ဒူတာတေး၏သမီး ဆာရာဒူတာတေးဖိလစ်ပိုင် ဒုသမ္မတအဖြစ်ကျမ်းသစ္စာကျိမ်ဆို
မနီလာ၊ဇွန် ၁၉
ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး၏သမီးဖြစ်သူ ဆာရာဒူတာတေးကာပီရိုသည်နိုင်ငံ၏ ၁၅ ဦးမြောက် ဒုတိယသမ္မတအဖြစ် ဇွန်လ ၁၉ ရက်က ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး သဘောထားကွဲလွဲမှုများရှိခဲ့သော ရွေးကောက်ပွဲ မဲဆွယ်မှုများအပြီး အမျိုးသားပြန်လည်စည်းလုံးညီညွတ်မှုရရှိရန်တောင်းဆိုခဲ့သည်။
“ရှေ့ဆက်ရမဲ့ခရီးမှာ စိန်ခေါ်မှုတွေပြည့်နှက်နေမှာမို့ နိုင်ငံသားချင်းစည်းလုံးဖို့လိုအပ်ပါတယ်” ဟုသူမရဲ့ဇာတိမြို့ Davao ၌မိဘများနဲ့အတူ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားတွင်ပြောကြားခဲ့သည်။
အသက် ၄၄ နှစ်အရွယ်ရှိ ဒူတာတေးကာပီယိုသည် မေလ ၉ ရက် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး ဇွန်လ၃၀ရက်တွင် နိုင်ငံ၏ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမည့် ဂျူနီယာဖာဒီနန်မားကို့စ်နှင့်အတူ တွဲကာ ရွေးကောက်ပွဲဝင်ခဲ့ပြီး ထိုစဥ်က အမျိုးသမီး ဒုသမ္မတ ရော်ဘရီဒို နှင့်အပြိုင် မဲဆွယ်ခဲ့ကြသည်။
၎င်းတို့နှစ်ဦးစလုံးသည် ဆယ်စုနှစ်များအတွင်း မမြင်ခဲ့ဖူးသော အနိုင်မျိုးဖြင့် အပြတ်အသတ်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။၎င်းတို့နှစ်ဦး၏မဟာမိတ်များကိုပါ ဒေသန္တရနှင့်အစိုးရရာထူးများပေးခြင်းဖြင့်စည်းလုံးညီညွတ်အောင်လုပ်ဆောင်ခဲ့သည်။
သူမသည်အစောပိုင်းတွင် ဆရာဝန်တစ်ဦးဖြစ်ချင်ခဲ့သော်လည်း နောက်ပိုင်းတွင်နိုင်ငံရေးလမ်းကြောင်းပေါ် ဆက်လက် လျှောက်လှမ်းခဲ့ပြီး ၂၀၁၀ တွင် သူမဖခင်၏အမွေကို ဆက်ခံကာ Davao ၏ပထမဆုံးအမျိုးသမီးမြို့တော်ဝန်ဖြစ်လာခဲ့သည်။
“ပြည်သူ့အသံကိုနားထောင်ပြီး ပြည်သူဘာလိုအပ်တယ်ဆိုတာ ဖြည့်ဆည်းပေးချင်တဲ့ဆန္ဒနဲ့သာ တာဝန်ထမ်းဆောင်ပေးမယ်ဆိုရင် ကျွန်မတို့တိုင်းပြည်ဟာ အနာဂတ်မျှော်လင့်ချက်၊ လုံခြုံမူ၊အားသာချက်များမူ၊ တည်ငြိမ်မှုနှင့်တိုးတက်မှုတွေဆီကို ဦးတည်သွားလိမ့်မယ်လို့ ကျွန်မယုံကြည်ပါတယ်” ဟု မားကိုစ့်အစိုးရ၏ ပညာရေးအတွင်းဝန်အဖြစ်လည်း တာဝန်ထမ်းဆောင်မည့် ဒူတာတေးကာပီရိုကဆိုခဲ့သည်။
Source – Reuters/gr