Monday, January 20, 2025

ကမ္ဘောဒီးယားမြေမြှုပ်မိုင်းကင်းစင်မည့်ကာလ၂၀၃၀ ပြည့်နှစ်အထိတိုး

ဖနောင်ပင်၊ဇန်နဝါရီ ၁၉ ကမ္ဘောဒီးယားသည် ၎င်း၏မိုင်းလုံးဝကင်းစင်ရေးကို အကောင်အထည်ဖော်နိုင်မည့်ကာလကို မူလက ၂၀၂၅ ခုသတ်မှတ်ထားသော်လည်း မိုင်းရှာဖွေရေးနှင့်ရှင်းလင်းရေးတွင် ပထဝီဝင်ဆိုင်ရာအခက်အခဲများကြောင့် ၂၀၃၀ ပြည့်နှစ်သို့ပြောင်းလဲသတ်မှတ်လိုက်ကြောင်းသိရသည်။ အထူးသဖြင့် ကမ္ဘောဒီးယားနှင့်ထိုင်းနယ်စပ်တစ်လျှောက်ရှိမိုင်းကွင်းများသည် မိုင်းရှာဖွေရှင်းလင်းရန်ခက်ခဲသည့်...

သက်ဆင်ကဝင်ငွေနည်းသူများအတွက်အိမ်တစ်သန်း ဆောက်လုပ်ပေးမည်

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက ဝင်ငွေနည်းပါး‌သော ထိုင်းပြည်သူပြည်သားများအတွက် နေအိမ်တိုက်ခန်း တစ်သန်း ဆောက်လုပ်ပေးသွားမည်ဟု တနင်္ဂနွေနေ့က Bueng Kan ပြည်နယ်တွင် ပြုလုပ်သော မဲဆွယ်စည်းရုံးမှုတစ်ခုတွင်...

မဟာဗန္ဓုလတံတား ချဉ်ကပ်လမ်းတွင် ယာဉ်တို-က်မှုဖြစ်ပွားကာ အမျိုးသမီး...

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ မဟာဗန္ဓုလတံတား ချဉ်ကပ်လမ်းပေါ်တွင် ယာဉ် (၁)စီးမှ လမ်းဖြတ်ကူးသည့် အမျိုးသမီး (၂) ဦအား တို-က်မိပြီး မောင်းနှင်ထွက်ပြေးသွားရာ ယာဉ်အတို-က်ခံရသူ...

ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ရာမှနေအိမ်မီးလောင် အမျိုးသမီး(၂)ဦးဒဏ်ရာရခဲ့မှု ချမ်းအေးသာစံတွင်ဖြစ်ပွား

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်တွင် ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ရာမှ နေအိမ်တစ်လုံးမီးလောင်ခဲ့မှု ယနေ့ ဇန်နဝါရီ ၂၀ ရက်နံနက် ၅ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များထံမှ...
HomeInternationalထိုင်းပါလီမန်ကို ဖျက်သိမ်း၊ အထွေထွေရွေးကောက်ပွဲများ...

ထိုင်းပါလီမန်ကို ဖျက်သိမ်း၊ အထွေထွေရွေးကောက်ပွဲများ ကျင်းပတော့မည်

ဘန်ကောက်၊ မတ် ၂၀

ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်းသည် မတ်လ ၂၀ ရက် တနင်္လာနေ့တွင် ပါလီမန်ကို ဖျက်သိမ်းရန် ဒီကရီအမိန့် ကိုထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဖျက်သိမ်းလိုက်သဖြင့် ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲများကို ကျင်းပတော့မည် ဖြစ်သည်။

အဆိုပါ အတည်ပြု ဒီကရီအမိန့်ကို မတ်လ ၁၇ ရက်နေတွင် ထုတ်ပြန်ခဲ့ပြီး တနင်္လာနေ့၌ စတင် အာဏာသက်ရောက်ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပါလီမန်ဖျက်သိမ်းပြီးနောက် ၄၅ ရက်မှ ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲများကို ကျင်းပရမည်ဖြစ်သည်။ ဆိုလိုသည်မှာ ရွေးကောက်ပွဲများကို မေလ ၄ ရက် မှ ၁၉ ရက်အတွင်း ကျင်းပရမည်ဖြစ်သည်။

ရွေးကောက်ပွဲ ကျင်းပမည့် ရက်အတိအကျကိုမူ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပြီး တော်ဝင်ပြန်တမ်းတွင်လည်း ကြေညာသွားမည်ဟု သိရသည်။

ထိုင်းနိုင်ငံ၌ နောက်ဆုံးကျင်းပခဲ့သော ရွေးကောက်ပွဲမှာ ၂၀၁၉ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့ကဖြစ်သည်။

Source: CNA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘောဒီးယားမြေမြှုပ်မိုင်းကင်းစင်မည့်ကာလ၂၀၃၀ ပြည့်နှစ်အထိတိုး

