ဒုတိယအသုတ် တရုတ်အစိုးရက ပေးအပ်သည့် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့ရေးပစ္စည်းများမှာ ယမန်နေ့ ဧပြီ (၃)ရက် မွန်းလွဲပိုင်းအချိန်က မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီဖြစ် ကြောင်း သိရသည်။
အဆိုပါ အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီထောက်ပံ့ရေး ပစ္စည်းများမှာ ရွက်ဖျင်တဲ (၈၀၀) ခု၊ စောင် (၂,၀၀၀) ထည်၊ ဘီစကစ် သေတ္တာ (၃,၀၀၀) နှင့် ရေသန့် သေတ္တာ (၂,၀၀၀) စသည်တို့ ပါဝင်ပြီး သဘာဝဘေးသင့်ဒေသသို့ နေ့ချင်း ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အရေးပေါ် လူသားချင်းစာနထောက်ထားမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေးပစ္စည်းများမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး၊ တရုတ်သံရုံးမှ သံမှူးကြီး Mr. Ouyang Daobing နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းတို့က လေဆိပ်တွင် ကြိုဆိုခဲ့ကြကြောင်း သိရသည်။