Saturday, December 28, 2024

မဲခေါင်မြစ်ကြောင်းတစ်လျှောက် တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို မြန်မာအပါအဝင်(၄)နိုင်ငံဆွေးနွေး

မဲခေါင်မြစ်ကြောင်းတစ်လျှောက် တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို မြန်မာ၊ တရုတ်၊ လာအို၊ ထိုင်းနိုင်ငံတို့ ဒီဇင်ဘာ ၂၇ ရက်နံနက်ပိုင်းက ရန်ကုန်မြို့၌ ဆွေးနွေးခဲ့ကြသည်။ အဆိုပါ (၄)နိုင်ငံမှအဆင့်မြင့်ကိုယ်စားလှယ်အရာရှိများက နှစ်ပတ်လည်အကျဉ်းချုပ်အစည်း...

ပြည်ပ ပို့ကုန်သွင်းကုန်များအပေါ် Market Trading...

၂၀၂၅ ခုနှစ် ဇန်နဝါရီ (၁)ရက်မှစတင်၍ တင်သွင်း၊ တင်ပို့သည့် ကုန်ပစ္စည်းများအပေါ် Market Trading Rate တစ်ဒေါ်လာလျှင် ကျပ် ၃၅၈၀...

TikTok ဥပဒေကို ဆိုင်းငံ့ထားရန် ထရမ့်ပ်...

နာမည်ကျော် ဆိုရှယ်မီဒီယာအက်ပ်ကို ပိတ်ပင်ခံရနိုင်သည့် သို့မဟုတ် အတင်းအကြပ်ရောင်းချရစေနိုင်သည့် ဖက်ဒရယ် TikTok ဥပဒေတစ်ရပ်ကို ဆိုင်းငံ့ပေးရန် ဒေါ်နယ်ထရမ့်ပ်က အမေရိကန်တရားရုံးချုပ်ကို လျှောက်ထားတောင်းဆိုလိုက်ပြီး သူတာဝန်ထမ်းဆောင်ချိန်တွင်...

မန်မိုဟန်ဆင်းကို နိုင်ငံတော်ဈာပနအခမ်းအနားဖြင့် ဂုဏ်ပြုသဂြိုဟ်မည်

ဒီဇင်ဘာ ၂၆ ရက်က ဒေလီမြို့တွင် ကွယ်လွန်သွားခဲ့သော ဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်း(အသက် ၉၂ နှစ်) အတွက် ဇန်နဝါရီ ၁ ရက်နေ့အထိ...
HomeInternationalထိုင်းရဲက စင်္ကာပူအခြေစိုက် လိမ်လည်မှုကွန်ရက်အသစ်ကိုဖော်ထုတ်နိုင်ခဲ့

ထိုင်းရဲက စင်္ကာပူအခြေစိုက် လိမ်လည်မှုကွန်ရက်အသစ်ကိုဖော်ထုတ်နိုင်ခဲ့

ဘန်ကောက်၊ဒီဇင်ဘာ ၂၇

ထိုင်းနည်းပညာရဲတပ်ဖွဲ့သည် နယ်မြေပြောင်းလှုပ်ရှားနေသည့် စင်္ကာပူအခြေစိုက် လိမ်လည်မှုကွန်ရက်အသစ်တစ်ခုကို ဖော်‌ထုတ်တွေ့ရှိခဲ့ကြောင်းသိရသည်။

အဆိုပါလုပ်ငန်းများသည် ပုံမှန်အားဖြင့် ကမ္ဘောဒီးယားအခြေစိုက် လုပ်ငန်းများသာဖြစ်ကြပြီး စင်္ကာပူအခြေစိုက်သည်မှာရှားပါးသည်။ယခုဖော်ထုတ်တွေ့ရှိမှုသည် အသက် ၁၉ နှစ်အရွယ် တရုတ်နိုင်ငံသားတစ်ဦးနှင့်၎င်း၏ချစ်သူမိန်းကလေးကို ဘန်ကောက်၌ဖမ်းမိရာမှ ကွင်းဆက်ရခဲ့ခြင်းဖြစ်သည်။

ကမ္ဘောဒီးယား၊မြန်မာနှင့်လာအိုကဲ့သို့ အိမ်နီးချင်းနိုင်ငံများအစား လိမ်လည်သူများသည် စင်ကာပူမှတစ်ဆင့် ၎င်းတို့၏ လိမ်လည်ရာတွင်သုံးသည့်ဖုန်းများကို လမ်းကြောင်းပြောင်းနေခြင်းဖြစ်ကြောင်း နည်းပညာမှုခင်းနှိမ်နင်းရေးဌာနကဖော်ပြခဲ့သည်။

ဤသို့နည်းဗျူဟာပြောင်းလဲလိုက်မှုသည် ခြေရာခံအချက်ပြမှုဇစ်မြစ်ကို တရားဥပဒေစိုးမိုးရေးအတွက် စိန်ခေါ်မှုကို အတော်ပင်ကြီးမားစေခဲ့သည်။

အယုဒ္ဓယပြည်နယ်မှ လူတစ်ဦးသည် လိမ်လည်သူများကြောင့် ဘတ် ၁၀,၆၀၀ ဆုံးရှုံးခဲ့ကြောင်း သတင်းပို့ပြီးနောက် စုံစမ်းစစ်ဆေးမှုစတင်ခဲ့ကာ ရဲများသည် စစ်ဆင်ရေးကို တစ်လကြာခြေရာခံခဲ့ပြီး အဝေးထိန်းစနစ်ဖြင့်စောင့်ကြည့်ရာ စီစီတီဗွီကင်မရာများ တပ်ဆင်ထားသော ရုံးခန်းတစ်ခုကိုရှာဖွေတွေ့ရှိခဲ့သည်ဟုလည်းသိရသည်။

