ယမန်နေ့ ဇန်နဝါရီ (၅)ရက် ညပိုင်းက ထိုင်းနိုင်ငံတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ထိုင်း-ဗီယက်နမ် အာဆီယံမီဆူဘီရှီဖလား ဗိုလ်လုပွဲစဉ်တွင် ခြေထောက် ဒဏ်ရာရရှိခဲ့သည် ဗီယက်နမ် တိုက်စစ်မှူး ယင်ဆူအန်ဇန်သည် ညာဘက်ခြေသလုံးရိုးဒဏ်ရာကြောင့် လနှင့်ချီ ဆေးဝါကုသမှု ခံယူရမည်ဖြစ်သည်ဟု အာဆီယံဘောလုံးအဖွဲ့ချုပ်က အသိပေးထားသည်။
အသက် (၂၈)နှစ်အရွယ် ဘရာဇီးနိုင်ငံသားတိုက်စစ်မှူး ယင်ဆူအန်ဇန်သည် ယမန်နေ့က ပွဲစဉ်အတွင်းဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သည့်အတွက် ကွင်းအတွင်းမှ ထမ်းစင်ဖြင့် ထုတ်ယူခဲ့ရကာ ဆေးရုံသို့ပို့ဆောင်ခဲ့ရသည့် အခြေအနေဖြစ်သည်။
၎င်းသည် အုပ်စုအဆင့်ပွဲစဉ်များအပြီး ဗီယက်နမ်အသင်း ၏ လက်ရွေးစင်ကစားသမားအဖြင့် တရားဝင်အသိအမှတ်ပြုခြင်းခံခဲ့ရပြီးနောက် ၎င်း၏ မူရင်းအမည် ရာဖင်ဆန် အစား ငုယင်ဆူအန်ဇန်ဟု ဗီယက်နမ်အမည် ပြောင်းလဲခဲ့သူဖြစ်သည်။
ခြေထောက်ဒဏ်ရာကြောင့် ယခု ၂၀၂၅ ခုနှစ်အတွင်း ဗီယက်နမ်အသင်း ကစားမည့် အာရှခြေစစ်ပွဲစဉ်များဖြင့် လွဲ ချော်နိုင်ဖွယ်လည်း ရှိနေကြောင်း သိရသည်။
၎င်းသည် ပြီးဆုံးခဲ့ပြီဖြစ်သည့် အာဆီယံချန်ပီယံရှစ် ဖလားပြိုင်ပွဲအတွင်း (၅)ပွဲ ကစားခဲ့ရာ သွင်းဂိုး (၇)ဂိုးအထိ သွင်းယူထားနိုင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။