ဒလန်ဟု သတင်းထွက်နေသည့် မိသားစုဝင် (၄) ဦး အသတ်ခံရသည့်ဖြစ်စဉ် ကလိန်အောင် တွင် ဖြစ်ပွား
တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်ခရိုင်အတွင်း၌ ဒလန်ဟု သတင်းထွက်ပေါ်နေသည့် မိ သားစုဝင် (၄) ဦးကို လက်နက်ကိုင်အဖွဲ့တွေက ဝင်ရောက် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ထားဝယ်ခရိုင် ၊ ကလိန်အောင်မြို့၊ အင်းပြားရွာတွင် ရောက်ရှိနေသည့် ဦးလှသိန်း အပါ(၄) ဦးကို ဇွန် လ ၁၈ ရက် ညပိုင်းက နေထိုင်ရာ နေအိမ်ခြံဝင်းအတွင်း၌ လက်နက်ကိုင်အဖွဲ့များက ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်း ဖြစ် သည်။
ပစ်ခတ်မှုကြောင့် ဦးလှသိန်း(၆၂) နှစ်၊ ဒေါ်တင်သိန်း(၅၂) နှစ်၊ ကိုမင်းဝေဦး(၂၆)နှစ်၊ ကိုဟိန်းထက်အောင်(၁၅) နှစ်တို့ သေဆုံးသွားခဲ့ကြောင်း သိရသည်။
သေဆုံးသူများသည် လောင်းလုံမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စု၊ ကရင်ကြီးကျေးရွာတွင် နေထိုင်သူများ ဖြစ်ပြီး ပစ်ခတ်သတ်ဖြတ်ခြင်း ခံရသည့် ကျေးရွာသို့ ပြောင်းရွှေ့လာသည်မှာ လပိုင်းမျှသာ ရှိသေးကြောင်း သိရသည်။
ပစ်ခတ်မှုတွင် အသက် (၅) နှစ် ဝန်းကျင် ကလေးငယ်တစ်ဦးကိုသာ လွှတ်ပေးခဲ့ကြောင်းနှင်း သေဆုံးသူများ၏ ရုပ်အလောင်းများကို ကလိန်အောင်မြို့ ရင်ခွဲရုံကို ပို့ဆော င်ထား ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုကို ကလိန်အောင်မြို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ တစ်ဖွဲ့မှ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။