ဘန်ကောက်၊ဒီဇင်ဘာ ၁၉
ထိုင်းနိုင်ငံနယ်စပ်ရှိ ဆေးရုံ၌ မွေးဖွားသည့် မြန်မာကလေ-းငယ်များအတွက် ဂဏန်း ၁၃ လုံးပါ မှတ်ပုံတင်နံပါတ် ကိုအလိုအလျောက်ထုတ်ပေးထားသော်လည်း ထိုင်းနိုင်ငံသားများကဲ့သို့ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကို ခံယူခွင့်မရှိကြောင်း နိုင်ငံတော်ကျန်းမာရေးဖူလုံရေးရုံး (NHSO)ကပြောကြားခဲ့သည်။
ထို့ထက်ပို၍အရေးကြီးသည်မှာ ထုတ်ပေးသည့်မှတ်ပုံတင်ကတ်များသည် အဆိုပါက-လေးများအား ထိုင်းနိုင်ငံ၌မွေးဖွားသည့် ရွှေ့ပြောင်းအလုပ်သမားများအဖြစ်သာ တိတိကျကျသတ်မှတ်ထားခြင်းဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။
ကျန်းမာရေးစောင့်ရှောက်မှုများရရှိရန်အတွက် ထိုင်းဆေးရုံ၌ ကလေ-းမွေးဖွားရန် ရည်ရွယ်ချက်ရှိရှိဖြင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာနိုင်ငံမှကိုယ်ဝန်ဆောင်အမျိုးသမီးအရေအတွက် များလာခြင်းနှင့်ပတ်သက်၍ မီဒီယာများထံ ယခုကဲ့သို့ တုန့်ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်းတို့သည် ကျန်းမာရေးစောင့်ရှောက်မှု မရရှိသော ရွှေ့ပြောင်းနေထိုင်သူများအတွက် အထူးစီစဥ်ထားသည့် ကျန်းမာရေးစီမံချက်ကို အခွင့်ကောင်းယူနေခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးကပြောကြားခဲ့သည်။
ပြီးခဲ့သည့်လက နယ်စပ်ဆေးရုံ၌ မြန်မာမိခင်မှမွေးဖွားသူကလေ-းငယ် ၁၆၀ ခန့်ရှိခဲ့ပြီး ထိုင်းအမျိုးသမီးများကမူ အယောက် ၈၀ သာမွေးဖွားခဲ့ကြောင်းလည်း အဆိုပါဝန်ထမ်းကဆက်လက်ပြောကြားခဲ့သည်။
Source : ဘန်ကောက်ပို့စ်