဗီယက်နမ်တို့သည် လာအို၌ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကိုပြုလုပ်နေကြခြင်းလည်းဖြစ်သည်။ Source : ရှင်းဟွာ

တယ်လီကွန်းလိမ်လည်ဂိုဏ်းကို ချေမှုန်းနိုင်ခဲ့

ပေကျင်း၊နိုဝင်ဘာ ၂၁ မြန်မာနိုင်ငံမြောက်ပိုင်း တရုတ် - မြန်မာနယ်စပ်ရှိ အကြီးစားတယ်လီကွန်းလိမ်လည်ဂိုဏ်းနှင့်စင်တာများအား ချမှုန်းနိုင်ခဲ့ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။ မြန်မာနိုင်ငံမြောက်ပိုင်းရှိ တယ်လီကွန်းလိမ်လည်မှုဂိုဏ်းများတိုက်ဖျက်ရေးကို ယမန်နှစ်တွင်တရုတ်ဘက်မှစတင်ခဲ့ခြင်းဖြစ်ပြီး တရုတ်ဘက်မှတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၏ ပူးပေါင်းကြိုးပမ်းမှုများကြောင့် တရားခံ ၅၃,၀၀၀ ကျော်ကိုဖမ်းဆီးနိုင်ခဲ့သည်ဟုသိရသည်။ အဆိုပါစစ်ဆင်ရေးအတွင်း တယ်လီကွန်းလိမ်လည်မှုဖြင့် သံသယရှိသူ ၁,၀၇၉ ဦးကို မြန်မာနိုင်ငံမြောက်ပိုင်း တန့်ယန်းဒေသတွင် ပထမဆုံးအကြိမ် ဖမ်းဆီးရမိခဲ့သည်ဟုသိရသည်။ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရဲများနှင့် မြန်မာနိုင်ငံ၏ ဒေသဆိုင်ရာ တရားဥပဒေစိုးမိုးရေး အရာရှိများ ပူးပေါင်းစစ်ဆင်ရေးအတွင်း သံသယရှိသူများကို ယခုလိုဖမ်းဆီးရမိခဲ့ခြင်းလည်းဖြစ်သည်။ ၎င်းတို့အထဲမှ တရုတ်နိုင်ငံသား ၇၆၃ ဦးကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း ဝန်ကြီးဌာနကပြောကြားခဲ့ပြီး တရုတ်ပြည်သူ့လုံခြုံရေးအဖွဲ့များသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071