Tuesday, November 26, 2024

မြန်မာ့အာမခံလုပ်ငန်းက ကရင်ပြည်နယ်အတွင်း ရေကြီးမှုကြောင့်ပျက်စီးခဲ့ရသည့် စိုက်ဧကများအတွက်...

ကရင်ပြည်နယ်အတွင်း ပြီးခဲ့သည့် စက်တင်ဘာ လအတွင်းကဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် စိုက်ဧကများအ တွက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းမှ လျော်ကြေးငွေ(၁၂၉)သန်းကျော်ပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာ့အာမခံလုပ်ငန်းမှဆောင်ရွက်နေသည့် ရာ...

တရုတ်၊ မက္ကဆီကိုနှင့် ကနေဒါတို့ကိုအခွန်သစ် စည်းကြပ်မည်–ထရမ့်ပ်

တရားမဝင် လူဝင်ရောက်မှုများနှင့် တရားမဝင် မူးယစ်ဆေးဝါး ကုန်သွယ်မှုများကို စိုးရိမ်ရသည်ဟုဆိုကာ သူ သမ္မတတာဝန်ထမ်းဆောင်သည့် ပထမရက်တွင်ပင် မက္ကဆီကိုနှင့် ကနေဒါနိုင်ငံများမှ သွင်းကုန်အားလုံးအပေါ် အခွန်စည်းကြပ်မှု...

AFF Mitsubishi Electric Cup...

AFF Mitsubishi Electric Cup 2024ပြိုင်ပွဲတွင် မြန်မာအသင်းနှင့်တစ်အုပ်စုတည်းကျရောက်နေသည့် ဗီယက်နမ်အသင်းမှာ ကိုရီးယားနိုင်ငံတွင် စတင်လေ့ကျင်ပြင်ဆင်မှုများပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ ဗီယက်နမ်အသင်းအနေဖြင့် ကိုရီးယားနိုင်ငံ၏ အဆင့်အမြင့်ဆုံးလေ့ကျင့်ရေးစင်တာတစ်ခုဖြစ်သည့် Smart...

“ဝ” တောင်ပိုင်းအတွင်းရှိ UWSA စခန်း...

"ဝ"တောင်ပိုင်း ၁၇၁ ဧရိယာအတွင်းရှိ UWSA စခန်း ၉ ခုကို ထိုင်းစစ်တပ်က ဖယ်ရှားခိုင်း‌သည့်အပေါ် ယင်းကိစ္စရပ်သည် နိုင်ငံတော်အဆင့် ဆွေးနွေးရမည့်ကိစ္စဖြစ်သဖြင့် နိုင်ငံခေါင်းဆောင်များထံ...
HomeInternationalထိုင်းနိုင်ငံက စပါးတောင်သူများအတွက် ဘတ်...

ထိုင်းနိုင်ငံက စပါးတောင်သူများအတွက် ဘတ် ၃၈ ဘီလျံကူညီမည်

ဘန်ကောက်၊နိုဝင်ဘာ ၂၅

ထိုင်းနိုင်ငံစိုက်ပျိုးရေးဝန်ကြီးက နိုင်ငံ၏ဆန်စပါးစိုက်တောင်သူများအတွက် ဘတ်ငွေ ၃၈ ဘီလျံ (ဒေါ်လာ ၁ ဒသမ ၁ ဘီလျံ) ကို အကူအညီပေးမည့် အစီအစဉ်ကို ကြေညာခဲ့ပြီး ကုန်ထုတ်စွမ်းအားမြှင့်တင်ရန်ရည်ရွယ်သည်ဟု‌ေပြာကြားခဲ့သည်။

စိုက်ပျိုးရေး၀န်ကြီးကမူ ၎င်းအ‌နေဖြင့် လာမည့်သောကြာနေ့အစည်းအဝေးတွင် အစိုးရအဖွဲ့ထံ ဘတ် ငွေ ၃၈ ဘီလျံ (ဒေါ်လာ ၁ ဒသမ ၁ ဘီလျံ) ပေးမည့် အစီအစဉ်ကို တင်ပြမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

အဆိုပါအစီအစဉ်အရ စပါးစိုက်တောင်သူများသည် တစ်ရိုင်လျှင် ဘတ် ၁,၀၀၀ (၂၉ ဒေါ်လာ) ရရှိမည်ဖြစ်ပြီး တောင်သူတစ်ဦးလျှင် ၁၀ ရိုင် (၁ ဒသမ ၆ ဟက်တာ) အထိရရှိမည်ဖြစ်ကာ ဘတ်ငွေ ၃၈ ဘီလျံသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တောင်သူအိမ်ထောင်စုပေါင်း ၄ ဒသမ ၆၈ သန်းအထိအကျိုးပြုစေမည်ဟုလည်းဆိုခဲ့သည်။

ကမ္ဘာ့ဒုတိယအကြီးဆုံး ဆန်တင်ပို့သည့် ထိုင်းနိုင်ငံသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ဆန် မက်ထရစ်တန်ချိန် ၈ ဒသမ ၃၇ သန်း တင်ပို့ခဲ့ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၀ ရာခိုင်နှုန်းတိုးမြင့်လာခဲ့သည်ဟုသိရသည်။

