Tuesday, November 19, 2024

လုံခြုံရေးဆက်ဆံမှုခိုင်မာရေးနှင့်အိန္ဒိယနှင့်နိုင်ဂျီးရီးယား ကတိပြု

နိုင်ဂျီးရီးယားနှင့် အိန္ဒိယခေါင်းဆောင်များ သည် တနင်္ဂနွေနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ရေကြောင်းလုံခြုံရေးနှင့် အကြမ်းဖက်မှုတန်ပြန်ရေးဆိုင်ရာ ဆက်ဆံမှုများပိုမိုခိုင်မာရေးကို ကတိပြုခဲ့ကြသကဲ့သို့ ကမ္ဘာ့တောင်ခြမ်းနိုင်ငံများကို ပိုမိုထောက်ပံ့ရန် သဘောတူညီခဲ့ကြသည်။ နိုင်ဂျီးရီးယားနိုင်ငံသို့ ပထမဆုံးခရီးစဉ်အဖြစ်...

YBS ယာဉ်မောင်းများ စည်းကမ်းမလိုက်နာပါက Smart...

ခရီးသည်တင်ယာဉ်ဘတ်စ်ကား မောင်းနှင်သည့် YBS ယာဉ်မောင်းများအနေဖြင့် စည်းကမ်းမလိုက်နာပါက Smart Card နှင့် ကညနလိုင်စင် ဖျက်သိမ်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ...

အဆင်းရဲဆုံးနိုင်ငံများအတွက်ကမ္ဘာ့ဘဏ်ကိုဒေါ်လာ၄ဘီလျံ ထည့်မည်– ဘိုင်ဒင်

အသုံးစရိတ်ဖြတ်တောက်မှုများလုပ်လာမည့် ဒေါ်နယ်ထရမ့်ပ် ရာထူးတာဝန် မထမ်းဆောင်မီတွင် အဆင်းရဲဆုံးနိုင်ငံများကို အကူအညီပေးရေးဆိုင်ရာ ကမ္ဘာ့ဘဏ်ရန်ပုံငွေသို့ အမေရိကန်ဒေါ်လာ ၄ ဘီလျံထည့်ဝင်သွားမည့် ဟုအမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကြေညာခဲ့သည်။ ကမ္ဘာ့ခေါင်းဆောင်များ...

အာဆီယံနိုင်ငံများနှင့် အိမ်ရှင်နိုင်ငံတို့အကြား ဆက်ဆံရေးတိုးမြှင့်နိုင်ရေးနှင့် စပ်လျဉ်း၍...

အာဆီယံနိုင်ငံများနှင့် အိမ်ရှင်နိုင်ငံတို့အကြား ဆက်ဆံရေး တိုးမြှင့်နိုင်မည့် နည်းလမ်းများနှင့် စပ်လျဉ်း၍ အာဆီယံကိုင်ရိုကော်မတီ၏ (၂၇၅) ကြိမ်မြောက် အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ...
HomeNewsLocal Newsထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား မိဘ...

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား မိဘ (၂) ပါးမှ မွေးဖွားသည့် ကလေ-းများအတွက် မွေးဖွားခြင်း မှတ်ပုံတင်နိုင်ပြီဖြစ်

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား မိဘ (၂) ပါးမှ မွေးဖွားသည့် ကလေ-းများအတွက် မွေးဖွားခြင်း မှတ်ပုံတင်နိုင်ပြီဖြစ်ဖြစ်ကြောင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက အသိပေးကြေညာထားသည်။

ကလေ-းများအတွက် မွေးဖွားခြင်းမှတ်ပုံတင်ရာတွင် မွေးဖွားသည့်နေ့မှစ၍ တစ်နှစ်အတွင်း မြန်မာသံရုံး၊ ဘန်ကောက်မြို့ (သို့မဟုတ်) မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့တို့တွင် မိဘ (သို့မဟုတ်) အုပ်ထိန်းသူကိုယ်တိုင်လာရောက်၍ ကလေ-း၏ မွေးစာရင်းမိတ္တူ (အင်္ဂလိပ်ဘာသာပြန်)၊ မိဘနှစ်ပါး၏ မြန်မာနိုင်ငံကူးလက်မှတ်မိတ္တူ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားမိတ္တူများနှင့်အတူ လိုအပ်သော လျှောက်လွှာပုံစံများ ဖြည့်စွက်၍ မှတ်ပုံတင်နိုင်ကြောင်း အသိပေးထားသည်။

မွေးဖွားခြင်းမှတ်ပုံတင်ပြီးပါက ထိုင်းနိုင်ငံတွင် ဆက်လက်နေထိုင်ရန်လိုအပ်ပါက မြန်မာနိုင်ငံကူးလက်မှတ် (မွေးတိုး) အား လျှောက်ထားနိုင်ပြီး ကိုယ်ရေးလျှောက်လွှာနှင့် ကိုယ်ရေးအချက်အလက်ပုံစံများ (ဓါတ်ပုံ ကပ်လျက်)၊ ကလေ-းမွေးစာရင်းမိတ္တူ (ထိုင်း/အင်္ဂလိပ်)နှင့် မိဘ (၂)ပါး၏ လိုအပ်သည့်စာရွက်စာတမ်းများကိုပါ ပူးတွဲလျှောက်တင်ရမည် ဖြစ်သည်။

အဆိုပါ မြန်မာနိုင်ငံကူးလက်မှတ် (မွေးတိုး) လျှောက်ထားလာမှုအပေါ် ဆောင်ရွက်ရန် အချိန်ကာလခန့်မှန်း (၄)လခန့်ကြာမြင့်နိုင်ကြောင်း သိရသည်။

