Friday, November 22, 2024

Naypyitaw State Polytechnic University...

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာကဏ္ဍတွင် ထူးခြားဆန်းသစ်စေပြီး နိုင်ငံ့ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်လာစေမည့် Naypyitaw State Polytechnic University အား နေပြည်တော်၌ ယနေ့ နိုဝင်ဘာ ၂၁ ရက်နံနက်ပိုင်းက...

Naypyitaw State Polytechnic University...

ယနေ့ နိုဝင်ဘာ ၂၁ ရက်နံနက်ပိုင်းက မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးနှစ်(၁၀၀)ပြည့်ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ရာ နစက ဥက္ကဋ္ဌ၊...

မနက်ဖြန်ပွဲအတွက် အကောင်းဆုံး ကြိုးစားသွားမည်ဟု ရိုးရာဖိုက်တာ...

မနက်ဖြန် နိုဝင်ဘာ (၂၂) ရက်၊ ညပိုင်းတွင် ONE က ပြုလုပ်မည့် ONE Friday Fights 88 ပွဲစဉ်အတွင်း...

ဘန်ကောက်၌ မြန်မာနိုင်ငံသားများကွန်ဒိုဝယ်ယူမှုများပြားလာ

ဘန်ကောက်၊နိုဝင်ဘာ ၂၀ မြန်မာ့ပြည်တွင် ငွေကြေးတန်ဖိုးအပြောင်းအလဲများအခြေအနေများကြောင့် မြန်မာနိုင်ငံသားများသည် ဘန်ကောက်နှင့်ထိုင်းနိုင်ငံ၏ အခြားဒေသများတွင် ကွန်ဒိုဝယ်ယူမှုများမြင့်တက်လာကာ ရောင်းအားနှေးကွေးနေသော ထိုင်းနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်အား အပြောင်းအလဲဖြစ်စေခဲ့သည်။ ယခုနှစ် ၂၀၂၄ ခုနှစ်တွင်...
HomeNewsLocal Newsထိုင်း၏ရက်ပေါင်း (၁၂၀) စီမံချက်ကာလ...

ထိုင်း၏ရက်ပေါင်း (၁၂၀) စီမံချက်ကာလ (၇၈) ရက်အတွင်း မြန်မာ အလုပ်သမား တစ်သိန်းခွဲကျော် အဖမ်းခံရ

ထိုင်းအလုပ်သမားဝန်ကြီးဌာနနှင့် အခြားအာဏာပိုင်အဖွဲ့အစည်းများပူးပေါင်းပြီး နိုင်ငံအတွင်း အထောက်အထားမဲ့အလုပ်သမားများကို ရှာဖွေဖမ်းဆီးခြင်းကို ရက်ပေါင်း (၁၂၀) စီမံချက်ဖြင့် လိုက်လံဖမ်းဆီးအရေးယူလျှက်ရှိသည်။

ထို့သို့ ဖမ်းဆီးရမိသည့် နိုင်ငံအလိုက်အလုပ်သမားများမှာ မြန်မာ အလုပ်သမား  ၁၅၅,၆၆၉ ဦး ၊ ကမ္ဘောဒီးယားအလုပ်သမား  ၃၂,၈၁၀ ဦး၊ လာအိုအလုပ်သမား ၁၂,၉၂၀ ဦး ၊ဗီယက်နမ်အလုပ်သမား (၁၄၁) ဦး နှင့် အခြားနိုင်ငံသား အလုပ်သမား (၆၄၉၅)  ဦးတို့ ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။ 

လက်ရှိတွင် ဖမ်းဆီးခံရသည့် အလုပ်သမားများအနက်မြန်မာအလုပ်သမား (၉၁၄) ဦး၊ လာအိုအလုပ်သမား (၁၈၈) ဦး ၊ကမ္ဘောဒီးယားအလုပ်သမား (၂၀၈) ဦး ၊ ဗီယက်နမ်အလုပ် သမား (၂၆) ဦးနှင့် အခြားနိုင်ငံအလုပ်သမား  (၁၀၂) ဦး ၊  စုစုပေါင်း (၁၄၃၈) ဦးတို့ကို အရေးယူဆောင်ရွက်ပြီးသွားပြီဖြစ်ကြောင်းလည်း သိရသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ အထောက်အထားမဲ့ အလုပ်သမားနှင့် လုပ်ကိုင်ခွင့်မရှိသည့် အလုပ်အမျိုးအစားကို လုပ်ကိုင်နေသည့်အလုပ်သမားကို တွေ့ရှိပါက ဒဏ်ငွေဘတ် (၅,၀၀၀) မှ (၅၀,၀၀၀) ထိအလုပ်သမားမှ ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ပြီး နေရပ်သို့ပြန်ပို့ခံရခြင်းနှင့်အတူ အလုပ်လုပ်ကိုင်ခွင့် (၂)နှစ်ပိတ်ခံရမည်ဟု သိရသည်။

