နစက မှ ဒု-ဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီး (၂)ဦးကို ခန့်အပ်တာဝန်ပေးခဲ့ကြောင်း ယနေ့ ဒီဇင်ဘာ ၁၈ ရက်က နစက အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။
နစက၏ အမိန့်အမှတ် ၅၂/၂၀၂၄ ဖြင့် ဗိုလ်ချုပ်ကြီးတင်အောင်ဆန်းအား ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။
ထို့အတူ အမိန့်အမှတ် ၅၃/၂၀၂၄ ဖြင့် ဗိုလ်ချုပ်ကြီး မောင်မောင်အေးအား ဒု-ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။
ယနေ့ ညနေပိုင်းတွင်လည်း တပ်မတော်ထိပ်ပိုင်းရာထူးများ အပြောင်းအလဲရှိကြောင်း လူမှုကွန်ရက်သတင်းများတွင် ဖော်ပြနေကြသည်ကို တွေ့ရှိရသည်။