ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီး၏ စျာပန
ဘာကင်ဟမ်နန်းတော်က ကွယ်လွန်သူ ဘုရင်မကြီး၏ နောက်ဆုံးခရီး၏ အသေးစိတ်အချက်အလတ်အချို့ကို ထုတ်ပြန်ခဲ့ရာစျာပနအစီစဥ်ကိုယျေဘုယျအားဖြင့်အောက်ပါအတိုင်းသိရှိထားသည်။
ဘုရင်မကြီးသည် သူမ၏ စကော့တလန်နိုင်ငံရှိ Balmoral ရဲတိုက်တွင်ကြာသပတေးနေ့ကကွယ်လွန်ချိန်သွားခဲ့သည်။ သူမ၏ ဈာပနကို လန်ဒန်တွင် ကျင်းပမည်ဖြစ်ပြီး ဝင်ဆာတွင် သင်္ဂြိုဟ်မည်ဖြစ်သည်။
တနင်္ဂနွေ နံနက် ၁၀ နာရီတွင် ဘုရင်မကြီး၏ ရုပ်အလောင်းအား ဗြိတိန်တော်ဝင်မိသားစု၏ စကော့တလန် ရှိအီဒင်ဘာ့ဂ်နန်းတော်သို့ သယ်ဆောင်သွားမည်ဖြစ်သည်။
တနင်္လာနေ့တွင် ထိုနန်းတော်မှ St Giles’s Cathedral သို့ လှည့်လည်သယ်ဆောင်မည်ဖြစ်သည်။ထိုနေရာတွင်အင်္ဂါနေ့အထိထားရှိကာ ဂါရဝပြုခံမည်ဖြစ်သည်။
ထို့နောက် ရုပ်ကလာပ်အား အီဒင်ဘာ့ဂ် မှ လန်ဒန်ရှိ ဘာကင်ဟမ် နန်းတော်သို့ သယ်ဆောင်မည်ဖြစ်သည်။
ဗုဒ္ဓဟူးနေ့တွင် ဘာကင်ဟမ်နန်းတော်မှ ဝက်စ်မင်စတာခန်းမသို့ ထပ်မံပြောင်းရွှေ့မည်ဖြစ်သည်။ထိုနေရာတွင် ၄ရက်တာထားရှိပြီး ပြည်သူများလာရောက်ဂါရဝပြုနိုင်ရန်စီစဥ်ထားရှိမည်။
နိုင်ငံတော်ဈာပနသည် စက်တင်ဘာ ၁၉ ရက် တနင်္လာနေ့တွင် ပြီးဆုံးမည်ဖြစ်သည်။
စက်တင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီ ၄၄ မိနစ်တွင် ဈာပနအခမ်းအနားဖြင့် ရုပ်အလောင်းအား ဝက်စ်မင်စတာနန်းတော်မှ ဝက်စ်မင်စတာ ဘုရားကျောင်း သို့ သယ်ဆောင်သွားပြီးနိုင်ငံတော်ဈာပန အခမ်းအနားကျင်းပမည်ဖြစ်သည်။
ဈာပနအခမ်းအနားအပြီးတွင် ရုပ်ကလာပ်အား ဝက်စ်မင်စတာ ဘုရားကျောင်းမှ ဝယ်လင်တန်အာ့ချ်၊ထိုမှတဆင့် ဝင်ဆာ၊ထို့နောက်နိဗ္ဗာန်ယာဉ်သည်ဝင်ဆာရဲတိုက်ရှိ ရှိ စိန့်ဂျော့ချ် ဘုရားကျောင်းသို့ ပို့ဆောင်မည်ဖြစ်ပါသည်။
ထိုဘုရားကျောင်းရှိ ဆဌမမြောက်ဂျော့ချ်ဘုရင် အောက်မေ့ဖွယ် ကျောင်းဆောင်တွင်ဘုရင်မကြီး၏ ခေါင်းတလားကိုမြုပ်နှံထားရှိသွားမည်ဖြစ်သည်။
Source: CNN