ဖနောင်ပင်၊ဇန်နဝါရီ ၁၉ ကမ္ဘောဒီးယားသည် ၎င်း၏မိုင်းလုံးဝကင်းစင်ရေးကို အကောင်အထည်ဖော်နိုင်မည့်ကာလကို မူလက ၂၀၂၅ ခုသတ်မှတ်ထားသော်လည်း မိုင်းရှာဖွေရေးနှင့်ရှင်းလင်းရေးတွင် ပထဝီဝင်ဆိုင်ရာအခက်အခဲများကြောင့် ၂၀၃၀ ပြည့်နှစ်သို့ပြောင်းလဲသတ်မှတ်လိုက်ကြောင်းသိရသည်။ အထူးသဖြင့် ကမ္ဘောဒီးယားနှင့်ထိုင်းနယ်စပ်တစ်လျှောက်ရှိမိုင်းကွင်းများသည် မိုင်းရှာဖွေရှင်းလင်းရန်ခက်ခဲသည့် တောင်တန်းဒေသများနှင့် သစ်တောထူထပ်သောနေရာများဖြစ်နေခြင်းကြောင့်ဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။ “အဲ့ဒီနေရာတွေက တောထူထပ်ပြီး အဆိပ်အတောက်တွေနဲ့ညစ်ညမ်းနေတဲ့နေရာတွေဖြစ်တာကြောင့် မိုင်းရှင်းလင်းရေးအဖွဲ့တွေဝင်ရောက်ရှင်းလင်းဖို့ခက်ခဲတာမို့လို့ အချိန်လိုအပ်တာကြောင့်ထပ်တိုးလိုက်ရခြင်းဖြစ်ပါတယ်” ဟုလည်းဆိုခဲ့သည်။ ကမ္ဘောဒီးယားမြေမြှုပ်မိုင်းရှင်းလင်းရေးအဖွဲ့အနေဖြင့် မိုင်းရှင်းလင်းရေးလှုပ်ရှားမှုမူဝါဒ ၂၀၂၆ - ၂၀၃၀ ကို ထပ်မံရေးဆွဲခဲ့ပြီး ရည်မှန်းချက်အသစ်ကိုအကောင်အထည်ဖော်နိုင်ရန် စီမံကိန်းများနှင့်မဟာဗျူဟာများလည်းချမှတ်ထားသည်ဟုသိရသည်။ ကမ္ဘောဒီးယားသည် မြေမြှုပ်မိုင်းဒဏ်အများဆုံးခံခဲ့ရသော နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပြီး ၁၉၇၉ မှ ၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့်စစ်လက်ကျန်မိုင်းများကြောင့် လူပေါင်း ၁၉,၃၈၄ ဦးသေဆုံးကာ ၄၅,၂၅၂...

သက်ဆင်ကဝင်ငွေနည်းသူများအတွက်အိမ်တစ်သန်း ဆောက်လုပ်ပေးမည်

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက ဝင်ငွေနည်းပါး‌သော ထိုင်းပြည်သူပြည်သားများအတွက် နေအိမ်တိုက်ခန်း တစ်သန်း ဆောက်လုပ်ပေးသွားမည်ဟု တနင်္ဂနွေနေ့က Bueng Kan ပြည်နယ်တွင် ပြုလုပ်သော မဲဆွယ်စည်းရုံးမှုတစ်ခုတွင် ပြောကြားသည့် မိန့်ခွန်း၌ ကတိပြုခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းက အစိုးရ၏Home for Thais အစီအစဉ်ကို စတင်လိုက်ပြီးနောက် လူပေါင်း ၃၁ သန်းက တိုက်ခန်းအတွက် စာရင်းသွင်းရန် စိတ်ဝင်စားကြောင်းဖော်ပြခဲ့ကြပြီး သိန်းနှင့်ချီ၍ မှတ်ပုံတင်ထားပြီဖြစ်ကြောင်း သက်ဆင်က ပြောကြားခဲ့သည်။ ဖေဖော်ဝါရီ ၁ ရက်တွင်ပြုလုပ်မည့် ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ ရွေးကောက်ပွဲများမတိုင်မီ တနင်္ဂနွေနေ့က Bueng Kan...

မဟာဗန္ဓုလတံတား ချဉ်ကပ်လမ်းတွင် ယာဉ်တို-က်မှုဖြစ်ပွားကာ အမျိုးသမီး (၂) ဦး အသက်ဆုံးရှုံး

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ မဟာဗန္ဓုလတံတား ချဉ်ကပ်လမ်းပေါ်တွင် ယာဉ် (၁)စီးမှ လမ်းဖြတ်ကူးသည့် အမျိုးသမီး (၂) ဦအား တို-က်မိပြီး မောင်းနှင်ထွက်ပြေးသွားရာ ယာဉ်အတို-က်ခံရသူ အမျိုးသမီး (၂)ဦး နေရာမှာပင် အသက်ဆုံးရှုံးခဲ့ရကြောင်း ဖြစ်စဉ်ကို သွားရောက်ကူညီခဲ့သည့် လူမှုကူညီကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။ ယမန်နေ့ ဇန်နဝါရီ (၁၉)ရက်၊ ည(၆)နာရီ မိနစ်(၂၀)အချိန်ခန့်က မဟာဗန္ဓုလတံတား ချဉ်ကပ်လမ်းပေါ် ယာဉ်တိုက်မှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူရှိကြောင်း သတင်းအရ ရှင်သန်ရေးလူမှုကူညီရေးအသင်း၊ သစ္စာမဏ္ဍိုင်လူမှုကူညီကယ်ဆယ်ရေးအသင်းနှင့် လင်းလက်လူမှုကူညီရေးအသင်းတို့မှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်တို-က်ခံရသူ အမျိုးသမီး (၂)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071