ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် Chom Thong ခရိုင်ရှိ ရာမလမ်း အမှတ် ၂ အနီး အဝေးပြေးလမ်း တံတားတစ်စင်းတည်ဆောက်မှုလုပ်ငန်းခွင်တွင် စနေနေ့မနက်ပိုင်းက ကွန်ကရစ် ရက်မကြီးတစ်ခု ပြို-ကျခဲ့မှုကြောင့် လူ ငါးဦး ေ-သဆုံးကာ ၂၇ ဦး ဒဏ်ရာရရှိခဲ့သည်။
အမြန်လမ်းဝင်ပေါက်မှ မီတာ ၂၀၀ ခန့်အကွာရှိ ဆောက်လုပ်ဆဲ ကွန်ကရစ် ရက်မသည် လက်ရှိ အမြန်လမ်းတည်ဆောက်ရေးလုပ်ငန်းခွင်ပေါ်သို့ ပြို-ကျခဲ့ပြီး လူအများအပြား ဒဏ်ရာရရှိသွားကာ အေ-သအပျောက်ဖြစ်ခဲ့ခြင်းများကိုလည်း အတည်ပြုခဲ့သည်။ ပြိုကျမှုဖြစ်ခဲ့ချိန်တွင် လုပ်ငန်းခွင်၌ အလုပ်သမား ၂၀ ကျော် ရှိနေခဲ့သည်။
ဘန်ကောက်မြို့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ပါးရေးဌာနမှ ကယ်ဆယ်ရေးအဖွဲ့များနှင့် အရာရှိများသည် အခင်းဖြစ်နေရာသို့ အလျင်အမြန်သွားရောက်ခဲ့ကာ အနံ့ခံခွေးများ၊ ကယ်ဆယ်ရေးသုံး ပစ္စည်းများ အသုံးပြုကာ အပျက်အစီးများအောက်ရှိ အသက်ရှင်လွတ်မြောက်ဖွယ်ရှိသူများကို ရှာဖွေခဲ့ကြသည်။
အခင်းဖြစ်ရပ်ကြောင့် နံနက် ၇ နာရီအထိ ေ-သဆုံးသူ ငါးဦး ရှိနေကြောင်းနှင့် ဒဏ်ရာရသူ ၂၇ ဦးထက်မနည်းရှိကြောင်း အတည်ပြုထားသည်။
အပျက်အစီးများထဲမှ ေ-သဆုံးသူ လေးဦး၏ ရုပ်အလော-င်းများကို ထုတ်ယူရရှိခဲ့ပြီး ကျန် ရုပ်အလော-င်းတစ်လောင်းမှာမူ ပျောက်ဆုံးနေသောကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်လျက်ရှိသည်။ ေ-သဆုံးခဲ့သည်သူ ငါးဦးတွင် ထိုင်းနိုင်ငံသား သုံးဦးနှင့် နိုင်ငံခြားသား နှစ်ဦးပါဝင်ကြောင်း သိရသည်။
ဒဏ်ရာရရှိခဲ့သူများကို အနီးရှိ ဆေးရုံများသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Ref: ဘန်ကောက်ပို့စ်