ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တို့၌ ဓာတ်အားဖြန့်ဖြူးထားမှုနှင့် ဓာတ်အားပျောက်ဆုံးမှုလျော့နည်းရေးဆောင်ရွက်ထားမှုတို့ကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)ဥက္ကဋ္ဌဦးအောင်ကျော်ဦးမှ နိုဝင်ဘာ ၂၃ ရက်က ကွင်းဆင်းစစ်ဆေးခဲ့သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်လျှပ်စစ်မန်နေဂျာရုံး၌ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းကျဆင်းရန် ဆောင်ရွက်လျက်ရှိသည့် ဖီဒါများအလိုက်လက်ခံယူနစ်ဖတ်ရှုထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ဓာတ်အားခွဲရုံအလိုက်ကွာခြားယူနစ်များနှင့်ပျောက်ဆုံးယူနစ်များသိရှိနိုင်စေရန် ဓာတ်အားဖြန့်ဖြူးရေးမီတာများအမြန်တပ်ဆင်ရန်နှင့်လစဉ်ယူနစ်များစနစ်တကျမှန်ကန်စွာဖတ်ရှုနိုင်ရန်လိုအပ်သည့်အဆင့်မြင့်မီတာဖတ်စက်များကို ရုံးချုပ်၌အမြန်ထုတ်ယူရန်လည်းမှာ ကြားခဲ့သည်။
ထို့ပြင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်လျှပ်စစ်မန်နေဂျာရုံးနှင့် ၆၆/၁၁ ကေဗွီ ၂၀ အမ်ဗွီအေ
ဓာတ်အားခွဲရုံတွင် ဓာတ်အားခွဲရုံများဖီဒါများအလိုက် ဓာတ်အားလက်ခံရရှိမှုဖြန့်ဖြူးထားမှုအား ကြည့်ရှုစစ်ဆေး၍ ဓာတ်အားခွဲရုံများကြံ့ခိုင်ကောင်းမွန်စေရေး၊ ဓာတ်အားပြတ်တောက်မှုနည်းပါးရေး၊ တရားမဝင်ဓာတ်အားသုံးစွဲမှုများမရှိစေရေး၊ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းကျဆင်းရေး၊ ဝင်ငွေတိုးတက်ရရှိရန် ဓာတ်အားခများကိုသတ်မှတ်နှုန်းထားများနှင့်အညီကောက်ခံရရှိရေး၊ လုံခြုံရေးအထူးဂရုပြုဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။