ပုဇွန်ချဉ် ၄၀,၀၀၀ ကီလိုဂရမ်တင်ဆောင်လာသော မြန်မာငါးဖမ်းလှေတစ်စီးနှင့် သင်္ဘောသားခြောက်ဦးကို မှောင်ခိုကုန်ကူးမှုဖြင့် ထိုင်းနိုင်ငံတောင်ပိုင်းပြည်နယ်တွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။
နိုင်ငံအတွင်း ရေထွက်ကုန်များ တရားမဝင်တင်သွင်းနေသည့် ရေယာဉ်တစ်စီးကို တွေ့ရှိထားသည်ဆိုသည့် အကြောင်းကြားချက် ရရှိပြီးနောက် ရေတပ်အရာရှိများဦးဆောင်သော တာဝန်ရှိသူများသည် ရနောင်းမြို့နယ် Pak Nam ဆိပ်ကမ်းသို့ သောကြာနေ့ည ၉ နာရီတွင် သွားရောက်ခဲ့ကြသည်ဟု အမှတ် ၃ ထိုင်းရေကြောင်းထိန်းသိမ်းရေးဗဟိုဌာနက စနေနေ့တွင် ပြောဆိုခဲ့သည်။
သင်္ဘောပေါ်တွင် သင်္ဘောသားခြောက်ဦးပါရှိသည့် မြန်မာရေယာဉ်တစ်စင်းကို ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည်ကို တာဝန်ရှိသူများတွေ့ရှိခဲ့ပြီး အဆိုပါသင်္ဘောသည် ထိုင်းနိုင်ငံအတွင်းသို့ ရေထွက်ကုန်များ သယ်ဆောင်ခွင့် ပါမစ်မရှိဟု ဆိုသည်။
သင်္ဘောပေါ်ရှာဖွေခဲ့ရာတွင် ပုစွန်ချဉ် ၂၀ ကီလိုဂရမ်စီပါဝင်သော အိတ်ပေါင်း၂,၀၀၀ ကိုတွေ့ရှိခဲ့သည်။
သင်္ဘောသားခြောက်ဦးကို ဥပဒေအရအရေးယူဆောင်ရွက်နိုင်ရန် Pak Nam ရဲစခန်းသို့ လွှဲအပ်ပေးခဲ့သည်ဟု သိရသည်။
ရနောင်းကမ်းလွန်ရှိ မြန်မာရေပိုင်နက်အတွင်း ဝင်ရောက်ခဲ့သည့် ထိုင်းငါးဖမ်းလှေ ၁၅ စင်းကို မြန်မာရေတပ်ကင်းလှည့်ရေယာဉ်က ပ-စ်ခ-တ်ခဲ့သည့် ဖြစ်ရပ်အပြီး သီတင်းနှစ်ပတ်အကြာတွင် ယခုဖြစ်စဉ်ပေါ်ပေါက်လာခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်တွင် ထိုင်းရေလုပ်သား လေးဦးမှာ ကော့သောင်းတွင် ဖမ်းဆီးခံထားရဆဲဖြစ်သည်။
အဆိုပါရေလုပ်သားများ လွတ်မြောက်ရေးအတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂီယမ်ပွန်ဆာသည် ကြာသပတေးနေ့တွင် မြန်မာနိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားသည်။
Ref: ဘန်ကောက်ပို့စ်