Sunday, January 19, 2025

အမေရိကန်တွင် TikTok သုံးမရတော့

TikTok ကိုပိုင်ဆိုင်သည့် ByteDance ကုမ္ပဏီက ၎င်းတို့၏ဝန်ဆောင်မှုများကို “ခေတ္တရပ်ဆိုင်း‌ကြောင်း” ကြေညာပြီးနောက် အမေရိကန်ရှိ TikTok အသုံးပြုသူ သန်း ၁၇၀ တို့သည်...

ခြေတုလက်တု ပြုပြင်ရန်ှနှင့် အသစ်ပြုလုပ်ရန် လိုအပ်သူ...

ပဲခူးတိုင်း၊ တောင်ငူမြို့အပါအဝင် ရေတာရှည်နှင့် ဆွာမြို့နယ်တို့ရှိ ခြေတုလက်တု ပြုပြင်ရန်နှင့် အသစ်ပြုလုပ်ရန်လိုအပ်သူ (၂၀၀)ခန့်ကို နယ်လှည့်လုပ်ဆောင်ပေးခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းထံမှ သိရသည်။ နယ်လှည့်ဆောင်ရွက်ပေးမှုအား...

(၅)ကြိမ်မြောက် သွားရောက်ခေါ်ယူခဲ့သည့် ဗန်းမော်ဒေသခံစစ်ရှောင် (၆၈)...

ဗန်းမော်မြို့တိုက်ပွဲများကြောင့် ရွေကူမြို့သို့ ရောက်ရှိခိုလှုံနေသည့် ဒေသခံစစ်ရှောင် (၆၈) ဦးကို (၅)ကြိမ်မြောက် အဖြစ်သွားရောက်ခေါ်ယူရာ ယနေ့ဇန်နဝါရီ (၁၉)ရက်တွင် မန္တလေးမြို့သို့ ရောက်ရှိမည်ကြောင်း မြေပြင်ကူညီကယ်ဆယ်နေသည့်...

တောင်ကြီးမြို့နယ် အေးသာယာရှိ စက်မှုဇုန်၌ ဆိုလာစနစ်လျှပ်စစ်မီးရရှိရေး...

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ စက်မှုဇုန်တွင် သင့်တော်သော ဈေးနှုန်းဖြင့် ဆိုလာစနစ်လျှပ်စစ်မီးရရှိရေး ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် UNI ENERGY Co.Ltd တို့ ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း...
HomeNewsLocal Newsထိုင်း - မြန်မာ...

ထိုင်း – မြန်မာ နှစ်နိုင်ငံ ပူးပေါင်းကာ အွန်လိုင်းငွေလိ–မ်ဂိုဏ်းများ နှိမ်နှင်းရန် သဘောတူ

လတ်တလောရေပန်းအစားဆုံးဖြစ်နေသည့် ထိုင်း – မြန်မာ နယ်စပ်က အွန်လိုင်းငွေလိ–မ်ဂိုဏ်များကို နှစ်နိုင်ငံပူးပေါင်းတိုက်ဖျက်နှိမ်နှင်းသွားရန် သဘောတူခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ဘန်ကောက်ပို့စ်သတင်းက ဖော်ပြလာသည်။

ဇန်နဝါရီ (၁၇) ရက်က ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့တွင် ပြုလုပ်သည့် (၅) ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာဝန်ကြီးများ အစည်းဝေးသို့ မြန်မာနိုင်ငံဘက်က ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီး Prasert Jantararauangtong နှင့် တွေ့ဆုံကာ သဘောတူညီမှုရယူခဲ့ခြင်း ဖြစ်ကြောင်း ဘန်ကောက်ပို့စ်၏ ဖော်ပြချက်အရ သိရသည်။

