Tuesday, January 21, 2025

စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်အသစ်များတိုးချဲ့ဖွင့်ရန်စီစဉ်နေ

နိုင်ငံတော်အနေဖြင့် မြန်မာပြည်အထက်ပိုင်းနှင့် အောက်ပိုင်းတို့တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်များ အသစ်ဖွင့်လှစ်ရန် စီစဉ်နေကြောင်း ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၏ ပြောကြားချက်အရ သိရသည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်များ...

ပြိုင်ဘက် ထိုင်းအသင်းကို ရဲရဲရင့်ရင့်ယှဉ်ပြိုင် ကစားသွားမည်ဟု...

ပြိုင်ဘက် BG Pathum United (ထိုင်း) အသင်း၏ နိုင်ငံခြားသား ကစားသမားများနှင့် အရေးကြီး ကစားသမားများ၏အကြောင်း သေချာလေ့လာထားပြီး ရဲရဲရင့်ရင့် ကစားသွားမည်ဟု...

ရှမ်းယူနိုက်တက်နှင့် BG Pathum United...

Asean Club Championship Shopee Cup 2024 - 25 ရှမ်းယူနိုက်တက်နှင့် BG Pathum United အသင်းတို့...

WHO မှ အမေရိကနုတ်ထွက်ကြောင်း ထရမ့်ပ်...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) မှ နုတ်ထွက်မည်ဆိုသည့် သူ၏ မဲဆွယ်ကတိကဝတ်ကို ကောင်းကောင်းအကောင်အထည်ဖော်နေပြီဖြစ်သည်။ ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် ထုတ်ပြန်ခဲ့သော သမ္မတအမိန့်အများအပြားတွင် ကမ္ဘာလုံးဆိုင်ရာ...
HomeNewsLocal Newsဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် အမျိုးသား...

ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် အမျိုးသား ကင်ဆာရောဂါကုသရေးဌာနဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ အမျိုးသားကင်ဆာရောဂါကုသရေးဌာနတွင် တပ်ဆင်ပြီးဖြစ်သော ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသစက်များ (Halcyon, Radixact & Vital Beam) စတင်အသုံးပြုခြင်းအခမ်းအနားကို ယနေ့တွင် ဖွင့်လှစ်ခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နစက၏ ပံ့ပိုးဦးဆောင်မှုနှင့်အတူ တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးကို အကောင်ထည်ဖော်ဆောင်ရွက်ခဲ့‌ရာမှ ကူးစက်ရောဂါများသာမက မကူးစက်နိုင်သောရောဂါများ ကာကွယ်ရေး၊ ကုသရေးကိုပါ အားဖြည့်ဆောင်ရွက်လျက် ရှိပြီး ကင်ဆာရောဂါလူနာများအတွက် အရည်အသွေးမြင့်သော ကုသမှုများကိုပြည်တွင်း၌ပင် တိုးမြှင့်ရရှိနိုင်စေရေးကိုလည်း အလေးထားဆောင်ရွက်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ‌ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းကပြောသည်။

