Monday, March 31, 2025

SKY Villa ကွန်ဒိုရှိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း...

အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသည့် မန္တလေးမြို့ လမ်း(၆၀) ၊ (၂၃) လမ်း နှင့် (၂၄) လမ်း ကြားရှိ (၁၁)...

မန္တလေးမြို့၌ကိုယ်ဝန်ဆောင်အမျိုးသမီးကိုတရုတ်ကယ်ဆယ်ရေးသမားတွေကကယ်တင်နိုင်ခဲ့

မန္တလေးမြို့၊ မတ် ၃၁ တနင်္လာနေ့ မနက်ပိုင်းက မြန်မာနိုင်ငံ မန္တလေးမြို့မှာ ငလျင်ဒဏ်သင့် ကိုယ်ဝန်ဆောင် အသက်ရှင်ကျန်ရစ်သူကို တရုတ် ကယ်ဆယ်ရေး သမားများက ကယ်ထုတ်ခဲ့သည်။ အထက်ဖော်ပြပါ...

တရုတ်နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာကယ်ဆယ်ရေးအဖွဲ့(CISAR) နေပြည်တော်သို့ရောက်ရှိလာ

တရုတ်နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာကယ်ဆယ်ရေးအဖွဲ့(CISAR)သည် ငလျင်ဒဏ်ကြုံတွေ့ခဲ့ရသည့် မြန်မာနိုင်ငံ၌ ကူညီကယ်ဆယ်မှုများပြုလုပ်ရန် မတ် ၃၀ ရက်ည ၁၁ နာရီက နေပြည်တော်သို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။ အဆိုပါ အဖွဲ့သည်...

တရုတ်ကယ်ဆယ်ရေးဆေးအဖွဲ့ကိုကျေးဇူးတင်ကြောင်းနစကဥက္ကဌပြော

နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် အချိန်မီကူညီပေးခဲ့သည့် တရုတ်နိုင်ငံယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးဆေးအဖွဲ့ဝင်များကိုကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် နေပြည်တော်ရှိ ဥတ္တရသီရိပုဂ္ဂလိကဆေးရုံသို့သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်...
HomeInternationalထိုင်းဝန်ကြီးချုပ်အပေါ် အယုံအကြည်မရှိအဆို မဲခွဲမှု...

ထိုင်းဝန်ကြီးချုပ်အပေါ် အယုံအကြည်မရှိအဆို မဲခွဲမှု ရှုံးနိမ့်

ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာသည် မတ်လ ၂၆ ရက်က လွှတ်တော်တွင် သူ့အပေါ် အယုံအကြည်မရှိ အဆို မဲခွဲဆုံးဖြတ်ရာတွင် အနိုင်ရခဲ့ပြီး သူ၏ ဖခင်ဖြစ်သူ ဘီလျံနာဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာ၏ ရုပ်သေးရုပ်ဟု စွပ်စွဲခဲ့သည့် အတိုက်အခံပါတီများ၏ စိန်ခေါ်ချက်ကို ကျော်ဖြတ်နိုင်ခဲ့သည်။

တိုင်းပြည် စီမံခန့်ခွဲမှုအတွေ့အကြုံမရှိသေးသည့် အသက် ၃၈ နှစ်အရွယ် ဝန်ကြီးချုပ်ကို အတိုက်အခံများက တိုက်ခိုက်ခဲ့သည့် နှစ်ရက်ကြာ အချေအတင် စကားစစ်ထိုးပွဲအပြီးတွင် လွှတ်တော်အမတ်များက အဆိုကို ထောက်ခံမဲ ၁၆၂ မဲ၊ ကန့်ကွက်မဲ ၃၁၉ မဲ၊ ကြားနေ ၇ မဲတို့ဖြင့် ဖြုတ်ချခဲ့သည်။

မဲခွဲဆုံးဖြတ်မှု ကို အနိုင်ရအပြီးတွင် သူ့အပေါ် ထောက်ခံခဲ့သူများကို ကျေးဇူးတင်ကြောင်း မစ္စ ပေတုံတန်က ပြောကြားခဲ့သည်။

“ထောက်ခံတဲ့၊ ကန့်ကွက်တဲ့ ဆန္ဒမဲအားလုံးဟာ ပြည်သူတွေအတွက် ကြိုးကြိုးစားစား ဆက်လက်လုပ်ဆောင်ဖို့ ကျွန်မနဲ့ အစိုးရအဖွဲ့ကို တွန်းအားဖြစ်စေမှာပါ” ဟု သူက ဖေ့စ်ဘုတ်တွင် ရေးသားခဲ့သည်။

ယခင်ဝန်ကြီးချုပ် ဆရက်သာ ထဝီစင်းကို တရားရုံးအမိန့်ဖြင့် ထုတ်ပယ်ခဲ့ပြီးနောက် မစ္စတာ သက်ဆင်တည်ထောင်ခဲ့သော နိုင်ငံရေးလှုပ်ရှားမှု၏ နောက်ဆုံး ပွဲထုတ်မှုဖြစ်သော မစ္စ ပေတုံတန်သည် ဖြူထိုင်းပါတီဦးဆောင်သော ညွန့်ပေါင်းအစိုးရအဖွဲ့ကို ဦးဆောင်ကာ ပြီးခဲ့သည့်နှစ်တွင် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