ထိုင်း – မြန်မာနယ်စပ်တလျှောက် မြန်မာဘက်ခြမ်းရှိ လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားသည့် ဧရိယာအတွင်း တရုတ် စီးပွားရေးလုပ်ငန်းရှင်များက အွန်လိုင်းလေ-ာင်းကစားရုံများ၊ ဖျော်ဖြေရေးလုပ်ငန်းများ အမည်ခံလုပ်ဆောင်နေသည့် လုပ်ငန်းများတွင် တရားဝမင် လူမှေ-ာင်ခိုမှုများ၊ မူ-းယ-စ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများ၊ အတင်းအဓ-မ္မအလုပ်-ခို-င်းစေမှုများနှင့် အွန်လိုင်းလိ–မ်လ-ည်မှုများကြောင့် နိုင်ငံတကာက အာရုံစိုက်မှု မြင့်တက်လာချိန်တွင် ယခုကဲ့သို့သဘော တူညီမှုရယူခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါ အမှုအခင်းများနှင့် ပတ်သက်၍ တရုတ်အစိုးရကလည်း အာဆီယံနိုင်ငံများနှင့် ပူးပေါင်းကာ အတူတကွနှိမ်နှင်းသွားမည်ဟု ပြီးခဲ့သည့် ရက်ပိုင်းက ဘေကျင်းတွင် ပြုလုပ်သည့် အစည်းအဝေးတစ်ခုအတွင်း တရုတ်နိုင်ငံခြား ရေးဝန်ကြီးက ပြောကြားထားသည်။

ယခင်နှစ်များကပင် ဖြစ်ပွားနေသည့် အဆိုပါ နယ်စပ်ဖြတ်ကျော်မှုခင်းများနှင့်ပတ်သက်၍ ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွား တရုတ်မင်းသားအပါအဝင် တရုတ်ဆယ်လီအချို့ပါ ထိုင်းနိုင်ငံမှတဆင့် မြန်မာဘက်ခြမ်းရှိ အွန်လိုင်းငွေလိ–မ်ဂိုဏ်းများထံ လိ–မ်လ-ည်ပို့ဆောင်ခံရမှု ဖြစ်စဉ်အပြီး နိုင်ငံတကာ၏ အာရုံစိုက်မှု ပိုမိုမြင့်တက်လာခြင်းလည်း ဖြစ်သည်။

ယခုလအစောပိုင်းက ဖြစ်ပွားခဲ့သည့် အဆိုပါ တရုတ်မင်းသားလူကု–န်ကူ–းခံရမှု ဖြစ်စဉ်နှင့် ပတ်သက်၍ လူပုဂ္ဂိုလ် (၁၂) ဦးကို ထိုင်းအစိုးရက ဖမ်းတီးစစ်ဆေးနေကြောင်း တရုတ်နိုင်ငံဘက်က သတင်းထုတ်ပြန် ထားသည်ကို တွေ့ရသည်။

အွန်လိုင်းလိ–မ်လ–ည်ရေး ဂိုဏ်းများသည် အရေးတကြီး ဖြေရှင်းရမည့် ပြဿနာများဖြစ်သည့်အတွက် ပိုမိုပူးပေါင်းနှိမ်နှင်းသွားရန် ဇန်နဝါရီ (၁၇) ရက်က ပြုလုပ်သည့် (၅) ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာဝန်ကြီးများ အစည်းဝေးတွင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဓာတ်ပုံ – Bangkok post

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိကန်တွင် TikTok သုံးမရတော့

TikTok ကိုပိုင်ဆိုင်သည့် ByteDance ကုမ္ပဏီက ၎င်းတို့၏ဝန်ဆောင်မှုများကို “ခေတ္တရပ်ဆိုင်း‌ကြောင်း” ကြေညာပြီးနောက် အမေရိကန်ရှိ TikTok အသုံးပြုသူ သန်း ၁၇၀ တို့သည် နာမည်ကြီးဗီဒီယိုမျှဝေသည့်အက်ပ်ကို သုံး၍မရတော့ချေ။ ယမန်နေ့ည ၁၁ နာရီ မတိုင်မီတွင် "ဆောရီး TikTok ကို သုံး၍ မရနိုင်‌တော့ပါ" ဟူသည့် မက်ဆေ့ချ်ဖြင့် အမေရိကန်အသုံးပြုသူများကို နှုတ်ဆက်ခဲ့ပြီးနောက် TikTok ဝက်ဘ်ဆိုက်သို့ ဝင်ရောက်၍မရတော့ခြင်းဖြစ်သည်။ ထို့အပြင် Apple နှင်က Google တို့ကလည်း သူတို့၏ App Store များမှနေ၍ အမေရိကန်နေပြည်သူများ...

