လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာ၌ လိုအပ်သည့် စက်ကိရိယာများကို ဝယ်ယူအသုံးပြုနိုင်ရန်ထုတ်ချေးထားသည့်ချေးငွေများ သတ်မှတ်ကာလအတွင်း အပြည့်အဝပြန်လည်ကောက်ခံရရှိစေရေးဆောင်ရွက်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်ကပြောသည်။
စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်းဦးဆောင်ကော်မတီ အစည်းအဝေးတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်းကို ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် စတင်ခဲ့ပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာ၌ လိုအပ်သည့် စက် ကိရိယာများကို ဝယ်ယူအသုံးပြုနိုင်ရန် အတိုးနှုန်းသက်သာစွာဖြင့် နှစ်တိုသုံးနှစ်၊ နှစ်ရှည်ငါးနှစ် အရစ်ကျပြန်ဆပ်စနစ်ဖြင့် ချေးငွေများထုတ်ချေးပေးလျက်ရှိကြောင်း၊ စီမံကိန်းစတင်သည်မှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ (၃၁) ရက်အထိ နေပြ ည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် (၁၄) ခု၊ မြို့ နယ် (၁၈၇)ခုမှ တောင်သူ (၅၈၁၆) ဦးသို့ ချေးငွေကျပ် (၂၄ ၇၄၄၈ ဒသမ ၀၇၂) သန်း ထုတ်ချေးပေးထားပြီး ၂၀၂၄ – ၂၀၂၅ ခုနှစ်အတွင်းတွင် တိုင်းဒေသကြီး/ ပြည်နယ်လေးခုရှိ ခရိုင်/မြို့နယ် (၁၉) ခုမှ တောင်သူ (၆၁) ဦးသို့ ချေးငွေကျပ် (၅၄၈၁ ဒသမ ၂၀) သန်းထုတ်ချေးခဲ့ကြောင်း သိရသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်)နှင့် ဘဏ်ခွဲအဆ င့်ဆင့်အနေဖြင့် Evaluation & Monitoring ကို စဉ်ဆက်မပြတ်ပြုလုပ်ပြီး ထုတ်ချေးထားသည့်ချေးငွေများ သတ်မှ တ်ကာလအတွင်း အပြည့်အဝပြန်လည်ကောက်ခံရရှိစေရေးအတွက် နည်းလမ်းရှာကြံဆောင်ရွက်ရန် လိုအပ်ကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။
ထို့ပြင် စီမံကိန်းအောင်မြင်ရေးအတွက် တိုင်းဒေသကြီး/ပြ ည်နယ်အစိုးရအဖွဲ့များ၊ ဆက်စပ်ဌာနများနှင့် စဉ်ဆက်မ ပြတ် ပူးပေါင်းဆောင်ရွက်သွားရန်နှင့် ချေးငွေအစီအစဉ်တွ င် လယ်ယာသုံးစက်ကိရိယာ ပါဝင်ရောင်းချသည့် ကုမ္ပဏီများအနေဖြင့်လည်း လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချ က်များနှင့်အညီ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဒုဝန်ကြီးက ပြောကြားသွားသည်။