ဒူးဒဏ်ရာခွဲစိတ်မှုကြောင့် အနားယူထားသည့် တိုက်စစ်မှူး အောင်သူ ယမန်နေ့ထိုင်းလိဂ်ပွဲစဉ်အတွင်း ပြန်လည်ပါဝင်လာခဲ့ပြီဖြစ်သည်။
ယမန်နေ့က ၎င်း ပါဝင်ကစားနေသည့် ဥထိုင်းဌာနီအသင်းနှင့် ပေါ့အက်(ဖ်)စီအသင်းတို့၏ ပွဲစဥ်အတွင်း ဒုတိယပိုင်း (၆၈) မိနစ်တွင် လူစားထိုး ကစားခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။
တိုက်စစ်မှူး အောင်သူအနေဖြင့် ဂိုးသွင်းယူမည့်အခြေအနေနှစ်ကြိမ်ကြိုးစားခဲ့သည်ကို တွေ့ရပြီး ဒုတိယအကြိမ်တွင် ဂိုး တိုင်နှင့် ထိမှန်ခဲ့သည်အထိ သွင်းဂိုးရနိုင်ခြေဖြင့် နီးစပ်ခဲ့သည်ကို တွေ့ရသည်။
ပွဲစဥ်အတွင်း တစ်ဘက်တစ်ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့ကာ လက်ရှိအမှတ်ပေးဇယားရပ်တည်မှုအရ ဥထိုင်းဌာနီအသင်းသည် အဆင့်(၈)နေရာ၌ ရပ်တည်နေသည်။
တိုက်စစ်မှူး အောင်သူသည် ထိုင်းလိဂ် (၂)အသင်း တစ်သင်းဖြစ်သည့် လန်ချန်ဘူရီအသင်းနှင့် ကစားအပြီး ဒူးဒဏ်ရာကြောင့် အနားယူခဲ့ရခြင်းဖြစ်ပြီး ယခုပွဲစဥ်(၁၄)ဖြစ်သည့် ပေါ့အက်(ဖ်)စီအသင်းနှင့် ပွဲစဉ်အတွင်း ပြန်လည် ပါဝင်လာခြင်းလည်းဖြစ်သည်။