Home News Local News ဒေါ်အောင်ဆန်းစုကြည်၏ ခြံအမှတ် (၅၄) နေအိမ်ကို တတိယအကြိမ် လေလံတင်မည်

ဒေါ်အောင်ဆန်းစုကြည်၏ ခြံအမှတ် (၅၄) နေအိမ်ကို တတိယအကြိမ် လေလံတင်မည်

0
88

ဒေါ်အောင်ဆန်းစုကြည် နေထိုင်သည့် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄) နေအိမ်ကို လေလံဈေး (၃)ဘီလျံ လျှော့ချကာ (၂၉၇) ဘီလျံဖြင့် ဖေဖော်ဝါရီလ (၆) ရက်၌ လေလံတင် ရောင်းချသွားမည်ဟု သိရသည်။

အဆိုပါ နေအိမ်နှင့်ခြံကို (၂)ကြိမ်တိတိ လေလံတင်ရောင်းချခဲ့ပြီးသော်လည်း ဝယ်ယူသူမရှိသေးသောကြောင့် ဈေးလျှော့၍ ထပ်မံလေလံတင်ရန် ဦးအောင်ဆန်းဦးဘက်က တရားရုံးကို ထပ်မံတင်ပြထားခြင်းဖြစ်ကာ မူလကြမ်းခင်းဈေး ငွေကျပ် (၃၀၀) ဘီလျံမှ (၁၀) ဘီလျံ လျှော့ချပြီး ဘီလျံ (၂၉၀) သတ်မှတ်ပေးရန် ဦးအောင်ဆန်းဦးဘက်က တင်ပြထားခြင်းဖြစ်သည်။

သို့သော် ယင်းသို့တင်ပြချက်ကို တရားရုံးက ပယ်ချပြီး (၃) ဘီလျံ လျှော့ချသတ်မှတ်လိုက်ကာ (၂၉၇) ဘီလျံဖြင့် ရောင်းချသွားရန် ဆုံးဖြတ်ပေးထားပြီး ရှေ့လတွင် လေလံတင်မည် ဖြစ်သည်။

ရန်ကုန်မြို့တွင် ခြံအမှတ် (၅၄) ဟု ကျော်ကြားသည့် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ အိမ်ကို ကျပ်ငွေ (၃၁၅)ဘီလီယံဖြင့် တစ်ကြိမ်၊ (၃၀၀) ဘီလီယံဖြင့် တစ်ကြိမ် လေလံ တင်ရောင်းချခဲ့ရန် ကမာရွတ်မြို့နယ် တရားရုံးက ယခုနှစ် ဇန်နဝါရီ (၂၅)က အမိန့်ချမှတ်ထားခြင်းဖြစ်ကာ လက်ရှိအချိန်ထိ လေလံဆွဲ ဝယ်ယူသူ မရှိသေးခြင်း ဖြစ်သည်။

ခြံအမှတ် (၅၄) ၏ ဧရိယာအကျယ်အဝန်းမှာ (၁.၉၂၃) ဧက ကျယ်ဝန်းကြောင်းသိရကာ စတုရန်းပေ (၈၃၇၆၅.၈၈) ပေ ရှိကြောင်းလည်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here