အကယ်၍ မလျှောက်ထားဘဲ မြန်မာနိုင်ငံသို့ အမြန်ပြန်လည်ခေါ်ဆောင်လိုပါက တစ်ခါသုံးမည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (One way Certificate of Identity- CI) ကို လျှောက်ထား ရယူနိုင်မည်ဖြစ်ပြီး လိုအပ်သည့်ပုံစံလျှောက်လွှာများကို ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လုံခြုံရေးဆက်ဆံမှုခိုင်မာရေးနှင့်အိန္ဒိယနှင့်နိုင်ဂျီးရီးယား ကတိပြု

နိုင်ဂျီးရီးယားနှင့် အိန္ဒိယခေါင်းဆောင်များ သည် တနင်္ဂနွေနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ရေကြောင်းလုံခြုံရေးနှင့် အကြမ်းဖက်မှုတန်ပြန်ရေးဆိုင်ရာ ဆက်ဆံမှုများပိုမိုခိုင်မာရေးကို ကတိပြုခဲ့ကြသကဲ့သို့ ကမ္ဘာ့တောင်ခြမ်းနိုင်ငံများကို ပိုမိုထောက်ပံ့ရန် သဘောတူညီခဲ့ကြသည်။ နိုင်ဂျီးရီးယားနိုင်ငံသို့ ပထမဆုံးခရီးစဉ်အဖြစ် ရောက်ရှိခဲ့သော အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီကို သမ္မတ ဘိုလာ တီနူဘူက မြို့တော် အဘူဂျာတွင် လက်ခံတွေ့ဆုံခဲ့ပြီး ခေါင်းဆောင်နှစ်ဦးသည် ကာကွယ်ရေး၊ စွမ်းအင်၊ နည်းပညာ၊ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နယ်ပယ်များတွင် ၎င်းတို့၏ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အခန်းကဏ္ဍအသစ်အတွက် ပြောဆိုဆွေးနွေးခဲ့ကြသည်။ နိုင်ဂျီးရီးယားအပြင် တရုတ်နှင့် ချမ်းသာကြွယ်ဝသော ပါရှန်းပင်လယ်ကွေ့နိုင်ငံအချို့လည်းပါဝင်ပြီး အဓိကအားဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများဟုမှတ်ယူထားသော...

YBS ယာဉ်မောင်းများ စည်းကမ်းမလိုက်နာပါက Smart Card နှင့် ကညန လိုင်စင် ဖျက်သိမ်းမည်

ခရီးသည်တင်ယာဉ်ဘတ်စ်ကား မောင်းနှင်သည့် YBS ယာဉ်မောင်းများအနေဖြင့် စည်းကမ်းမလိုက်နာပါက Smart Card နှင့် ကညနလိုင်စင် ဖျက်သိမ်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ သိရသည်။ YBS ယာဉ်မောင်းများအနေဖြင့် စည်းကမ်းမဲ့ မဆင်မခြင် မောင်းနှင်ခြင်းမျိုးရှိပါက ယာဉ်မောင်း Smart Card ကို ဖျက်သိမ်းမည်ဖြစ်ပြီး ကညန ယာဉ်မောင်းလိုင်စင်ကိုလည်း အချိန်ကာလတစ်ခုအထိ သတ်မှတ်၍ ပိတ်သိမ်းအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ YRTC ၏ မှတ်တမ်းများအရ ယခုလတွင် မီးနီဖြတ်မောင်းသူ (၁၁)ဦး၊ ယဥ်ကျော်တက်သူ (၁၉)ဦး၊ မီးပွိုင့်တွင် လူတ င်...

အဆင်းရဲဆုံးနိုင်ငံများအတွက်ကမ္ဘာ့ဘဏ်ကိုဒေါ်လာ၄ဘီလျံ ထည့်မည်– ဘိုင်ဒင်

အသုံးစရိတ်ဖြတ်တောက်မှုများလုပ်လာမည့် ဒေါ်နယ်ထရမ့်ပ် ရာထူးတာဝန် မထမ်းဆောင်မီတွင် အဆင်းရဲဆုံးနိုင်ငံများကို အကူအညီပေးရေးဆိုင်ရာ ကမ္ဘာ့ဘဏ်ရန်ပုံငွေသို့ အမေရိကန်ဒေါ်လာ ၄ ဘီလျံထည့်ဝင်သွားမည့် ဟုအမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကြေညာခဲ့သည်။ ကမ္ဘာ့ခေါင်းဆောင်များ တွေ့ဆုံချိန်၌ သူ၏ နောက်ဆုံးအကြိမ် ပါဝင်မှုဖြစ်သော ရီယိုဒီဂျနေရိုးတွင် ပြုလုပ်နေသည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေး၌ ရာထူးနုတ်ထွက်တော့မည့် ခေါင်းဆောင်က နိုင်ငံတကာဖွံ့ဖြိုးရေးအဖွဲ့အတွက် ရန်ပုံငွေကို ထုတ်ဖော်ကြေညာခဲ့ခြင်းဖြစ်သည်။ “အမေရိကန်ပြည်ထောင်စုက သုံးနှစ်တာကာလအတွက် ဒေါ်လာ ၄ ဘီလျံ ကတိပြုဖို့ ရည်ရွယ်ထားတယ်ဆိုတာကို သမ္မတက ဒီနေ့မှာ ကြေညာသွားခဲ့ပြီး ဒါက တကယ့်ကို စိတ်လှုပ်ရှားစရာပါ” ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071