ဒေါ်အောင်ဆန်းစုကြည်အား ရွေး ကောက်ပွဲမလျော်သြဇာသုံးမှုဖြင့် ရုံးထုတ်စစ်ဆေး
ဒေါ်အောင်ဆန်းစုကြည်အား ဇွန် ၂၄ ရက်(ယနေ့)တွင် နေပြည်တော်အချုပ် ထောင်တွင်းအထူးတရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ကြောင်း ရှေ့နေအသိုင်းအ ဝိုင်းမှ သိရသည်။
ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား ဦးဝင်းမြင့်၊ဦးမင်းသူတို့နှင့်အတူ တရား စွဲဆိုခံထားရသည့် ရွေးကောက်ပွဲဆိုင်ရာမလျော်သြဇာသုံးမှုဖြင့် ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၃၀(က)ဖြင့်တရားစွဲဆိုခံထားရသည့်အမှုအတွက် စစ်ဆေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
နေပြည်တော်အချုပ်ထောင်တွင်းသို့ ဇွန် ၂၂ ရက်တွင် ပို့ဆောင်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အား ပထမအ ကြိမ်အဖြစ် ဇွန် ၂၃ ရက်တွင် ရုံးထုတ်စစ်ဆေးခဲ့ပြီးနောက် ယနေ့တွင်ထပ်မံရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်ကာ အချုပ်ထောင်တွင်း၌ သီးခြားထားရှိကြောင်း သိရသည်။
“ဒီနေ့နဲ့မနေ့က ရုံးထုတ်ကိုလာတဲ့အချိန်မှာတည်တည်ငြိမ်ငြိမ်နဲ့ပဲ ရင်ဆိုင်သွားတယ်လို့ပြန်သိရပါတယ် ကျန်းကျန်းမာမာလည်းရှိပါတယ်”တရားရုံးနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှသိရသည်။
ယနေ့ စစ်ဆေးခဲ့သည့် အမှုအတွက် နောက်ရုံးချိန်းအား သြဂုတ် ၁ ရက်သို့ပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရသည်။