SKY Villa ကွန်ဒိုရှိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း အချို့ရပ်နားလိုက်ပြီ

အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသည့် မန္တလေးမြို့ လမ်း(၆၀) ၊ (၂၃) လမ်း နှင့် (၂၄) လမ်း ကြားရှိ (၁၁) ထပ်အမြင့်ရှိသည့် SKY Villa ကွန်ဒိုတွင် ဆောင်ရွက်နေသည့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ရပ်နားလိုက်ပြီဖြစ်သည်။ အပျက်အစီးများအောက်၌ ပိတ်မိနေသူများ အားလုံး အသက်ရှင်လျက် မရှိတော့သည့်အတွက် ကယ်ဆယ်ရေးများ ရပ်နားရခြင်းဖြစ်ကြောင်း တရုတ်ကယ်ဆယ်ရေးအဖွဲ့တွင်ပါဝင်လာသည့် အဖွဲ့ဝင်တစ်ဦးက ကယ်ဆယ်ရေး ရပ်နားခြင်းနှင့် ပတ်သက်၍ ရှင်းပြသည်။ " အသက်ရှင်တဲ့ သူတွေရှိရင် ကျွန်တော်တို့ ဆက်ရှာပါတယ်။ အခုက ဒီဘက်မှာ...

မန္တလေးမြို့၌ကိုယ်ဝန်ဆောင်အမျိုးသမီးကိုတရုတ်ကယ်ဆယ်ရေးသမားတွေကကယ်တင်နိုင်ခဲ့

မန္တလေးမြို့၊ မတ် ၃၁ တနင်္လာနေ့ မနက်ပိုင်းက မြန်မာနိုင်ငံ မန္တလေးမြို့မှာ ငလျင်ဒဏ်သင့် ကိုယ်ဝန်ဆောင် အသက်ရှင်ကျန်ရစ်သူကို တရုတ် ကယ်ဆယ်ရေး သမားများက ကယ်ထုတ်ခဲ့သည်။ အထက်ဖော်ပြပါ ကယ်ဆယ်ရေးမစ်ရှင်တွင် တရုတ်ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့နှင့် တရုတ် RAMUNION RESCUE အရပ်ဘက်ကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့သည်ဟု တရုတ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင် ယုရှင်း က မြို့တော်၏ လူနေရပ်ကွက်တစ်ခုရှိ ကယ်ဆယ်ရေးစခန်းတွင် ရှင်းဟွာသို့ ပြောကြားခဲ့သည်။ တရုတ် ကယ်ဆယ်ရေးသမားများသည် ယခု ကယ်ဆယ်ရေး ခရီးစဉ် အတွင်း တုန်လှုပ် ချောက်ချားဖွယ်ရာ အများအပြားကို သတ္တိရှိရှိ...

တရုတ်နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာကယ်ဆယ်ရေးအဖွဲ့(CISAR) နေပြည်တော်သို့ရောက်ရှိလာ

တရုတ်နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာကယ်ဆယ်ရေးအဖွဲ့(CISAR)သည် ငလျင်ဒဏ်ကြုံတွေ့ခဲ့ရသည့် မြန်မာနိုင်ငံ၌ ကူညီကယ်ဆယ်မှုများပြုလုပ်ရန် မတ် ၃၀ ရက်ည ၁၁ နာရီက နေပြည်တော်သို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။ အဆိုပါ အဖွဲ့သည် တရုတ်နိုင်ငံလေတပ်၏ Y-20 လေယာဥ်(၂)စီးဖြင့် ရောက်ရှိလာခြင်းဖြစ်ကာ အဖွဲ့ဝင်(၁၁၈)ဦး၊ ကယ်ဆယ်ရေးခွေး(၆)ကောင်၊ ကယ် ဆယ်ရေးယာဉ်(၂)စီး၊ ကယ်ဆယ်ရေးပစ္စည်း (၆၃၄)မျိုးနှင့် ဆေးကုသရေးပစ္စည်းများသယ် ဆောင်ပါဝင်လာကြောင်း သိရသည်။ လက်ရှိအချိန်၌ တရုတ်အစိုးရသည် မြန်မာနိုင်ငံသို့ တရုတ်ကယ်ဆယ်ရေးအဖွဲ့၊ CISAR အဖွဲ့၊ ယူနန်ပြည်နယ် ကယ်ဆယ်ရေးနှင့်ဆေးကုသရေးအဖွဲ့၊  ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ ကယ်ဆယ်ရေးအဖွဲ့များမှ ကယ်ဆယ်ရေးအဖွဲ့ဝင်ပေါင်း(၂၈၈) ဦးကို စေလွှတ်ထားပြီး တရုတ်ကြက်ခြေနီအသင်းနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071