ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ဆိုင်ကယ်အသုံးပြု၍ လမ်းသွားလမ်းလာများထံမှ ဖုန်းများကိုလုယက်ခဲ့သူအား ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်ညပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း၌ ဆိုင်ကယ်အသုံးပြု၍ လမ်းသွားလမ်းလာများထံမှ ဖုန်းလုယက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သ တင်းအရ ပြစ်မှုကျူးလွန်သူအားဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာမှ နိုဝင် ဘာ ၆ ရက်ည ၆ နာရီခွဲကျော်ခန့်တွင် ရွှေပေါက္ကံမြို့သစ်နေ ဆန်းထက်ဝေ(၂၃)နှစ်အား မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေးခဲ့ကြသည်။
စစ်ဆေးချက်အရ ဖုန်းလုယက်မှုဖြစ်စဥ်များနှင့် လုယက်မှုများကျူးလွန်စဉ် စီးနင်းအသုံးပြုခဲ့သည့် Bashan (ဖြူ/ပြာရောင်)ဆိုင်ကယ်နှင့်အ တူ လမ်းသွားလမ်းလာများထံမှ လုယက်ယူ ဆောင်ကာ မြောက်ဥက္ကလာပမြို့နယ်ရှိ Mobile Point ဖုန်းရောင်းဝယ်ရေးဆိုင်တွင် ပြန်လည်ရောင်းချထားသည့် ဖုန်း(၁၅)လုံးကိုလည်းသိမ်း ဆည်းရမိခဲ့သည်။
ထို့ပြင် လုယက်မှုကျူးလွန်ရာမှရရှိသည့် ဖုန်းများအား လက်ခံဝယ်ယူသူ မင်းဇင်မောင်(ခ)ပါကြီးကိုလည်းဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့နှစ်ဦးအား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားသည်။