ထို့ပြင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ ကင်ဆာရောဂါ ကုသဌာနသည် လူနာများ ဆေးကုသခံယူရန် နေရာလုံလောက်မှုမရှိခြင်း၊ အဆောက်အဦများ နေရာမလပ် များပြားနေခြင်းနှင့် မီးဘေးအန္တရာယ် စိုးရိမ်ရခြင်းတို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အမျိုးသားကင်ဆာ ရောဂါကုသရေးဌာနကို တိုးချဲ့ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အမျိုးသားကင်ဆာရောဂါကုသရေးဌာနကို စုစုပေါင်း ကျပ်သန်း (၃၂,၆၀၉.၃၁၁)ဖြင့် စီမံကိန်းလုပ်ငန်းဆောင်ရွက်နေပြီး ထပ်မံလိုအပ်ချက် အဖြစ် ငွေကျပ် (၁၄,၂၈၁.၇၇၄)သန်း တင်ပြထားရှိကာ (စုစုပေါင်း ၄၆,၈၉၁.၀၈၅သန်း အသုံးပြုပြီး) ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ အထူးအဖွဲ့(၁)မှ တာဝန်ယူဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ စီမံကိန်း၏ပထမအဆင့်အနေဖြင့် မြန်မာငွေကျပ် ၃၂.၅ ဘီလီယံတန်ဖိုးရှိ ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသစက်(၃)လုံးကို ဝယ်ယူထောက်ပံ့ ပေးထားပြီး အဆိုပါစက်များနှင့်အတူ တွဲဖက်အသုံးပြုရသည့် မြန်မာငွေကျပ် ၂.၅၅ ဘီလီယံတန်ဖိုးရှိ ဓာတ်ရောင်ခြည်ဖြင့် ကုသမှု အထောက်အကူပြုစက် (CT Simulator) (၁)လုံးကိုပါ တပ်ဆင်ပြီးဖြစ်ကြောင်း၊ ဓာတ်ရောင်ခြည်စက်ကို အသုံးပြုမည့် အထူးကုဆရာဝန်ကြီးများ၊ ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းများကိုလည်း ပြည်ပ၌ ကျွမ်းကျင်သင်တန်းများ ဆောင်ရွက်ခဲ့ပြီး ဓာတ်ရောင်ခြည်ဖြင့် ကုသစက်(၁)လုံးဖြစ်သည့် Halcyon စက်ကို ၂၀၂၄ ခုနှစ်၊ အောက် တိုဘာလ တတိယပတ်မှ စတင်၍ အသုံးပြုကာ တစ်ရက်လျှင် ကင်ဆာရောဂါ လူနာ (၆၅)ဦးအထိ တိုးချဲ့ကုသပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ယနေ့တွင် ဓာတ်ရောင်ခြည်ဖြင့်ကုသစက် စုစုပေါင်း(၃)လုံးကို ဖွင့်လှစ်နိုင်ပြီဖြစ်သည့်အတွက် တစ်ရက်လျှင် စုစုပေါင်းလူနာ (၂၀၀)ဦးအထိ ကုသပေးနိုင်တော့မည်ဖြစ်‌ကြောင်း၊ယခုကဲ့သို့ နိုင်ငံတကာအဆင့်မီ ဓာတ် ရောင်ခြည်သုံးစက် အသစ်ကြီးများ ဝယ်ယူ၊ တပ်ဆင် အသုံးပြုနိုင်မှုကြောင့် ကင်ဆာရောဂါဝေဒနာရှင် ပြည်သူများအနေဖြင့် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာ ရောဂါ ကုသမှုခံယူရန် စောင့်ဆိုင်းရချိန် လျော့နည်းလာပြီး ပြည်ပသို့ သွားရောက်၍ ဆေးကုသမှုခံယူခြင်းကြောင့် နိုင်ငံခြားငွေကုန်ကျမှုများကို လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခု၂၀၂၅ ခုနှစ်အတွင်း စီမံကိန်းလုပ်ငန်းများ အားလုံးပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ယင်းစီမံကိန်းပြီးစီးသွားပါက ကင်ဆာရောဂါ လူနာများ အနေဖြင့် ကင်ဆာရောဂါခွဲစိတ်ကုသခြင်း၊ ဆေးသွင်းကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း၊ အထူးကြပ်မတ်ကုသခြင်း၊ ဓာတ်ခွဲစမ်းသပ်ခြင်း၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်းတို့ကို တစ်နေရာတည်းတွင် တစ်ပြိုင်တည်း ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ကုသမှုခံယူရန် စောင့်ဆိုင်းနေရသော လူနာများကိုလည်း လျင်မြန်စွာ လျှော့ချပေးနိုင်မည် ဖြစ်သည်။

