ငလျင်ဒဏ်သင့် မန္တလေးမြို့၌ပျက်စီးနေသည့် အဆောက်အဦးများအား ရှင်းလင်းရာတွင်အသုံးပြုရန် ထိုင်း-မြန်မာချစ်ကြည်ရေးအသင်းမှ ဘတ်(၁၀) သိန်းတန်ဖိုးရှိ မြေတူးကားတစ်စီးအား ဧပြီ ၆ ရက်မွန်းလွဲပိုင်းကလှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးထံမှ သိရသည်။
အဆိုပါ မြေတူးကားအား ထိုင်းသံအမတ်ကြီး H.E. Mr. Mongkol Visitstump က မန္တလေးတိုင်းအစိုး ရအဖွဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဦးအောင်ကျော်မိုးထံ လွှဲပြောင်းလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် CP Motor Myanmar ကုမ္ပဏီမှ Tent (၂) ဒါဇင်နှင့် MK Distribution ကုမ္ပဏီမှ အသင့်စားမာမားခေါက်ဆွဲထုပ် (၄၅၀၀၀)တို့ကို မန္တလေးမြို့ရှိငလျင်ဒဏ်သင့်သူများအတွက် မန္တလေးတိုင်းအစိုးရ အဖွဲ့ထံ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။