ခြေတုလက်တု ပြုပြင်ရန်ှနှင့် အသစ်ပြုလုပ်ရန် လိုအပ်သူ (၂၀၀)ခန့်ကို နယ်လှည့်လုပ်ဆောင်ပေး

ပဲခူးတိုင်း၊ တောင်ငူမြို့အပါအဝင် ရေတာရှည်နှင့် ဆွာမြို့နယ်တို့ရှိ ခြေတုလက်တု ပြုပြင်ရန်နှင့် အသစ်ပြုလုပ်ရန်လိုအပ်သူ (၂၀၀)ခန့်ကို နယ်လှည့်လုပ်ဆောင်ပေးခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းထံမှ သိရသည်။ နယ်လှည့်ဆောင်ရွက်ပေးမှုအား မြန်မာနိုင်ငံကြက်ခြေနီ အသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ (၁၄) ရက်မှ ဇန်နဝါရီလ (၁၆)ရက်အထိ ဆွာမြို့၊ ရေတာရှည်မြို့နယ်နှင့် တောင်ငူမြို့နယ်များသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။ ခြေတုလက်တု ဆောင်ရွက်ရာ၌ ဆွာမြို့တွင် အသေးစား ခြေတု၊ လက်တု ပြုပြင်ရန် လိုအပ်သူ(၃၅)ဦး၊ ရေတာရှည် မြို့နယ်တွင် အသေးစားခြေတု၊...

(၅)ကြိမ်မြောက် သွားရောက်ခေါ်ယူခဲ့သည့် ဗန်းမော်ဒေသခံစစ်ရှောင် (၆၈) ဦး မန္တလေးသို့ ရောက်ရှိ

ဗန်းမော်မြို့တိုက်ပွဲများကြောင့် ရွေကူမြို့သို့ ရောက်ရှိခိုလှုံနေသည့် ဒေသခံစစ်ရှောင် (၆၈) ဦးကို (၅)ကြိမ်မြောက် အဖြစ်သွားရောက်ခေါ်ယူရာ ယနေ့ဇန်နဝါရီ (၁၉)ရက်တွင် မန္တလေးမြို့သို့ ရောက်ရှိမည်ကြောင်း မြေပြင်ကူညီကယ်ဆယ်နေသည့် သတင်းရင်းမြစ်တစ်ဦးကပြောသည်။ အဆိုပါ စစ်ရှောင်ပြည်သူများကို ယခုလ ဇန်နဝါရီ (၁၅) ရက်တွင် သွားရောက်ခေါ်ယူခဲ့ခြင်းဖြစ်ပြီး (၅)ရက်အကြာတွင် မန္တလေးမြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ယင်းခရီးစဉ်သည် ဗန်းမော်မြို့တိုက်ပွဲကြောင့် မိမိအစီအစဉ်ဖြင့် ရွှေကူမြို့ပေါ်သို့ ရောက်ရှိခိုလှုံနေကြသော ရာနှင့်ချီသည့် ဒေသခံများကို မန္တလေးမြို့သို့ အသုတ်လိုက် ခေါ်ဆောင်ပေးနေသည့် ခရီးစဉ်တစ်ခုလည်းဖြစ်သည်။ လက်ရှိ ဗန်းမော်မြို့အတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး ပတ်ဝန်းကျင်မြို့နယ်များရှိ ကျေးရွာများ၌ ရှောင်တိမ်းနေသူများလည်း ရှိနေ‌သေးသည်ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071