ကင်ဆာရောဂါကုသ ဌာနများ ရာနှုန်းပြည့် လုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ မန္တလေး ပြည်သူ့ဆေးရုံကြီး၌ ဓာတ်ရောင်ခြည် Elekta ဖြင့် ကင်ဆာရောဂါကုသစက် (Linear Accelerator) အသစ်တစ်လုံး၊ ၂၀၂၄ ခုနှစ်မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ အိန္ဒိယနိုင်ငံမှ လှူဒါန်းသော Bhabhatron စက်အသစ်တစ်လုံးတို့ကို တိုးချဲ့ တပ်ဆင် အသုံးပြုနိုင်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်အသစ်များတိုးချဲ့ဖွင့်ရန်စီစဉ်နေ

နိုင်ငံတော်အနေဖြင့် မြန်မာပြည်အထက်ပိုင်းနှင့် အောက်ပိုင်းတို့တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်များ အသစ်ဖွင့်လှစ်ရန် စီစဉ်နေကြောင်း ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၏ ပြောကြားချက်အရ သိရသည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်များ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး နေပြည်တော် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ရာပြည့်အဆောက်အအုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ နေပြည်တော်ရေဆင်းရှိ စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တို့တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ပညာရှင်များ နှစ်စဉ် သင်ကြားမွေးထုတ်ပေးလျက်ရှိသော်လည်း လိုအပ်ချက်များရှိနေသေးကြောင်း၊ နိုင်ငံတော်အနေဖြင့် မြန်မာပြည်အထက်ပိုင်းနှင့် အောက်ပိုင်းတို့တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်များ အသစ်ဖွင့်လှစ်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။ ဆက်လက်၍ ဇေယျာသီရိမြို့နယ်တွင် ဆောင်ရွက်လျက်ရှိသည့် စက်မှုလယ်ယာစနစ်ကျ...

ပြိုင်ဘက် ထိုင်းအသင်းကို ရဲရဲရင့်ရင့်ယှဉ်ပြိုင် ကစားသွားမည်ဟု မြန်မာအသင်း နည်းပြပြော

ပြိုင်ဘက် BG Pathum United (ထိုင်း) အသင်း၏ နိုင်ငံခြားသား ကစားသမားများနှင့် အရေးကြီး ကစားသမားများ၏အကြောင်း သေချာလေ့လာထားပြီး ရဲရဲရင့်ရင့် ကစားသွားမည်ဟု ရှမ်းယူနိုက်တက် နည်းပြဖြစ်သူ ဟီရိုကီ အိုနိုက ပြောသည်။ ယနေ့ ဇန်နဝါရီ (၂၁)ရက် က ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း သတင်းစာရှင်းလင်းပွဲခန်းမ၌ ပြုလုပ်သည့် ရှမ်းယူနိုက်တက်အသင်းနှင့် BG Pathum United (ထိုင်း) အသင်းတို့၏ Asean Club Championship Shopee Cup 2024 - 25...

ရှမ်းယူနိုက်တက်နှင့် BG Pathum United အသင်းတို့၏ ပွဲစဉ်တွင် ပရိတ်သတ်အတွက် လက်မှတ်စီစဉ်ပေးမည်

Asean Club Championship Shopee Cup 2024 - 25 ရှမ်းယူနိုက်တက်နှင့် BG Pathum United အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ရာ ရှမ်းယူနိုက်တက်အသင်းက ကွင်းအတွင်းလာရောက်ကြည့်ရှုမည့် ပရိတ်သတ်အတွက်လက်မှတ် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။ အဆိုပါ ပွဲစဉ်အတွက် ယနေ့ ညနေပိုင်းတွင် ပွဲကြိုသတင်းစားရှင်လင်းပွဲတစ်ရက် ပြုလုပ်မည်ဖြစ်ပြီး အသင်း (၂) သင်း၏ အကြိုလေ့ကျင့် ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ရှမ်းယူနိုက်တက် အသင်းအနေဖြင့် ယခု ယှဉ်ပြိုင်သည့် ACC ပြိုင်ပွဲကို Myanmar National League...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071