ဒါရိုက်တာမောင်သီ ဖမ်းဆီးခံရ
ရန်ကုန်မြို့ စမ်းချောင်းမှာ နေထိုင်တဲ့ ဒါရိုက်တာမောင်သီ(ခ)ဦးသန်းလွင်ကို ရဲနဲ့စစ်သားတွေက နေအိမ်ကိုလာရောက်ပြီး ဖမ်းဆီးထိန်းသိမ်းသွားတယ်လို့ သိရပါတယ်။
နစကပြန်ကြားရေးကတော့ ၂၀၂၂ ဇန်နဝါရီ၂၂ရက် က နိုင်ငံပိုင်မီဒီယာတွေကနေ အသိပေး ထုတ်ပြန်ထားချက်တွေကို မျက်ကွယ်ပြုပြီး နိုင်င့တော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေအေင် ရည်ရွယ် လှုံဆော်၊ဝါဒဖြန့်ဖြူးတာတွေ လုပ်ခဲ့လို့ ဖမ်းဆီးထိန်းသိမ်းတယ်လို့ သတင်းထုတ်ပြန်ထားတာရှိပါတယ်။
ဒါရိုက်တာမောင်သီအ ဖမ်းခံရတာနဲ့ ပါတ်သတ်ပြီး ထုတ်ပြန်ထားတာမှာ ဒါရိုက်တာမောင်သီလိုပဲ ကမာရွက်မှာနေတဲ့ အမျိုးသမီးတစ်ဦး၊မအူပင်တာကောက်ရွာမှာနေတဲ့ လူငယ်တစ်ဦး၊ဒဂုံတောင်မှာနေတဲ့ အမျိုးသားတစ်ဦးတို့ ဖမ်းခံလိုက်ရတာတွေ့ရပါတယ်။
ဘယ်ပုဒ်မနဲ့ အမှုဖွင့်ထားသလဲ ဆိုတာတော့ မသိရပါဘူး။