ယခုနှစ်ကုန်တွင်မူ ဆန်တင်ပို့မှုမှာ မက်ထရစ်တန်ချိန် ၉ သန်းအထိရှိလာမည်ဟု ဝန်ကြီးဌာနကခန့်မှန်းထားပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆ ဒသမ ၄ ဘီလျံဖိုးရှိမည်ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

Source : ကဟွန်းအင်တာနေရှင်နယ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ့အာမခံလုပ်ငန်းက ကရင်ပြည်နယ်အတွင်း ရေကြီးမှုကြောင့်ပျက်စီးခဲ့ရသည့် စိုက်ဧကများအတွက် လျော်ကြေးငွေ(၁၂၉)သန်းကျော်ပေးအပ်

ကရင်ပြည်နယ်အတွင်း ပြီးခဲ့သည့် စက်တင်ဘာ လအတွင်းကဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် စိုက်ဧကများအ တွက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းမှ လျော်ကြေးငွေ(၁၂၉)သန်းကျော်ပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာ့အာမခံလုပ်ငန်းမှဆောင်ရွက်နေသည့် ရာ သီဥတုအညွှန်းကိန်းသီးနှံအာမခံလုပ်ငန်းအစီအစဥ်အရ ယနေ့ နိုဝင်ဘာ ၂၆ ရက်နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ဘားအံခရိုင်နှင့်လှိုင်းဘွဲမြို့နယ်တို့မှတောင်သူများအား သီးနှံလျော်ကြေးအဖြစ် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးမှ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ တောင်သူများ၏ စိုက်ပျိုးသီးနှံများ၌ ကြုံတွေ့နိုင်သော သဘာဝဘေးအန္တရာယ်များကို အာမခံ စနစ်ဖြင့် ကာကွယ်ထောက်ပံ့ပေးနိုင်ရေးဆောင်ရွက်ရာတွင် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် တောင်သူများလက်တွေ့ကျကျပူးပေါင်းပါဝင်ဆောင်ရွက်မှသာ သီးနှံအာမခံ စနစ်အောင်မြင်စွာဆောင်ရွက်နိုင်မည်ဟု ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။ ထို့ပြင်...

တရုတ်၊ မက္ကဆီကိုနှင့် ကနေဒါတို့ကိုအခွန်သစ် စည်းကြပ်မည်–ထရမ့်ပ်

တရားမဝင် လူဝင်ရောက်မှုများနှင့် တရားမဝင် မူးယစ်ဆေးဝါး ကုန်သွယ်မှုများကို စိုးရိမ်ရသည်ဟုဆိုကာ သူ သမ္မတတာဝန်ထမ်းဆောင်သည့် ပထမရက်တွင်ပင် မက္ကဆီကိုနှင့် ကနေဒါနိုင်ငံများမှ သွင်းကုန်အားလုံးအပေါ် အခွန်စည်းကြပ်မှု ၂၅ ရာခိုင်နှုန်းနှင့် တရုတ်နိုင်ငံမှ သွင်းကုန်များအပေါ်တွင် ထပ်တိုးစည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း ချမှတ်သွားမည်ဟု အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က နိုဝင်ဘာ ၂၅ ရက်တွင် ကတိပြုလိုက်သည်။ “ဇန်နဝါရီ ၂၀ ရက်နေ့တွင် ကျွနု်ပ်၏ ပထမဆုံးသော သမ္မတအမိန့်များထဲမှ တစ်ခုအနေဖြင့် အမေရိကန်ပြည်ထောင်စုအတွင်း ဝင်ရောက်သော မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့မှ ထုတ်ကုန်အားလုံးအပေါ် ၂၅...

AFF Mitsubishi Electric Cup 2024ပြိုင်ပွဲတွင် မြန်မာအသင်းနှင့်တစ်အုပ်စုတည်းကျရောက်နေသည့် ဗီယက်နမ်အသင်း ကိုရီးယားနိုင်ငံတွင် စတင်လေ့ကျင်ပြင်ဆင်

AFF Mitsubishi Electric Cup 2024ပြိုင်ပွဲတွင် မြန်မာအသင်းနှင့်တစ်အုပ်စုတည်းကျရောက်နေသည့် ဗီယက်နမ်အသင်းမှာ ကိုရီးယားနိုင်ငံတွင် စတင်လေ့ကျင်ပြင်ဆင်မှုများပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ ဗီယက်နမ်အသင်းအနေဖြင့် ကိုရီးယားနိုင်ငံ၏ အဆင့်အမြင့်ဆုံးလေ့ကျင့်ရေးစင်တာတစ်ခုဖြစ်သည့် Smart Air Dome Gyeongju ၌ နာမည်ကျော် ကိုရီးယားဂန္တဝင်ဂိုးသမားကြီး လီဝန်ဂျေးက ဂိုးနည်းပြအဖြစ် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။ ဗီယက်နမ်အသင်းကို နည်းပြချုပ်အဖြစ် ကိုရီးယားလူမျိုးနည်းပြ ကင်မ်ဆန်ဆစ်က တာဝန်ယူကိုင်တွယ်နေပြီး မစ်ဆူဘီရှီဖလားပြိုင်ပွဲ၌ အင်ဒိုနီးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ လာအို အသင်းတို့တစ်အုပ်စုတည်းကျရောက်နေခြင်းဖြစ်သည်။ AFF Mitsubishi Electric Cup 2024 ပြိုင်ပွဲကို လာမည့်ဒီဇင်ဘာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071