ထိုနည်းတူ အလုပ်လုပ်ကိုင်ခွင့်မရှိသည့် အလုပ်သမားကိုလက်ခံသည့်အလုပ်ရှင်ကို တွေ့ရှိပါက အလုပ်သမားတဦးလျှင်ဘတ် (၁၀,၀၀၀) မှ (၁၀၀,၀၀၀)ထိ ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ပြီး ထပ်မံကျူးလွန်ပါက ထောင်ဒဏ်အများဆုံး (၁) နှစ်နှင့် ဘတ်ငွေ (၅၀,၀၀၀) မှ (၂၀၀,၀၀၀)ထိ ပေးဆောင်ရမည်ဖြစ်သလို ရွှေ့ပြောင်းအလုပ်သမားငှားရမ်းခွင့် (၃) နှစ် ပိတ်ခံရမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Naypyitaw State Polytechnic University စတင်ဖွင့်လှစ်

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာကဏ္ဍတွင် ထူးခြားဆန်းသစ်စေပြီး နိုင်ငံ့ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်လာစေမည့် Naypyitaw State Polytechnic University အား နေပြည်တော်၌ ယနေ့ နိုဝင်ဘာ ၂၁ ရက်နံနက်ပိုင်းက နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်‌ပေးခဲ့သည်။ အခမ်းအနားတွင် မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့် ရာပြည့်သဘင် အထိမ်းအမှတ်ရုပ်တုနှင့် Naypyitaw State Polytechnic University ဆိုင်းဘုတ်အား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပျူခေတ်၊ ပုဂံခေတ်မှ ခေတ်အဆက်ဆက်ထွန်းကားခဲ့သည့် မြန်မာ့အင်ဂျင်နီယာနှင့် ဗိသုကာပညာရပ်များ အပါအဝင်...

Naypyitaw State Polytechnic University ကို နိုင်ငံ့ထိပ်တန်းတက္ကသိုလ်ကြီး တစ်ခု ဖြစ်လာစေရန်ရည်ရွယ်၍ တိုးချဲ့ဖွင့်လှစ်ခဲ့သည်ဟု နစကဥက္ကဋ္ဌ ပြော

ယနေ့ နိုဝင်ဘာ ၂၁ ရက်နံနက်ပိုင်းက မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေးနှစ်(၁၀၀)ပြည့်ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင်လိုအပ်သည့် အရည်အသွေးမြင့်လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး၊ နိုင်ငံတော်အတွက်လိုအပ်သည့် အင်ဂျင်နီယာပညာရှင်များပိုမိုမွေးထုတ်လေ့ကျင့်ပေးနိုင်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်မှုကိုအထောက်အကူပြုနိုင်ရေးရည်ရွယ်ချက်များဖြင့် နေပြည်တော်နည်းပညာတက္ကသိုလ်ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်တွင် အစိုးရနည်းပညာကောလိပ်(နေပြည်တော်)အဖြစ်မှ တက္ကသိုလ်အဖြစ်အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးခဲ့သည်ဟု ပြောသည်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အင်ဂျင်နီယာအထူးပြုဘာသာရပ်(၆)ခုကိုသင်ကြားပေးခဲ့ပြီး ၂၀၂၃-၂၀၂၄...

မနက်ဖြန်ပွဲအတွက် အကောင်းဆုံး ကြိုးစားသွားမည်ဟု ရိုးရာဖိုက်တာ ထွန်းမင်းအောင် ကတိပြု

မနက်ဖြန် နိုဝင်ဘာ (၂၂) ရက်၊ ညပိုင်းတွင် ONE က ပြုလုပ်မည့် ONE Friday Fights 88 ပွဲစဉ်အတွင်း မော်ရိုကိုဖိုက်တာနှင့် ယှဉ်ပြိုင်ထိုးသ-တ်ရမည့် ရိုးရာဖိုက်တာထွန်းမင်းအောင် ပရိတ်သတ်အတွက် အကောင်းဆုံးကြိုးစားသွားမည်ဟု Facebook လူမှုကွန်ရက်စာမျက်နှာမှတဆင့် ကတိပြုစကားဆိုသည်။ ပြိုင်ဘက် မော်ရိုကို ဖိုက်တာနှင့် ထွန်းမင်းအောင်တို့ ယနေ့တွင် ဆေးစစ်ဝိတ်ချိန်အောင်မြင်ပြီးဖြစ်ကြောင်း သိရသည်။ "ဘယ်လောက်ပဲ ပင်ပန်းနေပါစေ ၊ ကျွန်တော် ပရိတ်သတ်တွေအတွက် မနက်ဖြန်အကောင်းဆုံးကြိုးစားမယ်။ အားပေးဖို့ Redy ပဲလား"ဟု ၎င်းက ဆိုသည်။ ရိုးရာဖိုက်တာ ထွန်းမင်းအောင်နှင့် ယှဉ်ပြိုင်ထိုးသ-တ်မည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071