Source : Khasod English

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မဲခေါင်မြစ်ကြောင်းတစ်လျှောက် တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို မြန်မာအပါအဝင်(၄)နိုင်ငံဆွေးနွေး

မဲခေါင်မြစ်ကြောင်းတစ်လျှောက် တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို မြန်မာ၊ တရုတ်၊ လာအို၊ ထိုင်းနိုင်ငံတို့ ဒီဇင်ဘာ ၂၇ ရက်နံနက်ပိုင်းက ရန်ကုန်မြို့၌ ဆွေးနွေးခဲ့ကြသည်။ အဆိုပါ (၄)နိုင်ငံမှအဆင့်မြင့်ကိုယ်စားလှယ်အရာရှိများက နှစ်ပတ်လည်အကျဉ်းချုပ်အစည်း အဝေး(၂၀၂၄)တွင် မဲခေါင်မြစ်ကြောင်းတစ်လျှောက် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ မဲခေါင်မြစ်ဝှမ်းဒေသနေ ပြည်သူများ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရေးတို့အားဆွေးနွေးခဲ့ကြသည်။ ထို့ပြင် မြန်မာ၊ တရုတ်၊ လာအို၊ ထိုင်း(၄)နိုင်ငံ တရားဥပဒေစိုးမိုးရေးနှင့်ပူးပေါင်းကင်းလှည့်ရေး ဆိုင်ရာ နှစ်ပတ်လည်အကျဉ်းချုပ်အစည်းအဝေး(၂၀၂၄)ဖွင့်ပွဲကိုလည်းကျင်းပခဲ့ကြပြီး ရေကြောင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်နေမိုးသက်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ ထို့အတူ နေ့လည်ပိုင်း၌ နှစ်နိုင်ငံအလုပ်သဘော အစည်းအဝေးများအဖြစ် မြန်မာ-တရုတ်၊ တရုတ်-လာအို၊ တရုတ်-ထိုင်း အစည်းအဝေးများကို ဆက်လက်ပြုလုပ်ခဲ့ကြသည်။

ပြည်ပ ပို့ကုန်သွင်းကုန်များအပေါ် Market Trading Rate တစ်ဒေါ်လာ (၃၅၈၀) ကျပ်ဝန်းကျင်ဖြင့် အခွန်ပြောင်းလဲကောက်ခံမည်

၂၀၂၅ ခုနှစ် ဇန်နဝါရီ (၁)ရက်မှစတင်၍ တင်သွင်း၊ တင်ပို့သည့် ကုန်ပစ္စည်းများအပေါ် Market Trading Rate တစ်ဒေါ်လာလျှင် ကျပ် ၃၅၈၀ ဝန်းကျင်ဖြင့် အခွန် ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ ဒီဇင်ဘာ (၂၇) ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး ၏ အမိန့်ကြော်ငြာစာအမှတ်( ၉၀ / ၂၀၂၄)အရ အကောက်ခွန်ဦးစီးဌာနသည် ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီ (၁)ရက်မှစ၍တင်သွင်း၊ တင်ပို့သည့် ကုန်ပစ္စည်းများအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နေ့စဉ်ထုတ်ပြန်လျက်ရှိသည့် ရည်ညွှန်းငွေ...

TikTok ဥပဒေကို ဆိုင်းငံ့ထားရန် ထရမ့်ပ် တောင်းဆို

နာမည်ကျော် ဆိုရှယ်မီဒီယာအက်ပ်ကို ပိတ်ပင်ခံရနိုင်သည့် သို့မဟုတ် အတင်းအကြပ်ရောင်းချရစေနိုင်သည့် ဖက်ဒရယ် TikTok ဥပဒေတစ်ရပ်ကို ဆိုင်းငံ့ပေးရန် ဒေါ်နယ်ထရမ့်ပ်က အမေရိကန်တရားရုံးချုပ်ကို လျှောက်ထားတောင်းဆိုလိုက်ပြီး သူတာဝန်ထမ်းဆောင်ချိန်တွင် အဆိုပါကိစ္စကို နိုင်ငံရေးအရဖြေရှင်းနိုင်ရန် အချိန်ရသင့်သည်ဟု စောဒကတက်ခဲ့သည်။ TikTok ၏ မိခင်ကုမ္ပဏီဖြစ်သော ByteDance အနေဖြင့် အက်ပ်ကို ဇန်နဝါရီ ၁၉ ရက်အထိ လွှဲပြောင်းရောင်းချခြင်းမပြုပါက ပိတ်ပင်ရန် ကွန်ဂရက်က ဧပြီလတွင် မဲပေးဆုံးဖြတ်ခဲ့သည်။ ယင်းအချိန်မှစကာ TikTok နှင့် ByteDance သည် အမေရိကန်ပြည်ထောင်စုရှိ အွန်လိုင်းပေါ်တွင် အက်ပ်ဆက်ရှိနေရေးအတွက် တိုက်ပွဲဝင်နေခဲ့သည်။ ၎င်းတို့သည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071