ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မစ္စ ပေတုံတန် ရှင်နာဝပ်တို့နှစ်ဦးသည် မြန်မာ-ထိုင်းနှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားမဝင်ကုန်သွယ်မှုများပူးပေါင်းတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးနှင့် တရားမဝင်လက်နက်ရောင်းဝယ်မှုများပပျောက်ရေးတို့အတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် တရားမဝင်အွန်လိုင်းလော-င်းကစားမှုများနှင့် ငွေကြေးလိ-မ်လည်မှုများပပျောက်ရေး၊ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု လျော့နည်းပပျောက်စေရေးအတွက် နယ်စပ်နေပြည်သူများအား အသိပညာပေးမှုများနှင့် စိုက်ပျိုးရေးနည်းပညာများဖြန့်ဝေပေးသွားမည့်အခြေအနေများ၊ စီးပွားရေးကဏ္ဍ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင် ဆောင်ရွက်သွားမည့်အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။
ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအ စည်းအဝေးတက်ရောက်ရန် ထိုင်းနိုင်ငံသို့ရောက်ရှိနေသည့် နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စ ပေတုံတန်တို့ ယနေ့ ဧပြီ ၄ ရက်နံနက်ပိုင်းက ဘန်ကောက်မြို့၌ တွေ့ဆုံရာ၌ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။