၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက် နောက်ပိုင်းကစလို့ စစ်ရေး ၊ နိုင်ငံရေးအပါအဝင် အထွေထွေအကြပ်အတည်းပေါင်းစုံနှင့် ရင်ဆိုင်နေရသည့် မြန်မာ့အရေး အဖြေရှာဖို့ ဆွေးနွေးကြမယ့် မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲကို ဒီကနေ့ ဒီဇင်ဘာ (၁၉) ရက် နံနက်ပိုင်းမှာ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့မှာ စတင်နေပါတယ်။
ဒီဆွေးနွေးပွဲကို လတ်တလော အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ လာအိုနဲ့ အိမ်ရှင် ထိုင်းနိုင်ငံက ကမကထလုပ် စီစဉ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်မှာဖြစ်ပါတယ်။
ဒီဇင်ဘာ (၁၉) ရက်နဲ့ (၂၀) ရက် (၂) ရက်တာ ကျင်းပမယ့် အဲဒီမြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲကို တရုတ်နိုင်ငံခြားရေးဒုဝန်ကြီး စွန်းဝေတုန်လည်း တက်ရောက်မယ့်အပြင် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုက နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ဆွေးနွေးမယ်လို့လည်း သိရပါတယ်။
ပုံစာ – (၉) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့တက်ရောက်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