ကမ္ဘာ့ရေပန်းအစားဆုံး ခရီးသွားနေရာများထဲမှ တစ်ခုဖြစ်သည့် ထိုင်းနိုင်ငံသည် ခရီးသွားဧည့်သည်များအတွက် ပိုမိုချောမွေ့ပြီး ထိရောက်မှုရှိစေရန် ၎င်း၏ ခရီးသွားလုပ်ငန်းကို ဆန်းသစ်ရာတွင် ဒစ်ဂျစ်တယ်ဆိုက်ရောက်ကတ်စနစ် ဖြင့် လုပ်ဆောင်တော့မည်ဖြစ်သည်။
လဝက လုပ်ငန်းစဉ်ကို ခေတ်မီစေရန်နှင့် စမတ်ခရီးသွားနည်းပညာဆိုင်ရာခြေလှမ်းတစ်ရပ်ဖြစ်သည်။
စင်္ကာပူဗီဇာကို အွန်လိုင်းလျောက်သည့်ပုံစံမျိုးနှင့်ဆင်သည်။ လက်ရှိပေးထားသော link (https://tdac.immigration.go.th) သို့မဟုတ် QR code မှဝင်လျှင်ရသည်။
၃ရက် အတွင်းကြိုလျှောက်ထားရမည်ဖြစ်၍ မေ ၁ရက်နေ့အတွက် ဧပြီ ၂၈ မှစ ၍ဖြည့်နိုင်သည်။
မိမိ နိုင်ငံကူးလက်မှတ်အချက်အလက်အပြည့်အစုံ အပြင် တည်းခိုမည့်နေရာ၊ လာရောက်ခြင်းရည်ရွယ်ချက်၊ လေယာဥ် ခရီးစဥ်အမှတ် တို့ဖြည့်ပေးရမည်။ ဖြည့်ပြီးပါက လျောက်သည့် email သို့ အကြောင်းပြန်စာ ပေးပို့မည်ဖြစ်ပြီး ထို အကြောင်းပြန်စာကို ထိုင်းအဝင် လဝက တွင်ပြသရမည်ဖြစ်သည်။